Wednesday, December 18, 2019

ရခိုင်ပြည်နယ်တွင် ဆန်ပြတ်လပ်မှုမရှိအောင်လမ်းစဉ်ပါတီခေတ်ကကဲ့သို့ သီးသန့်သိုလှောင်သိမ်းဆည်း ဖြန့်ဖြူးရန် ရှိ၊မရှိ ရခိုင်လွှတ်တော်ကိုယ်စားလှယ်မေးခွန်းထုတ် လက်တလော အရန်ဆန်သိုလှောင်ထားခြင်းမရှိသော်လည်း လိုအပ်မှုရှိလာပါက ချက်ချင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်

Image may contain: 2 people, text

ရခိုင်ပြည်နယ်တွင် ဆန်ပြတ်လပ်မှုမရှိအောင် အရန်ဆန် သီးသန့်သိုလှောင်သိမ်းဆည်းထားသင့်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ယနေ့ကျင်းပသည့်အမျိုးသားလွှတ်တော်တွင် အကြံပြုလိုက်ပြီး၊ထိုအတိုင်း စီစဉ်ထား၊မထား အစိုးရကို မေးခွန်းထုတ်ခဲ့သည်။

ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)မှအမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ရခိုင်ပြည်နယ်သည် ရာသီဥတုဖောင်ပြန်ပြီး၊မုန်တိုင်းဒဏ်ခံရသည့် ပြည်နယ်တစ်ခုဖြစ်သည်ဟု ပြောပြီး၊နှစ်စဉ် မြစ်တစ်စင်းမဟုတ် တစ်စင်းရေကြီးခြင်းကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ရခိုင်ပြည်သူများခံစားနေရသည့်အတွက် စားနပ်ရိက္ခာမပြတ်တောက်ရန် လိုသည်ဟု လွှတ်တော်ကို တင်ပြသည်။
“ခုဆိုတိုက်ပွဲတွေလည်းရှိနေတယ်။စိုက်ထားတဲ့ စပါးခင်းတွေကို မရိတ်သိမ်းနိုင်တာတွေလည်း ရှိနေပါတယ်“ဟု ဦးခင်မောင်လတ်က ပြောသည်။
လမ်းစဉ်ပါတီခေတ်ကကဲ့သို့ ကုန်သွယ်လယ်ယာအဖွဲ့အစည်းလို သိုလှောင်ရုံများဆောက်၊ပြည်သူလူထုထံဝေစသည့်ပုံစံမျိုးဖြင့် ရခိုင်ပြည်နယ်တွင် သီးသန့်သိုလှောင်သိမ်းဆည်း ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊မရှိလည်း ရခိုင်လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းထုတ်ခဲ့သေးသည်။
လူကယ်ပြန်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ဖြေကြားရာတွင် ရခိုင်ပြည်နယ်တွင် အရန်ဆန်သီးသန်းသိုလှောင်ထားခြင်းမရှိကြောင်းဖြေကာ၊လိုအပ်မှုရှိလာပါက ချက်ချင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်ကို အဖြေပေးသည်။
ဒုဝန်ကြီးက ၂၀၁၂တွင် ဖြစ်ခဲ့သည့် သာဓက၊၂၀၁၅တွင် ဖြစ်ခဲ့သည့် သာဓက တို့ကို ပြကာ အစိုးရက အရေးကြုံလာလျှင် ဖြည့်စီးပေးနိုင်သည်ဟု ဆိုသည်။
လိုအပ်လာပါက တပ်မတော်၏ အရန်ဆန်ကိုပါ ထုတ်ယူသုံးစွဲဝေငှသည့်အပြင် လက်ရှိရခိုင်ပြည်နယ်တွင် စပါး စိုက်ပျိုးထားသည့် အခြေအနေ၊ရိတ်သိမ်းမှုအနေအထားအရ ဆန်ပြတ်လပ်မှုမရှိဘဲ လုံလောက်မှုအနေဖြင့် ၁၂၅ရာခိုင်နှုန်းကျော်ကြောင်း စသည်ဖြင့်လည်း အဖြေပေးခဲ့သည်။
“ကိုယ်စားလှယ်တော်ကြီးပြောသလို တိုက်ပွဲကြောင့် မရိတ်သိမ်းနိုင်တာတွေကိုပါ ထည့်ပေါင်းမယ်ဆိုရင် ဆန်လုံလောက်မှုရာခိုင်နှုန်း အခြေအနေက အပြောင်းအလဲလေးရှိနိုင်ပါတယ်“ဟု ဒုဝန်ကြီးက ပြောသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List