Friday, December 20, 2019

မော်စကို ပစ်ခတ်မှု ထောက်လှမ်းရေးအရာရှိတစ်ဦး သေဆုံး

Image may contain: 1 person, car and outdoor
ရုရှားနိုင်ငံ မော်စကို မြို့လယ်ကောင်က ထောက်လှမ်းရေးအဖွဲ့ အက်ဖ်အက်စ်ဘီ ရုံးချုပ်နားမှာ အခုလ ၁၉ ရက်နေ့တုန်း က ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုမှာ အက်ဖ်အက်စ်ဘီက ထောက်လှမ်းရေးအရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ ပစ်ခတ်သူကို ထိန်းသိမ်းထားပြီး ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ထုတ်နေတယ်လို့ အက်ဖ်အက်စ်ဘီက ဆိုပါတယ်။
ဒါပေမဲ့ ရိုက်တာသတင်းထောက်တစ်ယောက်ကတော့ အက်ဖ်အက်စ်ဘီက အဲဒီလို ထုတ်ပြန်ပြီးနောက်ပိုင်းမှာတောင် အဲဒီ နေရာပတ်ဝန်းကျင်မှာ ပစ်ခတ်သံတချို့ ထပ်ကြားနေရပြီး ရဲတပ်ဖွဲ့ဝင်တွေကလည်း ပိုပြီး တင်းတင်းကျပ်ကျပ် စောင့်ကြပ် နေကြတယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိခဲ့သူတစ်ယောက်ကလည်း လမ်းဘေးမှာ အရာရှိတစ်ယောက် သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ရိုက် တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ပစ်ခတ်မှုဟာ ညနေ ၄ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်တဲ့နေရာကို လူနာတင်ယာဉ် ငါးစီး ရောက်ရှိလာခဲ့ ပါတယ်။ ဘာကြောင့်ပစ်ခတ်လဲဆိုတာလည်း မသိရသေးပါဘူး။
အက်ဖ်အက်စ်ဘီဆိုတာ ၁၉၉၅ ခုနှစ်မှာ ကေဂျီဘီကို ဆက်ခံခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့ဖြစ်ပါတယ်။
Source: Reuters

No comments:

Post a Comment

My Blog List