Friday, December 20, 2019

ဟောင်ကောင်ဆန္ဒပြသူများအား ကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့လှူဒါန်းသူ ၄ ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား

Image may contain: one or more people
ဟောင်ကောင်တွင်ဆန္ဒပြသူများအား ဟောင်ကောင်ဒေါ်လာ သန်း ၇၀(ကန်ဒေါ်လာ ၁၀သန်း) ထောက်ပံ့လှူဒါန်းသည့် အသက် ၁၇ နှစ်မှ အသက် ၅၀ အတွင်းလူ ၄ဦး(အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ဦး)တို့ကိုု ငွေကြေးခဝါချမှုဖြင့် ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကောင်း ယနေ့(ဒီဇင်ဘာ ၁၉)ရက်တွင် ယင်းရဲတပ်ဖွဲ့ကပြောသည်။

ရဲတပ်ဖွဲ့သည် ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး၊ ပေကျင်းဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံရေးဝေဖန်ရေးသမားများကို ငွေကြေထောက်ပံ့လှူဒါန်းမှုများပြုလုပ်လေ့ရှိသည့် Spark Alliance ဟူသည့် အွန်လိုင်း ပလက်ဖောင်းတစ်ခုကို စုံစမ်းထောက်လှမ်းခဲ့သည်။
ယင်းသည် လူအများစုထံမှငွေကြေးလှူဒါန်းမှုများကို စုစည်း၍ ပြန်လည်ထောက်ပံ့ပေးသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သန်းနှင့်ချီသော ဒေါ်လာများကို ဆန္ဒပြရာတွင် အဖမ်းခံရသူများအတွက်သော်လည်းကောင်း၊ အခြားဆန္ဒပြမှုဆိုင်ရာကိစ္စများအတွက်သော်လည်းကောင်း ယခုနှစ် ဇွန်လအစောပိုင်းကတည်းက စတင်ထောက်ပံ့မှုများပြုလာခဲ့သည်ဆို၏။
”လှူဒါန်းတဲ့ငွေတွေကို အမည်ခံကုမ္ဗဏီတစ်ခုဆီလွှဲပြီး အဲဒီငွေတွေအနက် များပြားတဲ့ ပမာဏကိုတော့ ပုဂ္ဂလိကအာမခံတွေမှာ ထပ်ပြီး ရင်းနှီးမြှုတ်နှံတာကို တွေ့ရပါတယ်”ဟု အကြီးတန်းရဲအရာရှိ ချန်ဝေကိုင်းက သတင်းထောက်များအားပြောသည်။
”ငွေကြေးခဝါချမှုဆိုရာမှာ တရားဥပဒေနဲ့မညီညွတ်တဲ့ဆောင်ရွက်မှုမျိုးကနေ ရလာတဲ့ငွေတွေဆိုတာကို သိတာတောင်မှ အဲဒီငွေကြေးတွေကို ဆက်ပြီးကိုင်တွယ်ထားတာကလဲ အကျုံးဝင်ပါတယ်”ဟုလည်းသူကပြောသည်။
Source: AFP/aa
Ref: Hong Kong police freeze US$10 million in protest fund
Photo: Reuters/Marko Djurica

(Zawgyi)
ဟောင်ကောင်ဆန္ဒပြသူများအား ကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့လှူဒါန်းသူ ၄ ဦးအား ဟောင်ကောင်ရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား

ဟောင်ကောင်တွင်ဆန္ဒပြသူများအား ဟောင်ကောင်ဒေါ်လာ သန်း ၇၀(ကန်ဒေါ်လာ ၁၀သန်း) ထောက်ပံ့လှူဒါန်းသည့် အသက် ၁၇ နှစ်မှ အသက် ၅၀ အတွင်းလူ ၄ဦး(အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ဦး)တို့ကို ငွေကြေးခဝါချမှုဖြင့် ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကောင်း ယနေ့(ဒီဇင်ဘာ ၁၉)ရက်တွင် ယင်းရဲတပ်ဖွဲ့ကပြောသည်။
ရဲတပ်ဖွဲ့သည် ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး၊ ပေကျင်းဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံရေးဝေဖန်ရေးသမားများကို ငွေကြေထောက်ပံ့လှူဒါန်းမှုများပြုလုပ်လေ့ရှိသည့် Spark Alliance ဟူသည့် အွန်လိုင်း ပလက်ဖောင်းတစ်ခုကို စုံစမ်းထောက်လှမ်းခဲ့သည်။
ယင်းသည် လူအများစုထံမှငွေကြေးလှူဒါန်းမှုများကို စုစည်း၍ ပြန်လည်ထောက်ပံ့ပေးသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သန်းနှင့်ချီသော ဒေါ်လာများကို ဆန္ဒပြရာတွင် အဖမ်းခံရသူများအတွက်သော်လည်းကောင်း၊ အခြားဆန္ဒပြမှုဆိုင်ရာကိစ္စများအတွက်သော်လည်းကောင်း ယခုနှစ် ဇွန်လအစောပိုင်းကတည်းက စတင်ထောက်ပံ့မှုများပြုလာခဲ့သည်ဆို၏။
”လှူဒါန်းတဲ့ငွေတွေကို အမည်ခံ ကုမ္ဗဏီတစ်ခုဆီလွှဲပြီး အဲဒီငွေတွေအနက် များပြားတဲ့ ပမာဏကိုတော့ ပုဂ္ဂလိကအာမခံတွေမှာ ထပ်ပြီး ရင်းနှီးမြှုတ်နှံတာကို ကျွန်တော်တို့တွေ့ရပါတယ်”ဟု အကြီးတန်းရဲအရာရှိ ချန်ဝေကိုင်းက သတင်းထောက်များအားပြောသည်။
”ငွေကြေးခဝါချမှုဆိုရာမှာ တရားဥပဒေနဲ့မညီညွတ်တဲ့ဆောင်ရွက်မှုမျိုးကနေ ရလာတဲ့ငွေတွေဆိုတာကို သိတာတောင်မှ အဲဒီငွေကြေးတွေကို ဆက်ပြီးကိုင်တွယ်ထားတာကလဲ အကျုံး၀င်ပါတယ်”ဟုလည်းသူကပြောသည်။
Source: AFP/aa
Ref: Hong Kong police freeze US$10 million in protest fund
Photo: Reuters/Marko Djurica

No comments:

Post a Comment

My Blog List