Friday, December 20, 2019

ဗစ်တိုးရီးယားကိစ္စ ရဲတပ်ဖွဲ့ထုတ်ဖော်ပြောဆိုမှု မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မလဲ ဟု လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်


Image may contain: 2 people
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဗစ်တိုးရီးယားလေး ကိစ္စအား ထုတ်ဖော်ပြောကြားမှုအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမလဲဟု ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငာ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌဖြစ်သူ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်က ပြောဆိုလိုက်သည်။
“ကျွန်မတို့လည်း စဉ်းစားပါတယ်။လုံး၀ မသိတာလား။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို လုံး၀ မသိတာလား။ ဒါတော့ မဖြစ်လည်း မဖြစ်သင့်ဘူး။ မဖြစ်လည်း မဖြစ်နိုင်ဘူးလို့ ကျွန်မတို့ ယူဆတယ်။ နောက်တချက်ကတော့ ဘာကြောင့်လဲ ဘာကြောင့် ဒီလို ထုတ်ပြန်လိုက်တာလဲ။ အခု တော့ အဲ့ဒီ ပေ့စ်မှာ ဖြုတ်ချလိုက်ပါပြီ ။ အခု မနက်မှာတော့ မတွေ့တော့ပါဘူး။ဖြုတ်တော့ ဖြုတ်ချလိုက်ပြီ သို့သော် တော်တော်များများပျံ့နှံ့သွားပြိဖြစ်တဲ့ အတွက် ဒီ သမီးငယ်လေး အတွက် အလွန် ပဲ နစ်နာတ ယ်။ သူ့မိဘတွေလည်း ထိခိုက်ခံစားကြရတယ်။ဒါဆိုလို့ရှိရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ဘယ်လို ဆက်လက် ပြီးတော့ ဆောင်ရွက်မှာလဲ။ ဘယ်အဆင့်ကနေ ထုတ်ပြန်လိုက်တာလဲ။ တာဝန်ရှိသူအဆင့်ဆင့် ကဘယ်လို အရေးယူဆောင်ရွက်ပေးမလဲဆိုတာ မေးရမဲ့ အနေအထား ရှိလာပါပြီ”ဟု ဒေါက်တာဒေါ်ခင်စိုးစိုးကြည် ကပြောသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်၍လည်း ဆက်လက်လုပ်ဆောင်မှုများကို ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် တွေ့ဆုံဆွေးနွေးပြိး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ တွင် ပြစ်မှု ပြစ်ဒဏ် အနေဖြင့် ထောက်ဒဏ်လေးလ ကနေ တစ်နှစ် အထိ ချနိုင်ကြောင်း၊ ငွေဒဏ် အနေဖြင့်လည်း ငွေကျပ် လေးသိန်း ကနေ ၆ သိန်း အထိ ဖြစ်စေ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချနိူုင်ကြောင်း ပါရှိသည်။

ဗစ်တိုးရီးယားလေး အမှုနှင့် ပတ်သက်ပြိး ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာန ချုပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ပြီး ထိုသို့လုပ်ဆောင်နေသည့် အချိန်တွင် ကလေးငယ်လေး၏ အမည်နာမ နှင့်အတူ ၎င်း ၏ မိဘ နေရပ်လိပ်စာများ အား အပြည့်အစုံထည့်သွင်းပြောဆိုခဲ့မှုကြောင်း သတင်းမီဒီယာများ မှ တိုက်ရိုက်ထုတ်လွင့်မှုအား ဖြုတ်ချပေးခဲ့ကြ သည်။

ထိုသို့ သတင်းစာရှင်းလင်းပွဲတွင်လည်း ထုတ်ဖော်ပြောကြားခဲ့သည့် အပြင် ရဲဇာနည်၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင်လည်း ကလေးငယ်လေး၏ မှုခင်းနှင့် ပတ်သက်သည့် အချက်အလက် အပြည့်အစုံကို တင်ထားခဲ့ခြင်းကြောင့် ဝေဖန်သူများများပြားခဲ့သည့် အတွက် ၎င်း ပေ့စ်အားဖြုတ်ချခဲ့သည်။

(Zawgyi)

ဗစ်တိုးရီးယားကိစ္စ ရဲတပ်ဖွဲ့ထုတ်ဖော်ပြောဆိုမှု မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မလဲ ဟု လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

ဒီဇင္ဘာ ၂၀
ယဉ်ကေနွယ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနြေဖင့် ဗစ်တိုးရီးယားလေး ကိစ္စအား ထုတ်ဖော်ပြောကြားမှုအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမလဲဟု ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငာ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌဖြစ်သူ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်က ပြောဆိုလိုက်သည်။

“ကျွန်မတို့လည်း စဉ်းစားပါတယ်။လုံးဝ မသိတာလား။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို လုံးဝ မသိတာလား။ ဒါတော့ မဖြစ်လည်း မဖြစ်သင့်ဘူး။ မဖြစ်လည်း မဖြစ်နိုင်ဘူးလို့ ကျွန်မတို့ ယူဆတယ်။ နောက်တချက်ကတော့ ဘာကြောင့်လဲ ဘာကြောင့် ဒီလို ထုတ်ပြန်လိုက်တာလဲ။ အခု တော့ အဲ့ဒီ ပေ့စ်မှာ ဖြုတ်ချလိုက်ပါပြီ ။ အခု မနက်မှာတော့ မတွေ့တော့ပါဘူး။ဖြုတ်တော့ ဖြုတ်ချလိုက်ပြီ သို့သော် တော်တော်များများပျံ့နှံ့သွားပြိဖြစ်တဲ့ အတွက် ဒီ သမီးငယ်လေး အတွက် အလွန် ပဲ နစ်နာတ ယ်။ သူ့မိဘတွေလည်း ထိခိုက်ခံစားကြရတယ်။ဒါဆိုလို့ရှိရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ဘယ်လို ဆက်လက် ပြီးတော့ ဆောင်ရွက်မှာလဲ။ ဘယ်အဆင့်ကနေ ထုတ်ပြန်လိုက်တာလဲ။ တာဝန်ရှိသူအဆင့်ဆင့် ကဘယ်လို အရေးယူဆောင်ရွက်ပေးမလဲဆိုတာ မေးရမဲ့ အနေအထား ရှိလာပါပြီ”ဟု ဒေါက်တာဒေါ်ခင်စိုးစိုးကြည် ကပြောသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်၍လည်း ဆက်လက်လုပ်ဆောင်မှုများကို ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် တွေ့ဆုံဆွေးနွေးပြိး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ တွင် ပြစ်မှု ပြစ်ဒဏ် အနေဖြင့် ထောက်ဒဏ်လေးလ ကနေ တစ်နှစ် အထိ ချနိုင်ကြောင်း၊ ငွေဒဏ် အနေဖြင့်လည်း ငွေကျပ် လေးသိန်း ကနေ ၆ သိန်း အထိ ဖြစ်စေ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချနိူုင်ကြောင်း ပါရှိသည်။

ဗစ်တိုးရီးယားလေး အမှုနှင့် ပတ်သက်ပြိး ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာန ချုပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ပြီး ထိုသို့လုပ်ဆောင်နေသည့် အချိန်တွင် ကလေးငယ်လေး၏ အမည်နာမ နှင့်အတူ ၎င်း ၏ မိဘ နေရပ်လိပ်စာများ အား အပြည့်အစုံထည့်သွင်းပြောဆိုခဲ့မှုကြောင်း သတင်းမီဒီယာများ မှ တိုက်ရိုက်ထုတ်လွင့်မှုအား ဖြုတ်ချပေးခဲ့ကြ သည်။

ထိုသို့ သတင်းစာရှင်းလင်းပွဲတွင်လည်း ထုတ်ဖော်ပြောကြားခဲ့သည့် အပြင် ရဲဇာနည်၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင်လည်း ကလေးငယ်လေး၏ မှုခင်းနှင့် ပတ်သက်သည့် အချက်အလက် အပြည့်အစုံကို တင်ထားခဲ့ခြင်းကြောင့် ဝေဖန်သူများများပြားခဲ့သည့် အတွက် ၎င်း ပေ့စ်အားဖြုတ်ချခဲ့သည်။

No comments:

Post a Comment

My Blog List