Monday, December 16, 2019

၀န်ကြီးဌာနများပေါင်းခြင်းသည်ပိုကောင်းရန်သာဖြစ်ပြီးစက်မှုဝန်ထမ်းများကိုဥမကွဲသိုက်မပျက်အောင်ဆောင်ရွက်ပေးမည်ဟု စီမံ၊ဘဏ္ဍာ၊စက်မှုဝန်ကြီးဂတိပြု စက်ရုံကိုမရှုံးမမြတ်အခြေအနေဖြစ်အောင် ဦးတည်ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြား

Image may contain: 3 people, people standing and text

ဝန်ကြီးဌာနများပေါင်းခြင်းသည်ပိုကောင်းရန်သာဖြစ်ပြီး ဝန်ထမ်းများကိုဥမကွဲသိုက်မပျက်အောင်ဆောင်ရွက်ပေးမည်ဟု စီမံ၊ဘဏ္ဍာ၊စက်မှုဝန်ကြီးဦးစိုးဝင်းက စက်မှုဝန်ထမ်းများနှင့်တွေ့စဉ် ဂတိပြုခဲ့သည်။

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယခုရက်ထဲ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများနှင့် စက်မှုသင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ရှိ အမှတ်(၁)အထည်စက်ရုံ သို့အရောက် ဝန်ကြီးက အထက်ပါစကားကိုပြောကြားခဲ့ခြင်းဖြစ်သည်။
ရွှေတောင်မြို့နယ်ရှိ အမှတ်(၁)အထည်စက်ရုံကို ဂျပန်နိုင်ငံ၊ Tsuyatomo Co., Ltd. နှင့် အစိုးရက မကြာခင် အကျိုးတူဖက်စပ်ဆောင်ရွက်ရန် ရှိနေပြီး၊လက်ရှိတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA ၏ ကူညီ ထောက်ပံ့မှုဖြင့်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိနေသည့် စက်ရုံတစ်ခုဖြစ်သည်ဟုသိရသည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန(၂)ခုပူးပေါင်းခြင်းသည် ကျစ်ကျစ်လစ်လစ်ဖြင့် လုပ်ငန်းတာဝန်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ယခင်အတိုင်း ကြိုးစားဆောင်ရွက်သွားရန်သာလိုကြောင်း၊ ဝန်ထမ်းများကိုလည်း ဥမကွဲသိုက်မပျက်အောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရုံဝင်ငွေ တိုးတက်ရရှိအောင် အားလုံး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိထုတ်ကုန်ပစ္စည်းများကို ဈေးကွက် ပိုမိုရရှိအောင် စီမံဆောင်ရွက်ရန်လိုကြောင်း၊ စက်ရုံကိုမရှုံးမမြတ်အခြေအနေ(Break Even Point-BEP)ဖြစ်အောင် ဦးတည်ကြိုးပမ်းဆောင်ရွက်သွားရန်စသဖြင့်မှာကြားခဲ့သည်။
ကိုမင်း/Myanmar Harpa

No comments:

Post a Comment

My Blog List