Thursday, December 19, 2019

ခြောက်လအတွင်း တရားမဝင် တရုတ်နိုင်ငံသား ၂၄၁ ဦး ဖမ်းဆီးတရားစွဲဆို


Image may contain: 1 person, sitting and outdoor
ရှမ်းပြည်နယ်မှာ ဒီနှစ် ဇွန်လအထိ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၂၄၁ ဦးကို တရားစွဲဆိုခဲ့တယ်လို့ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က RFA ကို ပြောပါတယ်။
၂၀၁၈ ခုနှစ်မှာ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၁၇၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဒီနှစ် ဖမ်းဆီးရမိမှုဟာ မနှစ်ကထက် နှစ်ဆခန့် ပိုများလာတယ်လို့ သိရပါတယ်။ တရားမဝင် နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တလျှောက် မြို့နယ်တွေမှာ အများဆုံးဖမ်းမိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေဟာ နယ်စပ်မြို့ကနေ တရားမဝင် ဝင်ရောက်လာပြီး မူဆယ်၊ တာချီလိတ်၊ လားရှိုးမြို့တို့မှာ လောင်းကစားဂိမ်းတွေ ဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို လဝက အက်ဥပဒေပုဒ် ၁၃ (၁)နဲ့ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဦးဝင်းလွင်က ပြောပါတယ်။ ၁၉၄၇ ခုနှစ် လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) အရ အနည်းဆုံးထောင်ဒဏ် ခြောက်လကနေ အများဆုံးထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်သလို အနည်းဆုံးငွေဒဏ် ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး တရားစွဲအရေးယူနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က ဦးဆန်းဝင်းအောင်က ရှမ်းပြည်နယ်မှာ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို အရေးယူပေးဖို့နဲ့ ပြည်နယ်အတွင်း လောင်းကစားဝိုင်းတွေ လုပ်တာကို အရေးယူပေးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါတယ်။

ဒီမေးမြန်းမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး လှဦးက တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာဌာနချုပ်တွေနဲ့ ညှိနှိုင်းပြီး တည်ဆဲဥပဒေနဲ့အညီ စိစစ်ဖော်ထုတ် အရေးယူမှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ ပြန်ဖြေကြားခဲ့ပါတယ်။
- Unicode
~~~~~~~~~~~~~

ခြောက်လအတွင်း တရားမဝင် တရုတ်နိုင်ငံသား ၂၄၁ ဦး ဖမ်းဆီးတရားစွဲဆို
~~~~~~~~~~
■ ရှမ်းပြည်နယ်မှာ ဒီနှစ် ဇွန်လအထိ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၂၄၁ ဦးကို တရားစွဲဆိုခဲ့တယ်လို့ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က RFA ကို ပြောပါတယ်။

၂၀၁၈ ခုနှစ်မှာ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၁၇၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဒီနှစ် ဖမ်းဆီးရမိမှုဟာ မနှစ်ကထက် နှစ်ဆခန့် ပိုများလာတယ်လို့ သိရပါတယ်။ တရားမဝင် နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်တလျှောက် မြို့နယ်တွေမှာ အများဆုံးဖမ်းမိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေဟာ နယ်စပ်မြို့ကနေ တရားမဝင် ဝင်ရောက်လာပြီး မူဆယ်၊ တာချီလိတ်၊ လားရှိုးမြို့တို့မှာ လောင်းကစားဂိမ်းတွေ ဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို လဝက အက်ဥပဒေပုဒ် ၁၃ (၁)နဲ့ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဦးဝင်းလွင်က ပြောပါတယ်။ ၁၉၄၇ ခုနှစ် လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) အရ အနည်းဆုံးထောင်ဒဏ် ခြောက်လကနေ အများဆုံးထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်သလို အနည်းဆုံးငွေဒဏ် ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး တရားစွဲအရေးယူနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က ဦးဆန်းဝင်းအောင်က ရှမ်းပြည်နယ်မှာ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို အရေးယူပေးဖို့နဲ့ ပြည်နယ်အတွင်း လောင်းကစားဝိုင်းတွေ လုပ်တာကို အရေးယူပေးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါတယ်။

ဒီမေးမြန်းမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး လှဦးက တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာဌာနချုပ်တွေနဲ့ ညှိနှိုင်းပြီး တည်ဆဲဥပဒေနဲ့အညီ စိစစ်ဖော်ထုတ် အရေးယူမှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ ပြန်ဖြေကြားခဲ့ပါတယ်။
- Zawgyi
~~~~~~~~~~~~~

Photo: Kan Thar/RFA

( တရုတ်- မြန်မာ နယ်စပ်ဂိတ်ကို တွေ့ရစဉ် )

No comments:

Post a Comment

My Blog List