Tuesday, December 17, 2019

လေးနှစ်တာ၊ငါးနှစ်ကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မျှော်မှန်းသလောက်ဖြစ်မလာဟု ဆို

Image may contain: 3 people, people standing and outdoor

လေးနှစ်တာ ငါးနှစ်ကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး သည် မျှော်မှန်းထားသလောက်ဖြစ်မလာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းဖော်ပြခဲ့သည်။

“လေးနှစ်တာ ငါးနှစ်ကာလအတွင်းမှာ ရသင့်တဲ့အခြေအနေတွေ ရှိနေရဲ့သားနဲ့ ကျွန်တော်တို့မရဘူး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျွန်တော်တို့မျှော်မှန်းသလောက်ဖြစ်မလာဘူး”ဟု ဦးသောင်းအေးက ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးသည် မျှော်မှန်းသလောက် မအောင်မြင် ခြင်းကြောင့် တိုင်းပြည်တစ်ပြည် တိုးချက်ချင်သည်ဆိုပါက အားလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
“အစိုးရတစ်ရပ်ဟာ တိုင်းပြည်တိုးတက်အောင် လုပ်ရမှာတာဝန်ပဲ ငြိမ်းချမ်းအောင် တရားဥပဒေစိုးမိုးအောင်လုပ်ရမှာအမှန်ပဲ ဒါတွေ ကိုတစိုက်မတ်မတ်လုပ်ရမှာ အဲ့ဒီတော့ တိုးတက်ဖို့လိုချင်ရင် ဘာကို အခြေခံမလဲမြန်မာ မှာကျတော့ လူဦးရေအများဆုံးက ကျေးလက်နေ ပြည်သူတွေ လူ ၁၀၀ မှာ ၇၀ကကျေးလက်မှာနေတာ အဲ့ဒီတော့ ချမ်းသာချင်ရင် ဒီ ၇၀ ကို အဆင်ပြေအောင်လုပ်ပေးရမှာ သွားရေး လာရေး နေရေးထိုင်ရေး စီးပွားရေး လူမှုရေး ဘာလိုနေသလဲ လိုနေတာကို ဖြည့်ဆည်းပေးလိုက်ရင် အကုန်လုံးတက်လာမယ် အဲ့ဒီမှာ တိုင်းပြည်က ဘာမှပြောမနေနဲ့ အများကြီးတိုးတက်လာမယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြား ခဲ့သည်။
The Ladies News
လေးနှစ်တာ၊ငါးနှစ်ကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မျှော်မှန်းသလောက်ဖြစ်မလာဟု ဆို
--- --- ---

လေးနှစ်တာ ငါးနှစ်ကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး သည် မျှော်မှန်းထားသလောက်ဖြစ်မလာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းဖော်ပြခဲ့သည်။
“လေးနှစ်တာ ငါးနှစ်ကာလအတွင်းမှာ ရသင့်တဲ့အခြေအနေတွေ ရှိနေရဲ့သားနဲ့ ကျွန်တော်တို့မရဘူး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျွန်တော်တို့မျှော်မှန်းသလောက်ဖြစ်မလာဘူး”ဟု ဦးသောင်းအေးက ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးသည် မျှော်မှန်းသလောက် မအောင်မြင် ခြင်းကြောင့် တိုင်းပြည်တစ်ပြည် တိုးချက်ချင်သည်ဆိုပါက အားလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
“အစိုးရတစ်ရပ်ဟာ တိုင်းပြည်တိုးတက်အောင် လုပ်ရမှာတာဝန်ပဲ ငြိမ်းချမ်းအောင် တရားဥပဒေစိုးမိုးအောင်လုပ်ရမှာအမှန်ပဲ ဒါတွေ ကိုတစိုက်မတ်မတ်လုပ်ရမှာ အဲ့ဒီတော့ တိုးတက်ဖို့လိုချင်ရင် ဘာကို အခြေခံမလဲမြန်မာ မှာကျတော့ လူဦးရေအများဆုံးက ကျေးလက်နေ ပြည်သူတွေ လူ ၁၀၀ မှာ ရဝကကျေးလက်မှာနေတာ အဲ့ဒီတော့ ချမ်းသာချင်ရင် ဒီ ၇၀ ကို အဆင်ပြေအောင်လုပ်ပေးရမှာ သွားရေး လာရေး နေရေးထိုင်ရေး စီးပွားရေး လူမှုရေး ဘာလိုနေသလဲ လိုနေတာကို ဖြည့်ဆည်းပေးလိုက်ရင် အကုန်လုံးတက်လာမယ် အဲ့ဒီမှာ တိုင်းပြည်က ဘာမှပြောမနေနဲ့ အများကြီးတိုးတက်လာမယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြား ခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List