Monday, December 16, 2019

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မူဆယ်မြို့နယ်တွင် ဘိန်းဖြူ ၆.၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ ပြား ဖမ်းဆီးရမိ

No photo description available.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မူဆယ်မြို့နယ်တွင် ဘိန်းဖြူ ၆.၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ၁၆၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သည် သတင်းအရသက်သေများနှင့်အတူ မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ်သွားကားလမ်း အိုရီယမ်တယ်တိုးဂိတ် အနီးတွင် ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနေ လိကြားကျန် ၃၀ နှစ် မောင်းနှင်လာသည့် မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာပြီး ဆပ်ပြာ ခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆.၆ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၃၂၀ သိန်း)၊ ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ပြား ၁၂၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၈၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်းသတင်းရရှိသည်။
(Unicode)
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မူဆယ်မြို့နယ်တွင် ဘိန်းဖြူ ၆.၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ဝ၀ဝ ပြား ဖမ်းဆီးရမိ
နေပြည်တော်။ ဒီဇင်ဘာ ၁၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မူဆယ်မြို့နယ်တွင် ဘိန်းဖြူ ၆.၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ဝ၀ဝ ပြား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ၁၆၀ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သည် သတင်းအရသက်သေများနှင့်အတူ မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ်သွားကားလမ်း အိုရီယမ်တယ်တိုးဂိတ် အနီးတွင် ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနေ လိကြားကျန် ၃၀ နှစ် မောင်းနှင်လာသည့် မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာပြီး ဆပ်ပြာ ခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆.၆ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၂၀ သိန်း)၊ ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ပြား ၁၂၀ဝ၀ဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈၀ဝ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်းသတင်းရရှိသည်။

No comments:

Post a Comment

My Blog List