Monday, December 16, 2019

"ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြည်နယ်ရဲ့လာမယ့် သမိုင်းတစ်လျှောက်လုံးမှာ အမည်းစက်အနေနဲ့ ကျန်ခဲ့မှာပေါ့နော်။ ကြေးရုပ်တစ်ခုတောင်မှ တိုင်းရင်းသားလူနည်းစု တွေအပေါ်မှာ သဘောထားမကြီးဘူး" ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေး ဦးဆောင်လှုပ်ရှားရင်း ထောင်ကျခံရပြီး ပြန်လွတ်လာသော ကရင်နီလူငယ်ခေါင်းဆောင် ကိုဒီဒီးနှင့်ဆက်သွယ်မေးမြန်းချက်


ဗိုလ်ချုပ်ကြေးရုပ်ကို ကယားပြည်နယ်၊ လွိုင်ကော်တွင် စိုက်ထူမှုဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့်ဘဏ္ဍာရေး၀န်ကြီးတို့ကို ကရင်လူငယ် ၆ ဦးက အမျိုးသားသစ္စာဖောက်ဟု ကြေညာခဲ့၍ ကယားပြည်နယ်အစိုးရဘက်က နိုင်လွတ်လုံဥပဒေဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။ မကြာသေးမီက လူငယ် ၆ ဦး ပြန်လည် လွတ်မြောက်လာပြီး ယင်းလူငယ်များထဲမှ တစ်ဦးဖြစ်သူ ကိုဒီဒီးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဘာတွေဆက်လုပ်ဖို့ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ တစ်လျှောက်လုံးရပ်တည်လာတဲ့အတိုင်း ရွှေ့ပြောင်းနိုင်အောင်လို့ ကျွန်တော်တို့ တောင်းဆိုသွားမယ်။ ဒီဟာကြီး လာထားသွားတည်းက ကျွန်တော်တို့ကို စော်ကား သလိုဖြစ်တယ်။ ဘယ်သူအတွက်မှလည်း ကောင်းတဲ့အရာမဟုတ်တဲ့အတွက် ဖြစ်နိုင်ရင်တော့ အဲဒါကတော့ အကောင်းဆုံးပဲဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ တစ်သက်လုံး ဒီဟာထဲမှာ ရှိနေတာအမှန်တရားတစ်ခုပါ။ ဒါကကျွန်တော်တို့အားလုံးလိုလိုလားလားလည်း လက်ခံလို့ အဲဒီနေရာမှာ ရှိနေခြင်းဖြစ်တဲ့ ဟာတော့ ကျွန်တော်တို့ပြောမှာမဟုတ်ဘူး။

မေး။ ။ တောင်းထားတဲ့ ကတိတွေကလည်း အခုထိမရသေးဘူးဆိုတော့ ဘာတွေဆက်လုပ်ဖို့ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့အခြေအနေကို ပြန်လည်သုံးသပ်မှ ကျွန်တော်တို့ ရပ်တည်တဲ့အတိုင်းဆက်လက်ရပ်တည်မှာပါ ရွှေ့ပြောင်းခြင်း မပြောင်းခြင်းကတော့ ရေတိုရေရှည်ရလဒ်ကတော့ ကျွန်တော်တို့ခန့်မှန်း ယတိပြတ် ပြောဖို့ကတော့ ခက်ခဲနေအုန်းမှာပါ။

မေး။ ။ နိုင်ငံရေး ဘာတွေဆက်လုပ်ဖို့ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ တစ်လျှောက်လုံးရပ်တည်လာတဲ့အတိုင်း ဒီနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းတဲ့နေရာမှာတော့ တိုင်းရင်းသားအရေးရယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ေရးရယ်။ စစ်တပ်ကဏ္ဍကို ကျွန်တော်တို့ မကိုင်တွယ်နိုင်သရွေ့တော့ ရွေးကောက်ပွဲ ဘယ်လောက်ပဲလုပ်လုပ် ဘယ်အစိုးရပဲတက်တက် သိသာထင်ရှားတဲ့ ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်ပါတယ်။

မေး။ ။ ရွေးကောက်ပွဲကလည်း မကြာခင်စတော့မှာဆိုတော့ ရွေးကောက်ပွဲအပေါ် ကိုယ့်အမြင်ကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ရွေးကောက်ပွဲကတော့ ဘယ်သူလွှတ်တော်ထဲမှာ နေရာရအောင်လုပ်ကြမလဲ။ ဘယ်ပါတီက အာဏာရအောင်လုပ်ကြမလဲ။ နေရာရအောင်လုပ်ကြမလဲဆိုတဲ့ဟာထက်ပိုပြီးမှ တိုင်းသူပြည်သားတွေ မျှော်မှန်းတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်အောင် ဖွွံံံ့ဖြိုးတိုးလာမယ့်ဟာတော့ ကျွန်တော်တော့ မမြင်ဘူူးပေါ့။ အာဏာနဲ့ နေရာအတွက် ပြိုင်ဆိုင်တဲ့နေရာကလွဲလို့ ကျန်တဲ့ဟာတော့ ကျွန်တော်မမြင်ပါဘူး။

မေး။ ။ ရွေးကောက်ပွဲ အခင်းအကျင်းအပေါ် ဘယ်လိုမျိုးမြင်လဲ။

ဖြေ။ ။ ၂၀၁၅ကလို လက်ရှိ NLD အနိုင်ရမှာ မဟုတ်ဘူးလို့ပြောချင်တယ်။ တစ်ခြားနေရာတွေမှာတော့ တစ်ခြား တိုင်းရင်းသားပါတီတွေ နောက်တစ်ခြား NLDမဟုတ်တဲ့ ပါတီတွေနေရာပိုရလာလိမ့့်မယ်လို့ ကျွန်တော်မြင်ပါတယ်။

မေး။ ။ ၂၀၂၀ မှာပါတီနိုင်ငံရေးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိလား။

ဖြေ။ ။ လက်ရှိ ၂၀၀၈ အဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာတော့ ကျွန်တော်အဲဒါကို စိတ်မဝင်စားပါဘူး။ ကျွန်တော်ကတော့ ပြည်သူတစ်ယောက်အနေနဲ့ အမှန်တရားဘက်မှာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့အပြောင်းအလဲအတွက် ကျွန်တော်ကတော့ တတ်နိုင်တဲ့ကဏ္ဍကနေပြီးဆက်ပါဖို့ ဆုံးဖြတ်ထားတယ်။ နောက်တစ်ခုကတော့ ပါတီဆိုဒ်ကိုအားပေးမယ်ဆိုရင်ကတော့ ကျွန်တော်ကတော့ တိုင်းရင်းပါတီဆိုဒ်ကို အားပေးမှာဖြစ်တယ်။

မိတ်ဖက်ပါတီအနေနဲ့ကတော့ အစဉ်အဆက်ပေါ့။ စစ်အုပ်စုတွေနဲ့ ပတ်သတ်ခဲ့တဲ့ဟာကတော့ ကျွန်တော်ကတော့ ထောက်ခံမှာမဟုတ်ဘူး။ အစဉ်အဆက် ဒီမိုကရေစီအင်အားစုအနေနဲ့ ရပ်တည်ခဲ့တဲ့ပါတီကိုတော့ သူတို့မူဝါဒလုပ်ရပ်အပေါ်ကြည့်ပြီးတော့မှ ကျွန်တော်အနေနဲ့ကတော့ ထောက်ခံအားပေးသွားမယ်။ အဲဒီကတော့ ကျွန်တော်တို့ တိုင်းရင်းသားပါတီကိုအပြည့်အဝပေါ့နော် တက်နိုင်တဲ့ဘက်ကနေ ကူညီလုပ်ဆောင်ပေးသွားမှာပါ။

မေး။ ။ ဖြည့်စွက်ပြီး ဘာများပြောချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ ပြည်နယ်မှာရှိတဲ့ ထားသွားတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြည်နယ်ရဲ့လာမယ့် သမိုင်းတစ်လျှောက်လုံးမှာ အမည်းစက်အနေနဲ့ ကျန်ခဲ့မှာပေါ့နော်။ ကျွန်တော်တို့ ဒီအမည်းစက်ကိုပယ်ဖြတ်ဖို့ကေတာ့ တော်တော်လေးခက်လိမ့်မယ်။ ကျွန်တော်တို့ ကြေးရုပ်တစ်ခုတောင်မှ ကျွန်တော်တို့ တိုင်းရင်းသားလူနည်းစု တွေအပေါ်မှာ သဘောထားမကြီးဘူးဆိုရင် ဒီထက်ကြီးမားတဲ့ အမျိုးသားတန်တူရေးစတဲ့ တောင်းဆိုချက်လိုလားချက်ကျရင် ပိုမိုခက်ခဲတဲ့ အနေအထားမှာဖြစ်တဲ့အတွက် ဒီဆုံးဖြတ်ချက်ချနိုင်တဲ့လူတွေ အာဏာရတဲ့ လူတွေအနေနဲ့ နောင်နောင်ဒီလိုမလားတဲ့ အမှားတွေကို ဆက်ပြီးမကျူးလွန်ဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။


No comments:

Post a Comment

My Blog List