Tuesday, December 17, 2019

ထိုင်းဝန်ကြီးချုပ် ဆေးဖက်ဆိုင်ရာ ဆေးခြောက်ကို ပထမဦးဆုံးသုံးစွဲသူဖြစ်လာ


ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဆေးဖက်ဆိုင်ရာ ဆေးခြောက်အသိပညာ ပေးဝက်ဆိုက်ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး ဆေးဖက်ဆိုင်ရာအတွက် ထုတ်လုပ်ထားတဲ့ ဆေးခြောက်ထုတ်ကုန် တွေကို သုံးစွဲပြခဲ့ပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ပရာယွတ်ကို အဆိုပါအခမ်းအနားမှာ Dr.Ganja လို့ အမည်ပေးထားတဲ့ ဆေး ခြောက်လာဘ်ကောင်အရုပ်ကို ကိုင်ဆောင်ထားတာကိုတွေ့ရပါတယ်။
ပရယွတ်ဟာ ဆေးခြောက်ဆီကို ၎င်းရဲ့ နားရွက်နောက်မှာ သုတ်လိမ်းသရုပ်ပြခဲ့တယ်လို့လည်း Nation Thailand ကဖော်ပြခဲ့ပါတယ်။
ပရာယွတ်ဟာ ကိုယ်တိုင်အသုံးပြုဖို့အတွက်လည်း ဆေးခြောက်ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူမယ်လို့ ပြောကြားခဲ့ပါတယ်။
ပရာယွတ်ဟာ ဆေးခြောက်သုံးစွဲမှုကို ထောက်ခံသူတစ်ဦးဖြစ်ပေမယ့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူရဲ့ လမ်းညွှန်ချက်မပါဘဲ သုံးစွဲရင် ထိခိုက်မှုတွေရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ အာရှမှာ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုတဲ့ ပထမဦးဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
(Unicode)
ထိုင်းဝန်ကြီးချုပ် ဆေးဖက်ဆိုင်ရာ ဆေးခြောက်ကို ပထမဦးဆုံးသုံးစွဲသူဖြစ်လာ
…………………………………………………………

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဆေးဖက်ဆိုင်ရာ ဆေးခြောက်အသိပညာ ပေးဝက်ဆိုက်ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး ဆေးဖက်ဆိုင်ရာအတွက် ထုတ်လုပ်ထားတဲ့ ဆေးခြောက်ထုတ်ကုန် တွေကို သုံးစွဲပြခဲ့ပါတယ်။
အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ပရာယွတ်ကို အဆိုပါအခမ်းအနားမှာ Dr.Ganja လို့ အမည်ပေးထားတဲ့ ဆေး ခြောက်လာဘ်ကောင်အရုပ်ကို ကိုင်ဆောင်ထားတာကိုတွေ့ရပါတယ်။
ပရယွတ်ဟာ ဆေးခြောက်ဆီကို ၄င်းရဲ့ နားရွက်နောက်မှာ သုတ်လိမ်းသရုပ်ပြခဲ့တယ်လို့လည်း Nation Thailand ကဖော်ပြခဲ့ပါတယ်။
ပရာယွတ်ဟာ ကိုယ်တိုင်အသုံးပြုဖို့အတွက်လည်း ဆေးခြောက်ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူမယ်လို့ ပြောကြားခဲ့ပါတယ်။
ပရာယွတ်ဟာ ဆေးခြောက်သုံးစွဲမှုကို ထောက်ခံသူတစ်ဦးဖြစ်ပေမယ့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူရဲ့ လမ်းညွှန်ချက်မပါဘဲ သုံးစွဲရင် ထိခိုက်မှုတွေရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ အာရှမှာ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုတဲ့ ပထမဦးဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
#PeopleMedia

No comments:

Post a Comment

My Blog List