Friday, December 20, 2019

မူဆလင်နိုင်ငံများ အားကောင်းပြီး လွတ်လပ်မှုရှိရန်လိုဟု မလေးရှား ဝန်ကြီးချုပ်ပြောကြား

Image may contain: 1 person, text

ပြည်ပနိုင်ငံတွေရဲ့ ကြားဝင်စွက်ဖက်မှုကို တွန်းလှန်နိုင်ဖို့အတွက် မူဆလင်နိုင်ငံများ အားကောင်းပြီး လွတ်လပ် မှုရှိဖို့ လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။

ပြည်ပနိုင်ငံတွေဟာ မူဆလင်နိုင်ငံတွေကို အချင်းချင်းတိုက်ခိုက်ကြတာကို မြင်တွေ့လိုကြပြီး အခုလို အချင်း ချင်းတိုက်ခိုက်နေသမျှ မူဆလင်နိုင်ငံတွေဟာ အားကောင်းမှာမဟုတ်ဘူးလို့ မဟာသီယာက ပြောပါတယ်။
ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးပွဲတစ်ခုရဲ့ အမေးအဖြေကဏ္ဍမှာ မဟာသီယာက အခုလို ပြော ကြားခဲ့တာဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေအားလုံးဟာ မိမိတို့နိုင်ငံတွေမှာ ဘာပဲဖြစ်နေဖြစ်နေ လွှမ်းမိုးလို ကြပြီး ဒါကို မိမိတို့အနေနဲ့ တွန်းလှန်ဖို့လိုတယ်လို့ မဟာသီယာက ပြောပါတယ်။ ဒီလို တွန်းလှန်ဖို့အတွက် မူဆလင်နိုင်ငံတွေဟာ အားကောင်းပြီး လွတ်လပ်မှုရှိဖို့လိုတယ်လို့ မဟာသီယာက ပြောကြားခဲ့ပါတယ်။
(Unicode)
မူဆလင်နိုင်ငံများ အားကောင်းပြီး လွတ်လပ်မှုရှိရန်လိုဟု မလေးရှား ဝန်ကြီးချုပ်ပြောကြား
…………………………………………………………

ပြည်ပနိုင်ငံတွေရဲ့ ကြားဝင်စွက်ဖက်မှုကို တွန်းလှန်နိုင်ဖို့အတွက် မူဆလင်နိုင်ငံများ အားကောင်းပြီး လွတ်လပ် မှုရှိဖို့ လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။
ပြည်ပနိုင်ငံတွေဟာ မူဆလင်နိုင်ငံတွေကို အချင်းချင်းတိုက်ခိုက်ကြတာကို မြင်တွေ့လိုကြပြီး အခုလို အချင်း ချင်းတိုက်ခိုက်နေသမျှ မူဆလင်နိုင်ငံတွေဟာ အားကောင်းမှာမဟုတ်ဘူးလို့ မဟာသီယာက ပြောပါတယ်။
ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးပွဲတစ်ခုရဲ့ အမေးအဖြေကဏ္ဍမှာ မဟာသီယာက အခုလို ပြော ကြားခဲ့တာဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေအားလုံးဟာ မိမိတို့နိုင်ငံတွေမှာ ဘာပဲဖြစ်နေဖြစ်နေ လွှမ်းမိုးလို ကြပြီး ဒါကို မိမိတို့အနေနဲ့ တွန်းလှန်ဖို့လိုတယ်လို့ မဟာသီယာက ပြောပါတယ်။ ဒီလို တွန်းလှန်ဖို့အတွက် မူဆလင်နိုင်ငံတွေဟာ အားကောင်းပြီး လွတ်လပ်မှုရှိဖို့လိုတယ်လို့ မဟာသီယာက ပြောကြားခဲ့ပါတယ်။
#PeopleMedia #International

No comments:

Post a Comment

My Blog List