Monday, December 16, 2019

လူမှုကွန်ယက်တွင်ပျံ့နှံ့နေသောမန္တလေးနန်းတွင်း၌ အားကစားလေ့ကျင့်မှုပုံရိပ် ကြောင့် အနွယ်တော်များ

Image may contain: outdoor
ယနေ့လူမှုကွန်ယက်တွင်ပျံ့နှံ့နေသော မန္တလေးနန်းတွင်း၌ အမျိုးသမီးများအားကစားလေ့ကျင့်နေသောဓာတ်ပုံကြောင့် မြန်မာဘုရင်တို့၏နောက်ဆုံးထီးနန်းစိုက်ရာ အမျိုးသားယဉ်ကျေးမှုနေရာတွင် ယခုကဲ့သိုပြုမူနေခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ကုန်းဘောင်မင်းဆက်အနွယ်တော်တစ်ဦးကပြောသည်။

နန်းတွင်း၌ယောဂလေ့ကျင့်နေသည်ဟုယူဆရသောကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်နေသောဓာတ်ပုံများပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများခဲ့ခြင်းဖြစ်သည်။
"ပုံမြင်ရတာကတော့ တစ်ဖက်ကကြည့်ရင်တော့ကျန်းမာရေးအားကစားလုပ်တာပေါ့ အားကစားလုပ်တာကတော့ပြဿနာမရှိဘူးပေါ့ ဒါပေမယ့် အဝတ်အစားပုံစံကပြောစရာပေါ့ အမြင်မသင့်တော်ပါဘူး ဒီနန်းတော်ဆိုတာကအမျိုးသားရေးလက္ခဏာရှိတဲ့နေရာပေါ့ ဒီလိုနေရာမှာဒီလိုဝတ်စားဆင်ယင်တာကတော့ မသင့်တော်ဘူးဒီလိုဝတ်စားပြီးရိုက်တာကိုကျွန်တော်ထင်တယ် တာဝန်ရှိသူတွေသိမှာမဟုတ်ဘူး အနွယ်တော်တွေအနေနဲ့ကတော့ ဒေါသဖြစ်ရုံ စိတ်မကောင်းဖြစ်ရုံပဲရှိပါတယ်"ဟုပျဉ်းမနားမင်းသားကြီးနှင့် ထရံကာထိပ်ခေါင်တင်မင်းသမီးကြီး မြစ်တော် ဦးထိပ်တင်အောင်ကပြောသည်။
မန္တလေးနန်းတော်မှာ မြန်မာဘုရင်စနစ်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်းနှင့် မိဖုရားစုဖုရားလတ်တို့နောက်ဆုံးနန်းစံရာနေရာဖြစ်သည်။
ထူးမြတ်

No comments:

Post a Comment

My Blog List