Friday, December 20, 2019

လက်နက်နဲ့ အပြောင်းအလဲလုပ်ဖို့ ကြိုးစားတာ သတ္တိနည်းလို့ဖြစ်နိုင် နိုင်ငံအပေါ် စေတနာရှိရင် နိုင်ငံကိုထိမယ့်ကိစ္စကို ဘယ်တော့မှမလုပ်ဘူး


Image may contain: one or more people
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၉ ရက်တွင် ရခိုင် ပြည်နယ် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြော ကြားပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆေွ၊ ဦးမင်းသူနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဦးတင်လတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးညီပု၊ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်း သားများက သံတွဲလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး မာန်အောင်မြို့ သို့ရောက်ရှိကြရာ ရခိုင်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မာန်အောင်နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ ထို့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကား ပြောကြားသည် ။

ယခု နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိမှုကြောင့် မာန်အောင်မြို့နယ်အတွင်းရှိ လူမှုစီးပွားဘဝများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများ၌ အထောက်အကူပြုဖြစ်မည်ဖြစ်ပြီး ဒေသထွက် ပစ္စည်းများ အခြေခံ၍ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများလည်း ထူထောင်နိုင်မည်ဖြစ်ကာ ဒေသခံ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ခရီးသွားလုပ်ငန်းအပါအဝင် အခြားကဏ္ဍများအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မာန်အောင်မြို့နယ် ပြည်သူများကိုယ်စား မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်က ယနေ့သည် မိမိတို့ မာန်အောင်ကျွန်းပေါ်တွင် နေထိုင်ကြသည့် ပြည်သူများအတွက် အိပ်မက်တစ်ခုအကောင်အထည်ပေါ်လာသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း။ မိမိတို့ တစ်ရက်တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိခဲ့သည့်နေ့ တစ်ရက်မှမရှိခဲ့ပါကြောင်း၊ မိမိတို့မှာ ရေနံဆီမီးခွက်ဖြင့် ကြီးပြင်းခဲ့ရသူများဖြစ်ပါေကြာင်း၊ ယခု၂၄နာရီ လျှပ်စစ်မီးရရှိမည်ဖြစ်သည့်အတွက် မိမိတို့သား၊ သမီး၊ မြေး၊ မြစ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် လူမှုဘဝများ မြင့်မားလာကြမည်ဖြစ်ပါကြောင်း ၊ ထို့အတွက် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ပေးသည့်အတွက် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီးမစ္စတာလီဆန်းဟွာနှင့် POSCO International Corporation မှ Chief ExecutiveOfficer Mr. Kim Young Sang တို့က မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ယခုဖွင့်လှစ်သည့် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် POSCO International Corporation မှ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ လူမှုတာဝန်သိ အစီအစဉ်တစ်ရပ်အနေဖြင့်ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ၅သန်း အကုန်ကျခံတည်ဆောက်ခဲ့ခြင်းြဖစ်သည်။

လက်ရှိ ဒီဇယ်ဓာတ်အားပေးစက်များနှင့် အချိန်ပိုင်း ဖြန့်ဖြူးပေးနေသည့် မာန်အောင်မြို့ပေါ် ငါးရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာသုံးရွာရှိ အိမ်ထောင်စု ၁၄၃၅ စုအား ယခုဖွင့်လှစ်သည့် ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှု ပေါင်းစပ်စနစ်ဖြင့် အချိန်ပိုမို၍ဓာတ်အားပေးသွားနိုင်မည်ဖြစ်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မာန်အောင်မြို့နယ် ဒေသခံပြည်သူနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မအထူးသဖြင့် ဒီကိုလာချင်တယ်ဆိုတာဟာ ရခိုင်ပြည်နယ်ဖြစ်လို့ကို လာချင်တာပါ။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှုမရှိဘူး၊ တည်ငြိမ်မှုမရှိဘူး၊ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ အဲဒါကြောင့်မို့ ကျွန်မတို့ လာဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ ကျွန်မတို့ရဲ့ပြည်ထောင်စုပဲ။ အေးချမ်းနေတဲ့ နေရာတွေကလည်း ကျွန်မတို့ရဲ့ပြည်ထောင်စုပါပဲ။ မအေးချမ်းတဲ့နေရာတွေ ကလည်း ကျွန်မတို့ရဲ့ ပြည်ထောင်စုပဲ။ မအေးချမ်းတဲ့နေရာတွေကို ကျွန်မတို့ ပိုပြီးတော့ ဂရုစိုက်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာပြောရမယ်ဆိုရင် ဆရာဝန်တစ်ယောက်က နေမကောင်းတဲ့ လူကို ပိုပြီးတော့ ဂရုစိုက်ရတယ်။ နေကောင်းတဲ့လူကို သိပ်ပြီး ဂရုစိုက်ဖို့ မလိုဘူး။ နေကောင်းတဲ့လူက သူ့ဟာသူမှန်မှန်ကန်ကန် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နေပုံနေနည်းနဲ့ နေသွားဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးချို့တဲ့နေတယ် ဆိုရင်တော့ ဂရုစိုက်ရပါတယ်။ ဒီအတိုင်းပဲ အခုရခိုင်ပြည်နယ်ဟာဆိုရင် တည်ငြိမ်မှုအရ အားနည်းလို့ဆိုပြီးတော့ ကျွန်မတို့ အထူးအလေးပေးပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ လုပ်ဆောင်ပေးပါတယ်။

"ဒီအတိုင်းပဲ နိုင်ငံတစ်နိုင်ငံမှာဆိုရင် တစ်စိတ်တစ်ပိုင်းကနေပြီးတော့ အဆင် မပြေရင် ကျွန်မတို့နိုင်ငံတစ်နိုင်ငံလုံးကို ထိပါတယ်။ အဲဒီလိုထိတယ်ဆိုတဲ့ စိတ်ဓာတ်လည်းထားရမယ်။ အထူးသဖြင့် ဒီလိုစိတ်ဓာတ်မျိုးကို ရခိုင်ပြည်နယ်လို တည်ငြိမ်မှုရှိသင့်သလောက်မရှိတဲ့နေရာတွေမှာ ဒီလိုစိတ်ဓာတ်ကို ပြည်သူလူထု တစ်ယောက်ချင်း၊တစ်ယောက်ချင်းက ထားဖို့လိုပါတယ်။ ငါ့ထိမှ ထိတာမဟုတ်ဘူး။ အခြားသူတွေ ထိရင်လည်း ငါ့ကိုထိတယ်။ ငါတို့မြေပေါ်မှာနေတဲ့ အေးအတူ ပူအမျှ၊ တစ်လှေတည်း စီးတဲ့သူတွေထဲက တစ်ယောက်ထိရင် ငါတို့အားလုံးကို ထိတယ်ဆိုတဲ့ စိတ်ဓာတ်ကိုထားဖို့လိုပါတယ်

"ကျွန်မစောစောတုန်းကလည်း ပြောသွားပါတယ်။ လက်နက်အင်အားနဲ့အပြောင်းအလဲလုပ်ဖို့ ကြိုးစားတယ် ဆိုတာကို ကျွန်မအရင်ကပြောဖူးပါတယ်။ ဉာဏ်ပညာအမြော်အမြင်နည်းလို့လည်း ဖြစ်နိုင်တယ်။ သတ္တိနည်းလို့လည်းဖြစ်နိုင်တယ်။ စေတနာနည်းလို့လည်းဖြစ်နိုင်တယ်။ နိုင်ငံအပေါ်မှာ စေတနာရှိရင် နိုင်ငံကိုထိမယ့်ကိစ္စကို ဘယ်တော့မှမလုပ်ဘူး။ ဒါပထမပဲ။ ဒုတိယက ဒီနိုင်ငံဟာ အပြောင်းအလဲလိုအပ်တယ်ဆိုရင် ကိုယ့်မှာဉာဏ်ပညာရှိရင် ဘယ်လိုနည်းနဲ့ ဒီအပြောင်းအလဲကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်မလဲဆိုတာ စဉ်းစားပြီးတော့ အဖြေရှာလို့ရရမယ်။ ဒီအဖြေမရှာနိုင်ရင် ကိုယ့်မှာဉာဏ်ပညာ အမြော်အမြင်နည်းလို့ပဲ။ ဒီလို ဘယ်လိုနည်းနဲ့ ရအောင်လုပ်ရမလဲဆိုတာ သိရက်နဲ့ အဲဒီ နည်းကိုလိုက်နိုင်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယမရှိဘူးဆိုတာလည်း ဒါသတ္တိမရှိတာဘဲ။

"ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံကို ပြောင်းလဲချင်ရင် ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတွေအများကြီး ကျွန်မတို့ပေးထားတယ်။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲမှာဆိုရင် ကျွန်မတို့ ဘယ်ပါတီကိုမှ အသာစီးပေးတာ မဟုတ်ဘူး။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် ဘယ်တုန်းကမှ အသာစီးပေးတာမခံခဲ့ရဘူး။ ဖိနှိပ်တာသာအများကြီးခံရတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ဟာ ငြိမ်းချမ်းတဲ့၊ အကြမ်းမဖက်တဲ့ လမ်းစဉ်ကနေသွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတဲ့အတိုင်း အဲဒီအတိုင်းပဲ ကျွန်မတို့ သွားခဲ့တယ်။အဲဒီအတိုင်း သွားတဲ့အခါ ကျွန်မတို့ ပြည်သူလူထုကို ဘယ်လိုစည်းရုံးမလဲ။ က၎င်းန်ပါတီဟာ လက်နက်အင်အားလည်း မရှိဘူး။ ဓနအင်အားလည်း မရှိဘူး။ ဒီတော့ ကျွန်မတို့ဘယ်လို အင်အားနဲ့ စည်းရုံးသလဲဆိုရင် ဖြောင့်မတ်တဲ့ အင်အားနဲ့ စည်းရုံးတယ်။ပြည်သူအပေါ်မှာ စေတနာထားတဲ့ အင်အားနဲ့ စည်းရုံးတယ်။ ပြည်သူကို အလေးထားတဲ့အင်အားနဲ့ စည်းရုံးတယ်။

" ပြည်သူကို လေးစားတဲ့အခါကျတော့ စည်းရုံးတဲ့အခါမှာ ပြည်သူကို ကိုယ်နဲ့ တန်းတူညီတူ တန်ဖိုးထားပြီးတော့ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေ၊ ကျွန်မတို့ရဲ့ ပန်းတိုင်တွေဟာ ဘာလဲဆိုတာ သေသေချာချာရှင်းပြတယ်။ အဲဒီလိုရှင်းပြပြီးတဲ့အခါမှာ သဘောပေါက်လို့ ပြည်သူက ကျွန်မတို့ကိုထောက်ခံလို့ ကျွန်မတို့ အစိုးရတစ်ခုဖွဲ့နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီစနစ်အောက်မှာဆိုရင် အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထု တစ်ဦးချင်း၊ တစ်ဦးချင်းဟာ ဆင်ခြင်တုံတရားရှိမှ ဒီနိုင်ငံဟာ တိုးတက်မှာပါ။ ဒီတော့ ဆင်ခြင်တုံတရားဆိုတာ ဘာလဲဆိုတာကိုစဉ်းစားပါ။ ဆင်ခြင်တုံတရားဆိုတာဟာ ဒီလောကကြီးမှာ ငါတစ်ယောက်တည်း မရှိဘူးဆိုတဲ့ အသိနဲ့ စရမယ်။ ဒီလောကကြီးမှာ ငါတစ်ယောက်တည်းသာရှိတယ်။ ငါသာ အဓိကပဲ၊ ငါ့အတွက်သာ အဓိကပဲဆိုရင် အဲဒီကတည်းကစပြီးတော့ ဆင်ခြင်တုံတရားဟာလမ်းမှာတစ်ခါတည်းပိတ်သွားပြီပဲ။ အဲဒီတော့ ဒီလောကကြီးမှာ ငါတစ်ယောက်တည်းရှိတာ မဟုတ်ဘူး။ ငါ့အပြင် အများကြီးရှိသေးတယ်။ အများကောင်းစားမှ ငါလည်းကောင်းစားချင်တယ်ဆိုတဲ့ စိတ်ရှိမှသာလျှင် ဒါဆင်ခြင်တုံတရားရမှာဖြစ်ပါတယ်"ဟုပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများက လိုအပ်ချက်များ တင်ပြမေးမြန်းကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား သတိပေးပြောကြားလိုပါကြောင်း၊ အလုပ်တစ်ခုဆောင်ရွက်မည်ဆိုပါက ပြည်သူလူထုအား အသိပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက ဆောင်ရွက်လိုသည့်ကိစ္စကို ဆောင်ရွက်ပါက ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည့် အချက်များကိုပါ လေးလေးစားစားဖြင့် သေသေချာချာရှင်းပြစေလိုကြောင်း၊မိမိတို့ပြည်သူများမှာ နားလည်မှုနှင့် တုံ့ပြန်တတ်ပါကြောင်း၊ ပြည်နယ်အစိုးရနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများမှ ပြည်သူများအား မရှင်းပြခဲ့မှုများ အပေါ် မိမိအနေဖြင့် တောင်းပန်ပါကြောင်း၊ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူလူထုဆိုသည်မှာ တာဝန်ရှိသလို လုပ်ပိုင်ခွင့်ရှိသည်ကိုလည်း သဘောပေါက်ကြစေလိုကြောင်း ၊လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးပြုပြီး တာဝန်ကိုလည်း ကျေးပွန်စွာထမ်းဆောင်စေလိုပါကြောင်း၊ အစိုးရရော၊ ပြည်သူပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သေသေချာချာကိုင်စွဲသွားပါက မိမိတို့နိုင်ငံမှာ တိုးတက်မှုနှုန်းမြန်မည့် နိုင်ငံဖြစ်ပါကြောင်း၊ ယင်းကို မှန်မှန်ကန်ကန်အသုံးပြုရန်မှာ အရေးကြီးပါကြောင်း၊ မာန်အောင်မြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုး လိုအင်ဆန္ဒပြည့်ဝကြစေရန် ဆုတောင်းပေးလိုက်ပါကြောင်းြဖင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသူများနှင့်မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မဏ္ဍပ်အပြင်၌ စောင့်ဆိုင်းနေကြသည့် ဒေသခံ ပြည်သူများအား ရင်းနှီးခင်မင်စွာလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မာန်အောင်မြို့မှရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ သံတွဲမြို့သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့်အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

(Unicode Version)


 လက်နက်နဲ့ အပြောင်းအလဲလုပ်ဖို့ ကြိုးစားတာ သတ္တိနည်းလို့ဖြစ်နိုင်

 နိုင်ငံအပေါ် စေတနာရှိရင် နိုင်ငံကိုထိမယ့်ကိစ္စကို ဘယ်တော့မှမလုပ်ဘူး

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၉ ရက်တွင် ရခိုင် ပြည်နယ် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြော ကြားပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးညီပု၊ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်း သားများက သံတွဲလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး မာန်အောင်မြို့ သို့ရောက်ရှိကြရာ ရခိုင်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မာန်အောင်နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ ထို့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကား ပြောကြားသည် ။

ယခု နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိမှုကြောင့် မာန်အောင်မြို့နယ်အတွင်းရှိ လူမှုစီးပွားဘ၀များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများ၌ အထောက်အကူပြုဖြစ်မည်ဖြစ်ပြီး ဒေသထွက် ပစ္စည်းများ အခြေခံ၍ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများလည်း ထူထောင်နိုင်မည်ဖြစ်ကာ ဒေသခံ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ခရီးသွားလုပ်ငန်းအပါအဝင် အခြားကဏ္ဍများအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မာန်အောင်မြို့နယ် ပြည်သူများကိုယ်စား မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်က ယနေ့သည် မိမိတို့ မာန်အောင်ကျွန်းပေါ်တွင် နေထိုင်ကြသည့် ပြည်သူများအတွက် အိပ်မက်တစ်ခုအကောင်အထည်ပေါ်လာသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း။ မိမိတို့ တစ်ရက်တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိခဲ့သည့်နေ့ တစ်ရက်မှမရှိခဲ့ပါကြောင်း၊ မိမိတို့မှာ ရေနံဆီမီးခွက်ဖြင့် ကြီးပြင်းခဲ့ရသူများဖြစ်ပါကြောင်း၊ ယခု၂၄နာရီ လျှပ်စစ်မီးရရှိမည်ဖြစ်သည့်အတွက် မိမိတို့သား၊ သမီး၊ မြေး၊ မြစ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် လူမှုဘ၀များ မြင့်မားလာကြမည်ဖြစ်ပါကြောင်း ၊ ထို့အတွက် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ပေးသည့်အတွက် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီးမစ္စတာလီဆန်းဟွာနှင့် POSCO International Corporation မှ Chief ExecutiveOfficer Mr. Kim Young Sang တို့က မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ယခုဖွင့်လှစ်သည့် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် POSCO International Corporation မှ ရွှေသဘာ၀ဓာတ်ငွေ့စီမံကိန်း၏ လူမှုတာဝန်သိ အစီအစဉ်တစ်ရပ်အနေဖြင့်ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ၅သန်း အကုန်ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဒီဇယ်ဓာတ်အားပေးစက်များနှင့် အချိန်ပိုင်း ဖြန့်ဖြူးပေးနေသည့် မာန်အောင်မြို့ပေါ် ငါးရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာသုံးရွာရှိ အိမ်ထောင်စု ၁၄၃၅ စုအား ယခုဖွင့်လှစ်သည့် ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှု ပေါင်းစပ်စနစ်ဖြင့် အချိန်ပိုမို၍ဓာတ်အားပေးသွားနိုင်မည်ဖြစ်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မာန်အောင်မြို့နယ် ဒေသခံပြည်သူနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ကျွန်မအထူးသဖြင့် ဒီကိုလာချင်တယ်ဆိုတာဟာ ရခိုင်ပြည်နယ်ဖြစ်လို့ကို လာချင်တာပါ။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှုမရှိဘူး၊ တည်ငြိမ်မှုမရှိဘူး၊ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ အဲဒါကြောင့်မို့ ကျွန်မတို့ လာဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ ကျွန်မတို့ရဲ့ပြည်ထောင်စုပဲ။ အေးချမ်းနေတဲ့ နေရာတွေကလည်း ကျွန်မတို့ရဲ့ပြည်ထောင်စုပါပဲ။ မအေးချမ်းတဲ့နေရာတွေ ကလည်း ကျွန်မတို့ရဲ့ ပြည်ထောင်စုပဲ။ မအေးချမ်းတဲ့နေရာတွေကို ကျွန်မတို့ ပိုပြီးတော့ ဂရုစိုက်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာပြောရမယ်ဆိုရင် ဆရာဝန်တစ်ယောက်က နေမကောင်းတဲ့ လူကို ပိုပြီးတော့ ဂရုစိုက်ရတယ်။ နေကောင်းတဲ့လူကို သိပ်ပြီး ဂရုစိုက်ဖို့ မလိုဘူး။ နေကောင်းတဲ့လူက သူ့ဟာသူမှန်မှန်ကန်ကန် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နေပုံနေနည်းနဲ့ နေသွားဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးချို့တဲ့နေတယ် ဆိုရင်တော့ ဂရုစိုက်ရပါတယ်။ ဒီအတိုင်းပဲ အခုရခိုင်ပြည်နယ်ဟာဆိုရင် တည်ငြိမ်မှုအရ အားနည်းလို့ဆိုပြီးတော့ ကျွန်မတို့ အထူးအလေးပေးပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ လုပ်ဆောင်ပေးပါတယ်။

"ဒီအတိုင်းပဲ နိုင်ငံတစ်နိုင်ငံမှာဆိုရင် တစ်စိတ်တစ်ပိုင်းကနေပြီးတော့ အဆင် မပြေရင် ကျွန်မတို့နိုင်ငံတစ်နိုင်ငံလုံးကို ထိပါတယ်။ အဲဒီလိုထိတယ်ဆိုတဲ့ စိတ်ဓာတ်လည်းထားရမယ်။ အထူးသဖြင့် ဒီလိုစိတ်ဓာတ်မျိုးကို ရခိုင်ပြည်နယ်လို တည်ငြိမ်မှုရှိသင့်သလောက်မရှိတဲ့နေရာတွေမှာ ဒီလိုစိတ်ဓာတ်ကို ပြည်သူလူထု တစ်ယောက်ချင်း၊တစ်ယောက်ချင်းက ထားဖို့လိုပါတယ်။ ငါ့ထိမှ ထိတာမဟုတ်ဘူး။ အခြားသူတွေ ထိရင်လည်း ငါ့ကိုထိတယ်။ ငါတို့မြေပေါ်မှာနေတဲ့ အေးအတူ ပူအမျှ၊ တစ်လှေတည်း စီးတဲ့သူတွေထဲက တစ်ယောက်ထိရင် ငါတို့အားလုံးကို ထိတယ်ဆိုတဲ့ စိတ်ဓာတ်ကိုထားဖို့လိုပါတယ်

"ကျွန်မစောစောတုန်းကလည်း ပြောသွားပါတယ်။ လက်နက်အင်အားနဲ့အပြောင်းအလဲလုပ်ဖို့ ကြိုးစားတယ် ဆိုတာကို ကျွန်မအရင်ကပြောဖူးပါတယ်။ ဉာဏ်ပညာအမြော်အမြင်နည်းလို့လည်း ဖြစ်နိုင်တယ်။ သတ္တိနည်းလို့လည်းဖြစ်နိုင်တယ်။ စေတနာနည်းလို့လည်းဖြစ်နိုင်တယ်။ နိုင်ငံအပေါ်မှာ စေတနာရှိရင် နိုင်ငံကိုထိမယ့်ကိစ္စကို ဘယ်တော့မှမလုပ်ဘူး။ ဒါပထမပဲ။ ဒုတိယက ဒီနိုင်ငံဟာ အပြောင်းအလဲလိုအပ်တယ်ဆိုရင် ကိုယ့်မှာဉာဏ်ပညာရှိရင် ဘယ်လိုနည်းနဲ့ ဒီအပြောင်းအလဲကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်မလဲဆိုတာ စဉ်းစားပြီးတော့ အဖြေရှာလို့ရရမယ်။ ဒီအဖြေမရှာနိုင်ရင် ကိုယ့်မှာဉာဏ်ပညာ အမြော်အမြင်နည်းလို့ပဲ။ ဒီလို ဘယ်လိုနည်းနဲ့ ရအောင်လုပ်ရမလဲဆိုတာ သိရက်နဲ့ အဲဒီ နည်းကိုလိုက်နိုင်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယမရှိဘူးဆိုတာလည်း ဒါသတ္တိမရှိတာဘဲ။

"ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံကို ပြောင်းလဲချင်ရင် ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတွေအများကြီး ကျွန်မတို့ပေးထားတယ်။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲမှာဆိုရင် ကျွန်မတို့ ဘယ်ပါတီကိုမှ အသာစီးပေးတာ မဟုတ်ဘူး။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် ဘယ်တုန်းကမှ အသာစီးပေးတာမခံခဲ့ရဘူး။ ဖိနှိပ်တာသာအများကြီးခံရတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ဟာ ငြိမ်းချမ်းတဲ့၊ အကြမ်းမဖက်တဲ့ လမ်းစဉ်ကနေသွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတဲ့အတိုင်း အဲဒီအတိုင်းပဲ ကျွန်မတို့ သွားခဲ့တယ်။အဲဒီအတိုင်း သွားတဲ့အခါ ကျွန်မတို့ ပြည်သူလူထုကို ဘယ်လိုစည်းရုံးမလဲ။ က၎င်းန်ပါတီဟာ လက်နက်အင်အားလည်း မရှိဘူး။ ဓနအင်အားလည်း မရှိဘူး။ ဒီတော့ ကျွန်မတို့ဘယ်လို အင်အားနဲ့ စည်းရုံးသလဲဆိုရင် ဖြောင့်မတ်တဲ့ အင်အားနဲ့ စည်းရုံးတယ်။ပြည်သူအပေါ်မှာ စေတနာထားတဲ့ အင်အားနဲ့ စည်းရုံးတယ်။ ပြည်သူကို အလေးထားတဲ့အင်အားနဲ့ စည်းရုံးတယ်။

" ပြည်သူကို လေးစားတဲ့အခါကျတော့ စည်းရုံးတဲ့အခါမှာ ပြည်သူကို ကိုယ်နဲ့ တန်းတူညီတူ တန်ဖိုးထားပြီးတော့ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေ၊ ကျွန်မတို့ရဲ့ ပန်းတိုင်တွေဟာ ဘာလဲဆိုတာ သေသေချာချာရှင်းပြတယ်။ အဲဒီလိုရှင်းပြပြီးတဲ့အခါမှာ သဘောပေါက်လို့ ပြည်သူက ကျွန်မတို့ကိုထောက်ခံလို့ ကျွန်မတို့ အစိုးရတစ်ခုဖွဲ့နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီစနစ်အောက်မှာဆိုရင် အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထု တစ်ဦးချင်း၊ တစ်ဦးချင်းဟာ ဆင်ခြင်တုံတရားရှိမှ ဒီနိုင်ငံဟာ တိုးတက်မှာပါ။ ဒီတော့ ဆင်ခြင်တုံတရားဆိုတာ ဘာလဲဆိုတာကိုစဉ်းစားပါ။ ဆင်ခြင်တုံတရားဆိုတာဟာ ဒီလောကကြီးမှာ ငါတစ်ယောက်တည်း မရှိဘူးဆိုတဲ့ အသိနဲ့ စရမယ်။ ဒီလောကကြီးမှာ ငါတစ်ယောက်တည်းသာရှိတယ်။ ငါသာ အဓိကပဲ၊ ငါ့အတွက်သာ အဓိကပဲဆိုရင် အဲဒီကတည်းကစပြီးတော့ ဆင်ခြင်တုံတရားဟာလမ်းမှာတစ်ခါတည်းပိတ်သွားပြီပဲ။ အဲဒီတော့ ဒီလောကကြီးမှာ ငါတစ်ယောက်တည်းရှိတာ မဟုတ်ဘူး။ ငါ့အပြင် အများကြီးရှိသေးတယ်။ အများကောင်းစားမှ ငါလည်းကောင်းစားချင်တယ်ဆိုတဲ့ စိတ်ရှိမှသာလျှင် ဒါဆင်ခြင်တုံတရားရမှာဖြစ်ပါတယ်"ဟုပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများက လိုအပ်ချက်များ တင်ပြမေးမြန်းကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား သတိပေးပြောကြားလိုပါကြောင်း၊ အလုပ်တစ်ခုဆောင်ရွက်မည်ဆိုပါက ပြည်သူလူထုအား အသိပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက ဆောင်ရွက်လိုသည့်ကိစ္စကို ဆောင်ရွက်ပါက ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည့် အချက်များကိုပါ လေးလေးစားစားဖြင့် သေသေချာချာရှင်းပြစေလိုကြောင်း၊မိမိတို့ပြည်သူများမှာ နားလည်မှုနှင့် တုံ့ပြန်တတ်ပါကြောင်း၊ ပြည်နယ်အစိုးရနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများမှ ပြည်သူများအား မရှင်းပြခဲ့မှုများ အပေါ် မိမိအနေဖြင့် တောင်းပန်ပါကြောင်း၊ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူလူထုဆိုသည်မှာ တာဝန်ရှိသလို လုပ်ပိုင်ခွင့်ရှိသည်ကိုလည်း သဘောပေါက်ကြစေလိုကြောင်း ၊လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးပြုပြီး တာဝန်ကိုလည်း ကျေးပွန်စွာထမ်းဆောင်စေလိုပါကြောင်း၊ အစိုးရရော၊ ပြည်သူပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သေသေချာချာကိုင်စွဲသွားပါက မိမိတို့နိုင်ငံမှာ တိုးတက်မှုနှုန်းမြန်မည့် နိုင်ငံဖြစ်ပါကြောင်း၊ ယင်းကို မှန်မှန်ကန်ကန်အသုံးပြုရန်မှာ အရေးကြီးပါကြောင်း၊ မာန်အောင်မြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုး လိုအင်ဆန္ဒပြည့်၀ကြစေရန် ဆုတောင်းပေးလိုက်ပါကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းရင်းသူများနှင့်မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မဏ္ဍပ်အပြင်၌ စောင့်ဆိုင်းနေကြသည့် ဒေသခံ ပြည်သူများအား ရင်းနှီးခင်မင်စွာလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မာန်အောင်မြို့မှရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ သံတွဲမြို့သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့်အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

No comments:

Post a Comment

My Blog List