Friday, December 20, 2019

ဇွဲနဲ့ ဝိရိယ ရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Image may contain: 1 person, on stage
လက်နက်ကိုင်တဲ့နည်းဟာ သတ္တိရှိတဲ့နည်းမဟုတ်ဘဲ လက်နက်မကိုင်ဘဲ လိုရာပန်းတိုင်ကို ဇွဲဝီရိယနဲ့သွားနိုင်တာက တကယ့်သတ္တိဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မနေ့က ပြောကြားလိုက်ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲမိန့်ခွန်းမှာ ပြောကြားတာဖြစ်ပြီး လက်နက်ကိုင်မှ သတ္တိရှိတယ်ဆိုတာ လက်နက်မရှိတော့ရင် ကိုယ်ဟာ ဘာမှ မဟုတ်တော့ဘူး ဆိုတာကိုလည်း နှလုံးသွင်းဖို့လိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တဆက်တည်းပြောပါတယ်။
မန်အောင်ကျွန်းမှာ ၂၄ နာရီမီးရရှိဖို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တောင်ကိုရီးယားနိုင်ငံက Posco Daewoo Corporation က မနှစ်က စတင်တည်ဆောက်ခဲ့ပါတယ်။ Posco International Corporation ဟာ ရခိုင်ကမ်းလွန်ဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရွှေ စီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေပြီး တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ လောက်ထုတ်လုပ် နေပါတယ်။ ကုမ္ပဏီရဲ့ CSR- Corporate Social Responsibility လူမှုရေးတာဝန်သိမှု အစီအစဉ်အရ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်တာလည်းဖြစ်ပါတယ်။
လူဦးရေ ခြောက်သောင်းလောက်ရှိတဲ့ မာန်အောင်က အိမ်ထောင်စု ၁၀၀၀ ကို လျှပ်စစ်ဖြန့်ဖြူးပေးပြီး ၂၀၁၀ မှာ တမြို့နယ်လုံးကို လျှပ်စစ်ဖြန့်ဖြူးနိုင်မယ်လို့ဆိုပါတယ်။ စက်ရုံဖွင့်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပါတယ်။
စက်ရုံဖွင့်ပွဲမတိုင်ခင် မန်အောင်ဟိုတယ်နဲ့ လေယာဉ်ကွင်းအစပ်က ရွာတစ်ရွာနားက ကားလမ်းဘေးမှာ မိုင်းသုံးလုံး မနက် ၆ နာရီခွဲလောက်က ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ ဘယ်သူ့လက်ချက်ဆိုတာ ခုချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

RFA
- Unicode
~~~~~~~~~~~~~~~

ဇွဲနဲ့ ဝိရိယ ရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
~~~~~~
■ လက်နက်ကိုင်တဲ့နည်းဟာ သတ္တိရှိတဲ့နည်းမဟုတ်ဘဲ လက်နက်မကိုင်ဘဲ လိုရာပန်းတိုင်ကို ဇွဲဝီရိယနဲ့သွားနိုင်တာက တကယ့်သတ္တိဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မနေ့က ပြောကြားလိုက်ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲမိန့်ခွန်းမှာ ပြောကြားတာဖြစ်ပြီး လက်နက်ကိုင်မှ သတ္တိရှိတယ်ဆိုတာ လက်နက်မရှိတော့ရင် ကိုယ်ဟာ ဘာမှ မဟုတ်တော့ဘူး ဆိုတာကိုလည်း နှလုံးသွင်းဖို့လိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တဆက်တည်းပြောပါတယ်။
မန်အောင်ကျွန်းမှာ ၂၄ နာရီမီးရရှိဖို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တောင်ကိုရီးယားနိုင်ငံက Posco Daewoo Corporation က မနှစ်က စတင်တည်ဆောက်ခဲ့ပါတယ်။ Posco International Corporation ဟာ ရခိုင်ကမ်းလွန်ဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရွှေ စီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေပြီး တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ လောက်ထုတ်လုပ် နေပါတယ်။ ကုမ္ပဏီရဲ့ CSR- Corporate Social Responsibility လူမှုရေးတာဝန်သိမှု အစီအစဉ်အရ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်တာလည်းဖြစ်ပါတယ်။
လူဦးရေ ခြောက်သောင်းလောက်ရှိတဲ့ မာန်အောင်က အိမ်ထောင်စု ၁၀၀၀ ကို လျှပ်စစ်ဖြန့်ဖြူးပေးပြီး ၂၀၁၀ မှာ တမြို့နယ်လုံးကို လျှပ်စစ်ဖြန့်ဖြူးနိုင်မယ်လို့ဆိုပါတယ်။ စက်ရုံဖွင့်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပါတယ်။
စက်ရုံဖွင့်ပွဲမတိုင်ခင် မန်အောင်ဟိုတယ်နဲ့ လေယာဉ်ကွင်းအစပ်က ရွာတစ်ရွာနားက ကားလမ်းဘေးမှာ မိုင်းသုံးလုံး မနက် ၆ နာရီခွဲလောက်က ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ဘယ်သူ့လက်ချက်ဆိုတာ ခုချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
- Zawgyi
~~~~~~~~~~~~~~~

Photo: Myanmar State Counsellor Office

No comments:

Post a Comment

My Blog List