Thursday, December 19, 2019

ပြည်သူကကြောက်ရွံ့နေရခြင်းမျိုးထက် အားကိုးရသောရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရဲချုပ်နှင့် ရဲအရာရှိကြီးများကို တိုက်တွန်းပြောကြား

Image may contain: 2 people, people sitting, table and indoor

ပြည်သူက ကြောက်ရွံ့နေရခြင်းမျိုးထက် အားကိုးရသောရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲအရာရှိ ကြီးများအား ဒီဇင်ဘာ ၁၈ နေပြည်တော် ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌တွေ့ဆုံကာ လမ်းညွှန်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့များသည် အခြား ဝန်ထမ်းအဖွဲ့အစည်းများထက် ပြည်သူအပေါ် သြဇာလွှမ်းမိုးသက်ရောက် မှုရှိနေသည့်အတွက် ပြည်သူသည် ရဲများကိုကြောက်ရွံ့နေခြင်းမျိုးမဟုတ်ဘဲ အားကိုးတန်ဖိုးထား ခြင်းမျိုးဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်သူများ လုံလုံခြုံခြုံနေနိုင်အောင်၊ ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးအတွက် လုပ်ဆောင်နေသည်ဟု ပြည်သူကမြင်လာပြီဆိုလျှင် အောင်မြင်ပြီဟု ဆိုရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပြီး ရဲတပ်ဖွဲ့ဝင်တိုင်းသည် ကိုယ့်အလုပ်ကို ဂုဏ်ယူစေချင်ကာ တာဝန်ကျေကျေဆောင်ရွက်စေချင်ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေးသည် ခွဲခြားမရ၍ တရားဥပဒေစိုးမိုးမှုမရှိဘဲ နိုင်ငံအတွင်း မလုံခြုံနိုင်ကြောင်း၊ နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် တဦးချင်း၏လုံခြုံရေးသည် တရားဥပဒေစိုးမိုးမှုရှိမှ ဖြစ်နိုင်မည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ရပ်ရွာအေးချမ်းသာယာမှုရှိမည်ဖြစ်ကြောင်း၊ ဥပဒေဆိုသည်မှာ လူများက စိတ်ခံစားချက်အတိုင်း မလုပ်ဘဲ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက မျှမျှတတလုပ်နိုင်အောင်ရေးဆွဲထားခြင်းဖြစ်ပြီး တရားရုံးများ သည်လည်း လူ့သဘာဝအခြေအနေနှင့်ကိုက်ညီအောင် ဥပဒေကိုစီမံခန့်ခွဲရခြင်းပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရားမျှတခြင်းကို အကြင်နာတရားနှင့် ထိန်းကျောင်းရမည်ဖြစ်ပြီး မေတ္တာတရားမရှိဘဲ အေးချမ်းသာယာမှုမရှိနိုင်ကြောင်း၊ ကမ္ဘာပေါ်တွင် အင်မတန်ဖွံ့ဖြိုးတိုးတက်တည်ငြိမ်သည့် နိုင်ငံများ၏ရဲတပ် ဖွဲ့များဆိုလျှင် ၎င်းတို့၏ပြည်သူများက ယုံကြည်စိတ်ချအားကိုးကြသည့် ရဲတပ်ဖွဲ့များဖြစ်နေသည်ကို တွေ့ရှိရမည်ပြီး ယင်းရဲတပ်ဖွဲ့များရှိလျှင် သူတို့အပေါ် မည်သည့် အန္တရာယ်မှ မကျရောက်နိုင်ဘူးဆိုသည် အထိ စိတ်ချလုံခြုံမှုပေးနိုင်သည့် နိုင်ငံများသည် အင်မတန်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့ရဲတပ်ဖွဲ့အတွင်းတွင်ရှိသည့် စိတ်နေစိတ်ထားများသည် မိမိတို့လူ့ အသိုင်းအဝိုင်း၏ စိတ်နေစိတ်ထားများကို ရောင်ပြန်ဟပ်သည့်အတွက် ကိုယ်ကစတင်ပြုပြင်ရမည်ဖြစ်ပြီး မေတ္တာ၊ စေတနာ၊ ကရုဏာနှင့် ပြည်သူလူထု၏လုံခြုံရေးကို ဆောင်ရွက်နေခြင်းကို ပြည်သူကမြင်ပါက ကျေးဇူးတင်တန်ဖိုးထားကြ မည်ဖြစ်၍ ရဲတပ်ဖွဲ့ကဦးဆောင်ပြီး ဆောင်ရွက်ပေးရန်အရေးကြီးကြောင်း၊ ထို့အပြင် လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်အခါ လိုအပ် သည့်အင်အားကိုပဲသုံးကာ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကျေပွန်အောင်ဆောင် ရွက်နိုင်ခြင်းသည် တကမ္ဘာလုံးက လက်ခံထားသည့်စံနှုန်းတခုဖြစ်ပြီး လိုအပ်သည်ထက် ပိုသည့်အင်အားသုံးခဲ့ ပါက ပြဿနာရှိသကဲ့သို့ ပြည်သူလူထု၏ လူ့အခွင့်အရေးကိုချိုးဖောက်ရာရောက်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အတိုင်ပင်က ''အဆိုးဆုံး အစိုးရသည် ပြည်သူက မုန်းတီးသည့် အစိုးရ၊ နည်းနည်းဆိုးသည့်အစိုးရက ပြည်သူက ကြောက်သည့်အစိုးရ၊ နည်းနည်း ကောင်းသည်က ပြည်သူက ချီးမွမ်းသည့် အစိုးရ၊ အကောင်းဆုံး အစိုးရဆိုသည်မှာ ပြည်သူလူထုက ရှိမှန်းတောင်မသိသည့် အစိုးရပင်ဖြစ်ကြောင်း အရှေ့တိုင်းစကားတခုကို ဥပမာပြုကာ ထည့်သွင်းပြောကြားခဲ့သည် ပြည်သူလူထုဘဝအေးချမ်းသာ ယာလုံခြုံအောင်၊ ပြည်သူကို အနှောင့် အယှက်မပေးဘဲ နောက်ကွယ်ကနေ ပြည် သူလူထု လုံခြုံချောမွေ့အောင်လုပ်ဆောင် ပေးသွားခြင်းမျိုးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ရဲတပ်ဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့သည် တပ်မတော်နှင့် သဘောသဘာဝ မတူပါကြောင်းနှင့် အထူးကြိုးစားရမည်ဖြစ်ကြောင်း၊ ပြည်သူနှင့် အနီးကပ်ဆက်ဆံသည့်နေရာတွင် နိစ္စဓူဝပြည်သူ၏လုံခြုံ ရေး၊ အေးချမ်းသာယာရေးကို အဓိကလုပ်ရမည်ဖြစ်၍ မိမိ၏တာဝန်သည် မည်မျှကြီးမားသည်ဆိုသည်ကို နှလုံးသွင်းပြီး တာဝန်ကိုကျေကျေပွန်ပွန် လုပ်ဆောင်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ နည်းပညာတိုးတက်လာရန်အရေးကြီးသည့်အတွက် နိုင်ငံ တော်အစိုးရအနေဖြင့် နိုင်ငံတော်၏လိုအပ်ချက်၊ ပြည်သူ၏လိုအပ်ချက်အတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ တတ်နိုင်သမျှ ရဲတပ်ဖွဲ့ ကိုပေးနေပြီး ထပ်မံ၍ပေးသွားရန်ရှိ ကြောင်း၊ သို့သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေဆိုသည်မှာ ပြည်သူကပေးထားသည့် ဘဏ္ဍာငွေဖြစ်ခြင်းကြောင့် ခွဲဝေရရှိ သည့် ဘဏ္ဍာငွေများကို စိစစ်ပြီး ထိုက် ထိုက်တန်တန်သုံးစွဲရန်လိုအပ်သည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။
ကိုလင်း
(Zawgyi)
ပြည်သူကကြောက်ရွံ့နေရခြင်းမျိုးထက် အားကိုးရသောရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရဲချုပ်နှင့် ရဲအရာရှိကြီးများကို တိုက်တွန်းပြောကြား
------ ------ ------ ----- -----

ပြည်သူက ကြောက်ရွံ့နေရခြင်းမျိုးထက် အားကိုးရသောရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲအရာရှိ ကြီးများအား ဒီဇင်ဘာ ၁၈ နေပြည်တော် ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌တွေ့ဆုံကာ လမ်းညွှန်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့များသည် အခြား ဝန်ထမ်းအဖွဲ့အစည်းများထက် ပြည်သူအပေါ် သြဇာလွှမ်းမိုးသက်ရောက် မှုရှိနေသည့်အတွက် ပြည်သူသည် ရဲများကိုကြောက်ရွံ့နေခြင်းမျိုးမဟုတ်ဘဲ အားကိုးတန်ဖိုးထား ခြင်းမျိုးဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်သူများ လုံလုံခြံုခြံုနေနိုင်အောင်၊ ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေးအတွက် လုပ်ဆောင်နေသည်ဟု ပြည်သူကမြင်လာပြီဆိုလျှင် အောင်မြင်ပြီဟု ဆိုရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပြီး ရဲတပ်ဖွဲ့ဝင်တိုင်းသည် ကိုယ့်အလုပ်ကို ဂုဏ်ယူစေချင်ကာ တာဝန်ကျေကျေဆောင်ရွက်စေချင်ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေးသည် ခွဲခြားမရ၍ တရားဥပဒေစိုးမိုးမှုမရှိဘဲ နိုင်ငံအတွင်း မလုံခြံုနိုင်ကြောင်း၊ နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် တဦးချင်း၏လုံခြံုရေးသည် တရားဥပဒေစိုးမိုးမှုရှိမှ ဖြစ်နိုင်မည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ရပ်ရွာအေးချမ်းသာယာမှုရှိမည်ဖြစ်ကြောင်း၊ ဥပဒေဆိုသည်မှာ လူများက စိတ်ခံစားချက်အတိုင်း မလုပ်ဘဲ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက မျှမျှတတလုပ်နိုင်အောင်ရေးဆွဲထားခြင်းဖြစ်ပြီး တရားရုံးများ သည်လည်း လူ့သဘာဝအခြေအနေနှင့်ကိုက်ညီအောင် ဥပဒေကိုစီမံခန့်ခွဲရခြင်းပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရားမျှတခြင်းကို အကြင်နာတရားနှင့် ထိန်းကျောင်းရမည်ဖြစ်ပြီး မေတ္တာတရားမရှိဘဲ အေးချမ်းသာယာမှုမရှိနိုင်ကြောင်း၊ ကမ္ဘာပေါ်တွင် အင်မတန်ဖွံ့ဖြိုးတိုးတက်တည်ငြိမ်သည့် နိုင်ငံများ၏ရဲတပ် ဖွဲ့များဆိုလျှင် ၎င်းတို့၏ပြည်သူများက ယုံကြည်စိတ်ချအားကိုးကြသည့် ရဲတပ်ဖွဲ့များဖြစ်နေသည်ကို တွေ့ရှိရမည်ပြီး ယင်းရဲတပ်ဖွဲ့များရှိလျှင် သူတို့အပေါ် မည်သည့် အန္တရာယ်မှ မကျရောက်နိုင်ဘူးဆိုသည် အထိ စိတ်ချလုံခြုံမှုပေးနိုင်သည့် နိုင်ငံများသည် အင်မတန်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့ရဲတပ်ဖွဲ့အတွင်းတွင်ရှိသည့် စိတ်နေစိတ်ထားများသည် မိမိတို့လူ့ အသိုင်းအဝိုင်း၏ စိတ်နေစိတ်ထားများကို ရောင်ပြန်ဟပ်သည့်အတွက် ကိုယ်ကစတင်ပြုပြင်ရမည်ဖြစ်ပြီး မေတ္တာ၊ စေတနာ၊ ကရုဏာနှင့် ပြည်သူလူထု၏လုံခြုံရေးကို ဆောင်ရွက်နေခြင်းကို ပြည်သူကမြင်ပါက ကျေးဇူးတင်တန်ဖိုးထားကြ မည်ဖြစ်၍ ရဲတပ်ဖွဲ့ကဦးဆောင်ပြီး ဆောင်ရွက်ပေးရန်အရေးကြီးကြောင်း၊ ထို့အပြင် လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်အခါ လိုအပ် သည့်အင်အားကိုပဲသုံးကာ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကျေပွန်အောင်ဆောင် ရွက်နိုင်ခြင်းသည် တကမ္ဘာလုံးက လက်ခံထားသည့်စံနှုန်းတခုဖြစ်ပြီး လိုအပ်သည်ထက် ပိုသည့်အင်အားသုံးခဲ့ ပါက ပြဿနာရှိသကဲ့သို့ ပြည်သူလူထု၏ လူ့အခွင့်အရေးကိုချိုးဖောက်ရာရောက်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အတိုင်ပင်က ''အဆိုးဆုံး အစိုးရသည် ပြည်သူက မုန်းတီးသည့် အစိုးရ၊ နည်းနည်းဆိုးသည့်အစိုးရက ပြည်သူက ကြောက်သည့်အစိုးရ၊ နည်းနည်း ကောင်းသည်က ပြည်သူက ချီးမွမ်းသည့် အစိုးရ၊ အကောင်းဆုံး အစိုးရဆိုသည်မှာ ပြည်သူလူထုက ရှိမှန်းတောင်မသိသည့် အစိုးရပင်ဖြစ်ကြောင်း အရှေ့တိုင်းစကားတခုကို ဥပမာပြုကာ ထည့်သွင်းပြောကြားခဲ့သည် ပြည်သူလူထုဘဝအေးချမ်းသာ ယာလုံခြုံအောင်၊ ပြည်သူကို အနှောင့် အယှက်မပေးဘဲ နောက်ကွယ်ကနေ ပြည် သူလူထု လုံခြုံချောမွေ့အောင်လုပ်ဆောင် ပေးသွားခြင်းမျိုးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ရဲတပ်ဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့သည် တပ်မတော်နှင့် သဘောသဘာဝ မတူပါကြောင်းနှင့် အထူးကြိုးစားရမည်ဖြစ်ကြောင်း၊ ပြည်သူနှင့် အနီးကပ်ဆက်ဆံသည့်နေရာတွင် နိစ္စဓူဝပြည်သူ၏လုံခြုံ ရေး၊ အေးချမ်းသာယာရေးကို အဓိကလုပ်ရမည်ဖြစ်၍ မိမိ၏တာဝန်သည် မည်မျှကြီးမားသည်ဆိုသည်ကို နှလုံးသွင်းပြီး တာဝန်ကိုကျေကျေပွန်ပွန် လုပ်ဆောင်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ နည်းပညာတိုးတက်လာရန်အရေးကြီးသည့်အတွက် နိုင်ငံ တော်အစိုးရအနေဖြင့် နိုင်ငံတော်၏လိုအပ်ချက်၊ ပြည်သူ၏လိုအပ်ချက်အတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ တတ်နိုင်သမျှ ရဲတပ်ဖွဲ့ ကိုပေးနေပြီး ထပ်မံ၍ပေးသွားရန်ရှိ ကြောင်း၊ သို့သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေဆိုသည်မှာ ပြည်သူကပေးထားသည့် ဘဏ္ဍာငွေဖြစ်ခြင်းကြောင့် ခွဲဝေရရှိ သည့် ဘဏ္ဍာငွေများကို စိစစ်ပြီး ထိုက် ထိုက်တန်တန်သုံးစွဲရန်လိုအပ်သည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။
ကိုလင်း

No comments:

Post a Comment

My Blog List