Monday, December 16, 2019

ဒေါ်စုဒါလီအောင် အမှုအား ချေဖျက်ရန်အတွက် တိုင်းဒေသကြီး တရားလွှတ်တော်မှ ကြားနာရန် လက်ခံ

Wisdom Hill ကျောင်း မှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင် မှ ဗစ်တိုးရီးယားလေး အမှု မှ သံသယတရားခံဟု ယူဆထားသည့် ယာဉ်မောင်းအောင်ကြီးဘက်မှ အမှု လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင် အား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ ဖြင့် ပုပ္ဗသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး အမှုအားချေဖျက်ရန် အတွက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ တင်ပြထားရာ တိုင်းဒေသကြီးလွှတ်တော်မှ ကြားနာရန် လက်ခံထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုး ကပြောသည်။
“ဒီအမှုကို ချေဖျက်ဖို့ အတွက် ကျွန်တော်တို့ က အမှုတွဲတင်တယ်။တင်တာကို ကြားနာ လက်ခံမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာ ကြားနာမယ့် ရက်ကိုတော့ မပြောသေးဘူး။သူကတော့ လိုင်းပေါ်ကနေ နှစ်ပတ်အလိုမှာ ဘယ်နေ့ ကြားနာမယ်ဆိုတာ ထုတ်ပြန်ပေးတယ်။အဲ့ ကြေညာချက်ပေါ်မှာ ကျွန်တော်တို့က လျှောက်လွှဲချက်သွားပေးရမှာပေါ့”ဟု ဦးအောင်ကျော်စိုးကပြောသည်။
အမှုအားချေဖျက်ရန် တိုင်းဒေသကြီးလွှတ်တော်မှ ကြားနာမှုကို လက်ခံလိုက်သော်လည်း ကပုပ္ဗသီရိမြို့နယ် တရားရုံးက မစစ်ဆေးနိုင်သည့် တိုင်အောင် ရုံးချိန်းများကိုတော့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ရုံးချိန်းသည် ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးအား စစ်ဆေးမည့်ရုံးချိန်းဖြစ်သော်လည်း တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်မှ ခွင့်တိုင်ကြားသည့် အတွက် စစ်ဆေးမေးမြန်းမှု များလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ။
________________________________________
(Zawgyi)
ဒေါ်စုဒါလီအောင် အမှုအား ချေဖျက်ရန်အတွက် တိုင်းဒေသကြီး တရားလွှတ်တော်မှ ကြားနာရန် လက်ခံ
ဒီဇင္ဘာ ၁၆
ယဉ်ကေနွယ်

Wisdom Hill ကျောင်း မှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင် မှ ဗစ်တိုးရီးယားလေး အမှု မှ သံသယတရားခံဟု ယူဆထားသည့် ယာဉ်မောင်းအောင်ကြီးဘက်မှ အမှု လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင် အား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ ဖြင့် ပုပ္ဗသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး အမှုအားချေဖျက်ရန် အတွက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ တင်ပြထားရာ တိုင်းဒေသကြီးလွှတ်တော်မှ ကြားနာရန် လက်ခံထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုး ကပြောသည်။
“ဒီအမှုကို ချေဖျက်ဖို့ အတွက် ကျွန်တော်တို့ က အမှုတွဲတင်တယ်။တင်တာကို ကြားနာ လက်ခံမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာ ကြားနာမယ့် ရက်ကိုတော့ မပြောသေးဘူး။သူကတော့ လိုင်းပေါ်ကနေ နှစ်ပတ်အလိုမှာ ဘယ်နေ့ ကြားနာမယ်ဆိုတာ ထုတ်ပြန်ပေးတယ်။အဲ့ ကြေညာချက်ပေါ်မှာ ကျွန်တော်တို့က လျှောက်လွှဲချက်သွားပေးရမှာပေါ့”ဟု ဦးအောင်ကျော်စိုးကပြောသည်။
အမှုအားချေဖျက်ရန် တိုင်းဒေသကြီးလွှတ်တော်မှ ကြားနာမှုကို လက်ခံလိုက်သော်လည်း ကပုပ္ဗသီရိမြို့နယ် တရားရုံးက မစစ်ဆေးနိုင်သည့် တိုင်အောင် ရုံးချိန်းများကိုတော့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ရုံးချိန်းသည် ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးအား စစ်ဆေးမည့်ရုံးချိန်းဖြစ်သော်လည်း တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်မှ ခွင့်တိုင်ကြားသည့် အတွက် စစ်ဆေးမေးမြန်းမှု များလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ။
#TheFifthWaveNews

No comments:

Post a Comment

My Blog List