Wednesday, December 18, 2019

ဆရာမ နှင်းနု ကို ယနေ့ ရုံးချိန်းမှာ စစ်မေးတော့မည်

Image may contain: 5 people, outdoor
နေပြည်တော်၊ဒီဇင်ဘာလ- ၁၈ ရက်။ဗစ်တိုးရီးယားအမှုမှာ သက်သေအဖြစ်ပါဝင်နေတဲ့ Wisdom Hill မူကြိုကျောင်းမှ ဆရာမ နှင်းနုကို သည်ကနေ့ (၁၃) ကြိမ်မြောက်ရုံးချိန်းမှာ စစ်ဆေးမေးမြန်းသွားမှာ ဖြစ်ပါတယ်။

ရှေ့နေ ဒေါ်ရွက်နုအောင်က"ဆရာမ နှင်းနုကို စစ်မေးမယ်ဆိုတော့ ဘယ်လိုပြောရမလဲ အခြေအနေပြန်ကြည့်ရမှာပေါ့လေ။ ကျွန်မ သိပ်တော့ အများကြီးမမျှော်လင့်ပါဘူး။ဒီကနေ့စစ်ပြီးပြီဆိုရင် ကျောင်းက သက်သေတွေအားလုံး ကုန်သလောက်ရှိသွားပါပြီ"လို့ ဒီကနေ့ ရုံးချိန်းမစခင် မီဒီယာတွေကို ပြောပါတယ်။
ပြည်သူတွေ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဆရာမ နှင်းနုဟာ တရားခွင်မှာ ဘာတွေ ထွက်ဆိုသွားမလဲဆိုတာတော့ သည်ကနေ့ ရုံးချိန်းအပြီးမှာ သိရှိနိုင်မှာ ဖြစ်ပါတယ်။သည်ကနေ့ ရုံးချိန်းမှာ ဆရာမ နှင်းနု အပြင် နောက်ထပ် ဆရာမ နှစ်ဦးကိုလည်း စစ်ဆေးမေးမြန်းသွားမှာ ဖြစ်ပါတယ်။
အခုဆိုရင် ဗစ်တိုးရီးယားအမှုဟာ (၁၂ )ကြိမ်မြောက်ရုံးချိန်းအထိ ပြီးစီးပြီဖြစ်ကာ သက်သေ ၁၆ ဦးအထိ စစ်ဆေးမေးမြန်းပြီး ဖြစ်ပါတယ်။
Image may contain: 1 person, standing, tree, outdoor and nature
Image may contain: 1 person, car, sky and outdoor
Image may contain: 2 people, people standing, child, tree, shoes and outdoor
Image may contain: 3 people, people smiling, people standing, suit, child and outdoor
Image may contain: 1 person, sky, tree and outdoor
Image may contain: 4 people, people standing and outdoor
Author/Photo - မာရီခိုင်

No comments:

Post a Comment

My Blog List