Thursday, December 19, 2019

ဗစ်တိုးရီးယားလေးအမှုကိစ္စ ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲလုပ်မည်


ဗစ်တိုးရီးယားလေးအမှုကိစ္စနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ် နက်ဖြန်တွင်ပြုလုပ်မည်ဖြစ်ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲအား ရဲဇာနည် facebook page မှ live ထုတ်လွှင့်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ည၁၀နာရီ ၄၅မိနစ်အချိန်တွင် ထုတ်ပြန်ကြေညာသည်။

သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်၊ ရုံးအမှတ်(၈)၊ အရိန္ဒမာခန်းမတွင် ၁၉-၁၂-၂၀၁၉ (ကြာသပတေးနေ့) နေ့လည် ၁ နာရီအချိန်၌ ပြုလုပ်မည်ဖြစ်သည်။
ဗစ်တိုးရီးယားအမှုမှ စွပ်စွဲခံကိုအောင်ကြီးကို ရုံးတော်က ယနေ့ တရားရှင်လွှတ်လိုက်အပြီး ရဲဘက်က သတင်းစာရှင်းလင်းပွဲလုပ်လိုက်ခြင်းဖြစ်သည်။
ကိုအောင်ကြီးကို ရုံးတော်က ကနဦးသက်သေခံချက် မပေါ်ပေါက်ခဲ့သည့်အတွက် စွပ်ချက်မတင်ဘဲ ပြန်လွှတ်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ရက်နေ့က ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က “ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် Victoria အမှုနှင့်ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များအပါအဝင် အခြားအခြားသောအထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့် အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ပါကြောင်း။ CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး ယနေ့ BBC Facebook သတင်းမဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံမှ တရားဝင်လက်မှတ်ရေးထိုးပြန်ကြားသော သက်သေခံဆေးစာလည်း မပျောက်ပါသဖြင့် တရားရုံးသက်သေခံတင်ပြီးပါကြောင်း၊ မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် မည်သည့်ဘက်မှမလိုက်ဘဲ စစ်ဆေးခဲ့ပါကြောင်း။အချို့က မိမိစိတ်အထင်ဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားများ၊Victoria အတွက် အလှူခံသည်ဟုအကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့် ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက်စိစစ်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ပါကြောင်း။Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိလျင်တော့ မပြောလိုပါ။ ရိုးသားမှုမရှိလျင် လက်မခံဘဲ စိစစ်အရေးယူပါမည်။“ စသည်ဖြင့် သတင်းထုတ်ပြန်ထားဖူးသည်။
Myanmar Harp

No comments:

Post a Comment

My Blog List