Friday, December 20, 2019

အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ပုံစံတူ ကြေးရုပ် ဖွင့်ပွဲပြုလုပ်

Image may contain: 2 people, people smiling, people standing
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်းတွင်ထားရှိသည့် ပထမအင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်တု ဖွင့်ပွဲအား ဒီဇင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည် ။

သတိုးမင်းဖျားကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားကို သီတဂူ ဆရာတော် ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
``သတိုးမင်းဖျားရုပ်တုအတွက် သတိုးမင်းဖျားနန်းစံခဲ့တဲ့ ပထမအင်းဝခေတ်သာမက အရင်က ရှိခဲ့ဖူးတဲ့ ပင်းယခေတ် ၊ ပထမအင်းဝခေတ်နောက်မှာရှိတဲ့ ဟံသာဝတီခေတ်နဲ့ ဒုတိယအင်းဝခေတ်တွေကိုပါလေ့လာပြီးတော့ အဲ့ဒီခေတ်ကရှိခဲ့တဲ့ နံရံပန်းချီတွေ ကြေး ကျောက် အင်္ဂတေ စတဲ့ ရုပ်ထုရုပ်ကြွတွေ လေ့လာပြီးတော့မှ ဒီပုံစံကို ပထမအင်းဝခေတ်နဲ့ညီအောင် ထုလုပ်တာပါ။´´ ဟု ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောသည် ။
အင်းဝမြို့ဟောင်းတွင်ထားရှိရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုထားပြီးဖြစ်သည့်အတွက် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန် က အဆိုပါကြေးရုပ်ကို စတင်ထားရှိခဲ့သော်လည်း ယခုအခါမှ ဖွင့်ပွဲပြုလုပ်ခြင်းဖြစ်သည် ။
အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား၏ ပုံစံတူ ကြေးရုပ်ထုမှာ အမြင့်ပေ ၁၃ ပေ ၆ လက်မ ရှိပြီး မတ်တပ်ရပ်ပုံစံဖြစ်ကာ လက်တစ်ဖက်တွင် ဓားကိုကိုင်ဆွဲထား၍ ကျန်လက်တစ်ဖက်မှာ လှံတံကို ကိုင်မြှောက်ထားသည့် ပုံစံဖြစ်ကာ ကြေးပိဿချိန်ပေါင်း (၉၀၀) ဖြင့် ကျပ်သိန်း (၄၀၀) အကုန်ကျခံထုလုပ်ခြင်းဖြစ်ကြောင်း သိရသည် ။
ရုပ်တုအား ရင်ပြင်ပုံစံပြုလုပ်ထားသည့် အုတ်ခုံပေါ်တွင် ထားရှိခြင်းဖြစ်ပြီး လူတက်ရောက်နိုင်သည့်အမြင့်မှာ ၇ ပေ နှင့် ရုပ်တုတင်သည့် အုပ်ခုံမှာ ၇ ပေ အမြင့်ပေ စုစုပေါင်း ၁၄ ပေရှိကာ ရင်ပြင်အကျယ်မှာ ပေ ၇၀ ရှိသည် ။
အဆိုပါ ကြေးရုပ်တုအား သီတဂူဆရာတော်ဘုရားကြီး မိန့်ကြားချက်ဖြင့် ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ဦးစီး၍ ထုလုပ်ခြင်းဖြစ်ပြီး၂၀၁၇ ခုနှစ် ဇွန်လထဲက စတင်ထုလုပ်ခဲ့ကာ ၂၀၁၈ ခုနှစ် ဇွန်လထဲက ထုလုပ်ပြီးစီးခဲ့ပြီဖြစ်သည် ။
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် မြို့တည်နန်းတည် အထိမ်းအမှတ် မြန်မာဘုရင် ကြေးသွန်းရုပ်တု တည်ဆောက်ကြခြင်းမှာ စစ်ကိုင်းမြို့တည် နှ စ်- ၇၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ်တွင် အသင်္ခယာစောယွန်း ရုပ်တု (စစ်ကိုင်း)၊ ၂၀၁၉ ခုနှစ်တွင် အင်းဝမြို့တည် သတိုးမင်းဖျား ကြေးသွန်းရုပ်တု (အင်းဝ) သည် ဒုတိယမြောက်ဖြစ်ပါသည်။
Image may contain: 1 person, sky
Image may contain: one or more people
Image may contain: one or more people, people standing and indoor
Image may contain: 7 people, people standing
Image may contain: 3 people, people standing
Image may contain: 1 person, smiling
(Zawgyi)
အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ပုံစံတူ ကြေးရုပ် ဖွင့်ပွဲပြုလုပ်
ဒီဇင္ဘာ - ၂၀
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်းတွင် ထားရှိသည့် ပထမ အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်တု ဖွင့်ပွဲအား ဒီဇင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည် ။
သတိုးမင်းဖျားကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားကို သီတဂူ ဆရာတော် ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
``သတိုးမင်းဖျားရုပ်တုအတွက် သတိုးမင်းဖျားနန်းစံခဲ့တဲ့ ပထမအင်းဝခေတ်သာမက အရင်က ရှိခဲ့ဖူးတဲ့ ပင်းယခေတ် ၊ ပထမအင်းဝခေတ်နောက်မှာရှိတဲ့ ဟံသာဝတီခေတ်နဲ့ ဒုတိယအင်းဝခေတ်တွေကိုပါလေ့လာပြီးတော့ အဲ့ဒီခေတ်ကရှိခဲ့တဲ့ နံရံပန်းချီတွေ ကြေး ကျောက် အင်္ဂတေ စတဲ့ ရုပ်ထုရုပ်ကြွတွေ လေ့လာပြီးတော့မှ ဒီပုံစံကို ပထမအင်းဝခေတ်နဲ့ညီအောင် ထုလုပ်တာပါ။´´ ဟု ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောသည် ။
အင်းဝမြို့ဟောင်းတွင်ထားရှိရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုထားပြီးဖြစ်သည့်အတွက် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန် က အဆိုပါကြေးရုပ်ကို စတင်ထားရှိခဲ့သော်လည်း ယခုအခါမှ ဖွင့်ပွဲပြုလုပ်ခြင်းဖြစ်သည် ။
အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား၏ ပုံစံတူ ကြေးရုပ်ထုမှာ အမြင့်ပေ ၁၃ ပေ ၆ လက်မ ရှိပြီး မတ်တပ်ရပ်ပုံစံဖြစ်ကာ လက်တစ်ဖက်တွင် ဓားကိုကိုင်ဆွဲထား၍ ကျန်လက်တစ်ဖက်မှာ လှံတံကို ကိုင်မြှောက်ထားသည့် ပုံစံဖြစ်ကာ ကြေးပိဿချိန်ပေါင်း (၉၀၀) ဖြင့် ကျပ်သိန်း (၄၀၀) အကုန်ကျခံထုလုပ်ခြင်းဖြစ်ကြောင်း သိရသည် ။
ရုပ်တုအား ရင်ပြင်ပုံစံပြုလုပ်ထားသည့် အုတ်ခုံပေါ်တွင် ထားရှိခြင်းဖြစ်ပြီး လူတက်ရောက်နိုင်သည့်အမြင့်မှာ ၇ ပေ နှင့် ရုပ်တုတင်သည့် အုပ်ခုံမှာ ၇ ပေ အမြင့်ပေ စုစုပေါင်း ၁၄ ပေရှိကာ ရင်ပြင်အကျယ်မှာ ပေ ၇၀ ရှိသည် ။
အဆိုပါ ကြေးရုပ်တုအား သီတဂူဆရာတော်ဘုရားကြီး မိန့်ကြားချက်ဖြင့် ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ဦးစီး၍ ထုလုပ်ခြင်းဖြစ်ပြီး၂၀၁၇ ခုနှစ် ဇွန်လထဲက စတင်ထုလုပ်ခဲ့ကာ ၂၀၁၈ ခုနှစ် ဇွန်လထဲက ထုလုပ်ပြီးစီးခဲ့ပြီဖြစ်သည် ။
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် မြို့တည်နန်းတည် အထိမ်းအမှတ် မြန်မာဘုရင် ကြေးသွန်းရုပ်တု တည်ဆောက်ကြခြင်းမှာ စစ်ကိုင်းမြို့တည် နှ စ်- ၇၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ်တွင် အသင်္ခယာစောယွန်း ရုပ်တု (စစ်ကိုင်း)၊ ၂၀၁၉ ခုနှစ်တွင် အင်းဝမြို့တည် သတိုးမင်းဖျား ကြေးသွန်းရုပ်တု (အင်းဝ) သည် ဒုတိယမြောက်ဖြစ်ပါသည်။

No comments:

Post a Comment

My Blog List