Thursday, December 19, 2019

တရုတ်ရဲ့ ”နေအတု” သန့်ရှင်းစွမ်းအင်ထုတ် ဓာတ်ပေါင်းဖို ၂၀၂၀ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟုဆို


No photo description available.
တရုတ်နိုင်ငံရဲ့ ”နေအတု”လို့ခေါ်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုဟာ ၂၀၂၀ ခုနှစ်မှာ လည်ပတ်နိုင်မယ်လို သက်ဆိုင်ရာပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။ ဒီ ဓာတ်ပေါင်းဖိုဟာ နေမင်းကြီးရဲ့ စွမ်းအင်ထုတ်လုပ်ပုံနည်းစနစ်အတိုင်း တုပပြီး အလုပ်လုပ်စေအောင် ဖန်တီးထားတာကြောင့် ”နေအတု”လို့ ခေါ်ကြပေမယ့် သူ့ရဲ့ စီမံကိန်းဝင် နာမည်ကတော့ HL-2M Tokamak လို့ဖြစ်ပါတယ်။ စတင်တည်ဆောက်ကတည်းက ၂၀၁၉ နှစ်ကုန်ပိုင်းမှာ တည်ဆောက်ပြီးစီးမယ်လို့ မျှော်မှန်းပြီး တည်ဆောက်ခဲ့ကြတာပါ။
နေမင်းကြီးရဲ့ သဘာဝဓာတုရူပဆိုင်ရာ တုန့်ပြန်မှုတွေမှာ ဟိုက်ဒြိုဂျင်နဲ့ ဒျူတာရီယံဓာတ်စင်တွေကိုအသုံးပြုပြီး နျူကလိယားပေါင်းစပ်မှုတွေကနေ သနျ့ရှငျးတဲ့စှမျးအငျ ထှကျပေါျတဲ့အတိုငျး တုပပွီး တညျဆောကျထားတာဖွစျလို့ ဒီ ”နအေတု”ဟာလဲ သနျ့ရှငျးတဲ့စှမျးအငျတှကေို ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။

ထိန်းချုပ်တဲ့နည်းစနစ်တွေကို အဆင့်မြင့်ဖန်တီးတည်ဆောက်ထားပြီး ပလာစမာအပူချိန် ဆယ်လ်စီးယပ် သန်း ၂၀၀ ဒီဂရီထက်ပိုတဲ့ အပူစွမ်းအင်ကိုထုတ်လုပ်နိုင်အောင်ဖန်တီးထားတယ်လို့ တရုုတ်အမျိုးသား နျူကလိယား ကော်ပိုရေးရှင်းအောက်မှာရှိတဲ့ အနောက်တောင်ပိုင်း ရူပဗေဒအင်စတီကျုက ဦးဆောင်သူ တွမ့်ရွှိရု(Duan Xuru)က ပြီးခဲ့တဲ့ နိုဝင်ဘာလကပြောပါတယ်။

အကယ်၍ နျူကလိယားပေါင်းစပ်မှုကနေ စွမ်းအင်ထုတ်လုပ်တာကိုု ဘယ်လိုထိန်းချုပ်အသုံးချရမယ်ဆိုတာ သိပ္ဗံပညာရှင်တွေ သိနားလည်လာတယ်ဆိုရင်တော့ ဒါဟာ သန့်ရှင်းစွမ်းအင်ရဲ့ အကန့်အသတ်မဲ့အရင်းအမြစ်အတွက် ပ့ံပိုးမှုတစ်ခုဖြစ်လာတော့မှာပါ။ သိပ္ဗံပညာသမိုင်းမှာလဲ မှတ်တိုင်တစ်ခုဖြစ်လာတော့မှာပါ။

နျူကလိယပေါင်းစပ်မှုကနေ သန့်ရှင်းတဲစွမ်းအင်ထုတ်လုပ်ဖို့ကို သိပ္ဗံပညာရှင်တွေ ကြိုးစားလာခဲ့ကြတာဟာ ဆယ်စုနှစ်အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ကုန်ကျစရိတ်နဲ့ ကာမိပြီး အလွန်ပူပြင်တဲ့ပလာစမာအပူကိုတာရှည်တည်ငြိမ်စွာနဲ့ စွမ်းအင်ထုတ်လုပ်ဖို့ကိစ္စမှာ ပြဿနာတွေကိုရင်ဆိုင်ခဲ့ကြရပါတယ်။

အခု တရုတ်တို့ရဲ့ HL-2M နေအတုဟာ အဲဒီပြဿနာတွေကို ကျော်လွှားနိုင်ခဲ့ပြီလို့ ယူဆရပါတယ်။

”ဒီ HL-2M ဟာ စွမ်းအင်ထုတ်ပစ္စည်းရဲ့ပင်မကနေထုတ်လွှတ်လာတဲ့ အပူစွမ်းအင်နဲ့ ဒြပ်မှုန်တွေကို ပိုပြီးအကျိုးသက်ရောက်မှုရှိရှိ ထိန်းသိမ်းကိုင်တွယ်ဖို့နဲ့အတူ ပလာစမာပေါင်းစပ်မှုနဲ့ပတ်သက်တဲ့ အင်မတန်တန်ဖိုးရှိတဲ့ အချက်အလက်တွေကို သုတေသီတွေအတွက် ပံ့ပိုးပေးပါလိမ့်မယ်”လို့ နျူကလိယားပေါင်းစပ်မှုရူပဗေဒပညာရှင် ဂျိမ်းစ်ဟာရီဆန်က နယူးစ်ဝိခ် မဂ္ဂဇင်းကိုပြောပါတယ်။ သူဟာလဲ အဲဒီ ”နေအတု”စီမံကိန်းမှာ ပါဝင်ဆောင်ရွက်နေသူတစ်ဦးပါ။

”ဒါဟာ စီးပွားဖြစ်နျူကလိယားပေါင်းစပ်မှုဓာတ်ပေါင်းဖိုုရီအက်တာတစ်ခုဖြစ်လာစေရေးအတွက် ရင်ဆိုင်ရတဲ့ကိစ္စရပ်တွေထဲက တစ်ခုပါပဲ။ ဒီ HL-2M ဟာ နိုင်ငံတကာနျူကလိယားပေါင်းစပ်မှုဆိုင်ရာ သုုတေသန အသိုင်းအဝန်းရဲ့ အစိတ်အပိုင်းတစ်ခုလိုဖြစ်လာပြီး၊ အဲဒီလို ဓာတ်ပေါင်းဖိုဒီဇိုင်းတွေဖန်တီးရာမှာ သြဇာသက်ရောက်မှုရှိလာမှာပါ”လို့လဲ ဂျိမ်းစ်ဟာရီဆန်ကပြောပါသေးတယ်။

Ref:
1/ CHINA EXPECTS ITS “ARTIFICIAL SUN” TO BE OPERATIONAL IN 2020
2/ China's "artificial sun" device set to be commissioned in 2020
Photo: Chinese state media
(Zawgyi)

တရုတ်ရဲ့ ”နေအတု” သန့်ရှင်းစွမ်းအင်ထုတ် ဓာတ်ပေါင်းဖို ၂၀၂၀ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟုဆို

ခ်န္ဒူး၊ ဒီဇင္ဘာ ၁၉

တရုတ်နိုင်ငံရဲ့ ”နေအတု”လို့ခေါ်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုဟာ ၂၀၂၀ ခုနှစ်မှာ လည်ပတ်နိုင်မယ်လို့ သက်ဆိုင်ရာပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။ ဒီ ဓာတ်ပေါင်းဖိုဟာ နေမင်းကြီးရဲ့ စွမ်းအင်ထုတ်လုပ်ပုံနည်းစနစ်အတိုင်း တုပပြီး အလုပ်လုပ်စေအောင် ဖန်တီးထားတာကြောင့် ”နေအတု”လို့ ခေါ်ကြပေမယ့် သူ့ရဲ့ စီမံကိန်းဝင် နာမည်ကတော့ HL-2M Tokamak လို့ဖြစ်ပါတယ်။ စတင်တည်ဆောက်ကတည်းက ၂၀၁၉ နှစ်ကုန်ပိုင်းမှာ တည်ဆောက်ပြီးစီးမယ်လို့ မျှော်မှန်းပြီး တည်ဆောက်ခဲ့ကြတာပါ။

နေမင်းကြီးရဲ့ သဘာဝဓာတုရူပဆိုင်ရာ တုန့်ပြန်မှုတွေမှာ ဟိုက်ဒြိုဂျင်နဲ့ ဒျူတာရီယံဓာတ်စင်တွေကိုအသုံးပြုပြီး နျူကလိယားပေါင်းစပ်မှုတွေကနေ သန့်ရှင်းတဲ့စွမ်းအင် ထွက်ပေါ်တဲ့အတိုင်း တုပပြီး တည်ဆောက်ထားတာဖြစ်လို့ ဒီ ”နေအတု”ဟာလဲ သန့်ရှင်းတဲ့စွမ်းအင်တွေကို ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။

ထိန်းချုပ်တဲ့နည်းစနစ်တွေကို အဆင့်မြင့်ဖန်တီးတည်ဆောက်ထားပြီး ပလာစမာအပူချိန် ဆယ်လ်စီးယပ် သန်း ၂၀၀ ဒီဂရီထက်ပိုတဲ့ အပူစွမ်းအင်ကိုထုတ်လုပ်နိုင်အောင်ဖန်တီးထားတယ်လို့ တရုတ်အမျိုးသား နျူကလိယား ကော်ပိုရေးရှင်းအောက်မှာရှိတဲ့ အနောက်တောင်ပိုင်း ရူပဗေဒအင်စတီကျုက ဦးဆောင်သူ တွမ့်ရွှိရု(Duan Xuru)က ပြီးခဲ့တဲ့ နိုဝင်ဘာလကပြောပါတယ်။

အကယ်၍ နျူကလိယားပေါင်းစပ်မှုကနေ စွမ်းအင်ထုတ်လုပ်တာကို ဘယ်လိုထိန်းချုပ်အသုံးချရမယ်ဆိုတာ သိပ္ဗံပညာရှင်တွေ သိနားလည်လာတယ်ဆိုရင်တော့ ဒါဟာ သန့်ရှင်းစွမ်းအင်ရဲ့ အကန့်အသတ်မဲ့အရင်းအမြစ်အတွက် ပံ့ပိုးမှုတစ်ခုဖြစ်လာတော့မှာပါ။ သိပ္ဗံပညာသမိုင်းမှာလဲ မှတ်တိုင်တစ်ခုဖြစ်လာတော့မှာပါ။

နျူကလိယပေါင်းစပ်မှုကနေ သန့်ရှင်းတဲစွမ်းအင်ထုတ်လုပ်ဖို့ကို သိပ္ဗံပညာရှင်တွေ ကြိုးစားလာခဲ့ကြတာဟာ ဆယ်စုနှစ်အတော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ကုန်ကျစရိတ်နဲ့ ကာမိပြီး အလွန်ပူပြင်တဲ့ပလာစမာအပူကိုတာရှည်တည်ငြိမ်စွာနဲ့ စွမ်းအင်ထုတ်လုပ်ဖို့ကိစ္စမှာ ပြဿနာတွေကိုရင်ဆိုင်ခဲ့ကြရပါတယ်။

အခု တရုတ်တို့ရဲ့ HL-2M နေအတုဟာ အဲဒီပြဿနာတွေကို ကျော်လွှားနိုင်ခဲ့ပြီလို့ ယူဆရပါတယ်။

”ဒီ HL-2M ဟာ စွမ်းအင်ထုတ်ပစ္စည်းရဲ့ပင်မကနေထုတ်လွှတ်လာတဲ့ အပူစွမ်းအင်နဲ့ ဒြပ်မှုန်တွေကို ပိုပြီးအကျိုးသက်ရောက်မှုရှိရှိ ထိန်းသိမ်းကိုင်တွယ်ဖို့နဲ့အတူ ပလာစမာပေါင်းစပ်မှုနဲ့ပတ်သက်တဲ့ အင်မတန်တန်ဖိုးရှိတဲ့ အချက်အလက်တွေကို သုတေသီတွေအတွက် ပံ့ပိုးပေးပါလိမ့်မယ်”လို့ နျူကလိယားပေါင်းစပ်မှုရူပဗေဒပညာရှင် ဂျိမ်းစ်ဟာရီဆန်က နယူးစ်ဝိခ် မဂ္ဂဇင်းကိုပြောပါတယ်။ သူဟာလဲ အဲဒီ ”နေအတု”စီမံကိန်းမှာ ပါဝင်ဆောင်ရွက်နေသူတစ်ဦးပါ

”ဒါဟာ စီးပွားဖြစ်နျူကလိယားပေါင်းစပ်မှုဓာတ်ပေါင်းဖိုရီအက်တာတစ်ခုဖြစ်လာစေရေးအတွက် ရင်ဆိုင်ရတဲ့ကိစ္စရပ်တွေထဲက တစ်ခုပါပဲ။ ဒီ HL-2M ဟာ နိုင်ငံတကာနျူကလိယားပေါင်းစပ်မှုဆိုင်ရာ သုတေသန အသိုင်းအဝန်းရဲ့ အစိတ်အပိုင်းတစ်ခုလိုဖြစ်လာပြီး၊ အဲဒီလို ဓာတ်ပေါင်းဖိုဒီဇိုင်းတွေဖန်တီးရာမှာ သြဇာသက်ရောက်မှုရှိလာမှာပါ”လို့လဲ ဂျိမ်းစ်ဟာရီဆန်ကပြောပါသေးတယ်။

Ref:
1/ CHINA EXPECTS ITS “ARTIFICIAL SUN” TO BE OPERATIONAL IN 2020
2/ China's "artificial sun" device set to be commissioned in 2020
Photo: Chinese state media

No comments:

Post a Comment

My Blog List