Friday, December 20, 2019

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင်မှုမရှိဟု ရဲတပ်ဖွဲ့တာဝန်ရှိသူပြော

Image may contain: 1 person
ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အပေါ် နောက်ကွယ်မှ ကြိုးကိုင်ခြင်း၊ ထိန်းချုပ်ခြင်း လုံးဝမရှိကြောင်း မှုခင်းရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ရဲမှူးကြီးမင်းဟန်က ပြောသည်။

“အတတ်နိုင်ဆုံး ဖြောင့်ဖြောင့်တန်းတန်းပဲ လျှောက်တယ်။ ဘယ်သူကမှ နောက်ကကြိုးကိုင်တာ ထိန်းချုပ်တာ လုံးဝမရှိပါဘူး။ မှုခင်းတပ်ဖွဲ့စစ်တယ်။ မှုခင်းတပ်ဖွဲ့ကလည်း သူ့ဟာသူ လွတ်လွတ်လပ်လပ်ပဲ ဆောင်ရွတ်တာ။ ကျွန်တော်တို့ရဲတပ်ဖွဲ့ကနေ လုံးဝချုပ်ကိုင်မှုမရှိပါဘူး။ ဒါကတော့ရဲရဲဝံ့ဝံ့ ကျွန်တော်ပြောရဲပါတယ်"ဟု ရဲမှူးကြီးမင်းဟန်က ပြောသည်။
ဒီဇင်ဘာ ၁၉ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် ဗစ်တိုးရီးယားအမှုကိစ္စနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ရဲမှူးကြီး မင်းဟန်က အထက်ပပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့အနေဖြင့် ယခုချိန်ထိ လုပ်ကြံဖန်တီးထားခြင်းမရှိဘဲ ယင်းအမှုကို ရိုးရိုးသားသား စုံစမ်းစစ်ဆေး ဖော်ထုတ်နေခြင်းဖြစ်ကြောင်းလည်း ရဲမှုူးကြီးမင်းဟန်က ပြောကြားခဲ့သည်။
နေပြည်တော်သပြေကုန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Wisdom Hill ပုဂ္ဂလိမူကြိုကျောင်းတွင် တက်ရောက်နေသည့် ၃နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မေလ၁၆ရက်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုခံခဲ့ရသောကြောင့် မိခင်ဖြစ်သူကိုယ်တိုင် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှု ၏ ၁၃ကြိမ်မြောက်ရုံးချိန်းထိ တရားလိုပြသက်သေ (၁၉)ဦးကိုစစ်ဆေးမှုအပြီးတွင် သံသယ တရားခံဟု ယူဆထားသည့် ယာဉ်မောင်းအောင်ကြီးကို တရားသူကြီးက တရားရှင်လွှတ်ရန်ဆုံးဖြတ်ခဲ့သည်။
Unicode
ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင်မှုမရှိဟု ရဲတပ်ဖွဲ့တာဝန်ရှိသူပြော
ဒီဇင်ဘာ ၂၀
ယဉ်ကေနွယ်

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အပေါ် နောက်ကွယ်မှ ကြိုးကိုင်ခြင်း၊ ထိန်းချုပ်ခြင်း လုံးဝမရှိကြောင်း မှုခင်းရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ရဲမှူးကြီးမင်းဟန်က ပြောသည်။
“အတတ်နိုင်ဆုံး ဖြောင့်ဖြောင့်တန်းတန်းပဲ လျှောက်တယ်။ ဘယ်သူကမှ နောက်ကကြိုးကိုင်တာ ထိန်းချုပ်တာ လုံးဝမရှိပါဘူး။ မှုခင်းတပ်ဖွဲ့စစ်တယ်။ မှုခင်းတပ်ဖွဲ့ကလည်း သူ့ဟာသူ လွတ်လွတ်လပ်လပ်ပဲ ဆောင်ရွတ်တာ။ ကျွန်တော်တို့ရဲတပ်ဖွဲ့ကနေ လုံးဝချုပ်ကိုင်မှုမရှိပါဘူး။ ဒါကတော့ရဲရဲဝံ့ဝံ့ ကျွန်တော်ပြောရဲပါတယ်"ဟု ရဲမှူးကြီးမင်းဟန်က ပြောသည်။
ဒီဇင်ဘာ ၁၉ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် ဗစ်တိုးရီးယားအမှုကိစ္စနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ရဲမှူးကြီး မင်းဟန်က အထက်ပပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့အနေဖြင့် ယခုချိန်ထိ လုပ်ကြံဖန်တီးထားခြင်းမရှိဘဲ ယင်းအမှုကို ရိုးရိုးသားသား စုံစမ်းစစ်ဆေး ဖော်ထုတ်နေခြင်းဖြစ်ကြောင်းလည်း ရဲမှုူးကြီးမင်းဟန်က ပြောကြားခဲ့သည်။
နေပြည်တော်သပြေကုန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Wisdom Hill ပုဂ္ဂလိမူကြိုကျောင်းတွင် တက်ရောက်နေသည့် ၃နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မေလ၁၆ရက်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုခံခဲ့ရသောကြောင့် မိခင်ဖြစ်သူကိုယ်တိုင် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှု ၏ ၁၃ကြိမ်မြောက်ရုံးချိန်းထိ တရားလိုပြသက်သေ (၁၉)ဦးကိုစစ်ဆေးမှုအပြီးတွင် သံသယ တရားခံဟု ယူဆထားသည့် ယာဉ်မောင်းအောင်ကြီး ကို တရားသူကြီးက တရားရှင်လွှတ်ရန်ဆုံးဖြတ်ခဲ့သည်။

No comments:

Post a Comment

My Blog List