Monday, December 16, 2019

ကိုးကွယ်မှု ဘာသာတိုင်းတွင် လက်ခံကျင့်သုံး လျက်ရှိသော မေတ္တာတရားသည်သာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင် တည်ဆောက်နိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ဟုဆို

Image may contain: 1 person, standingImage may contain: 10 people, people sitting

မြန်မာနိုင်ငံအတွင်း ကိုးကွယ်မှု ဘာသာတိုင်းတွင် လက်ခံကျင့်သုံး လျက်ရှိသော မေတ္တာတရားသည်သာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင် တည်ဆောက်နိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏအနုဿတိအသင်း (မြန်မာနိုင်ငံ) မှ ကြီးမှူးကျင်းပသည့် ၂၀၂၀ ကို မေတ္တာဖြင့် ကြိုဆိုခြင်းနှင့် ISKCON (Myanmar) Food For Life Foundation အား မိတ်ဆက်ခြင်း အခမ်းအနားသို့တက်ရောက်စဉ် ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသူနိုင်ငံသား အားလုံးသည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိကြောင်း၊ ဘာသာဝင်တိုင်းသည် သက်ဆိုင်ရာ ဘာသာရေး ပွဲတော်များ ကို အနှစ်သာရရှိရှိ ကျင်းပပြုလုပ်ကြသည့် အတွက် ကောင်းမြတ် သည့် အစဉ်အလာ ဖြစ်ကြောင်း၊ ဟိန္ဒူဘာသာ သာသနာ၏ အနှစ်သာရဖြစ် သည့် တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်ချစ်ခင်မှု၊ သနားကြင်နာမှု၊ ကိုယ်ချင်း စာနာညှာတာ ထောက်ထားမှု၊ တရားမျှတမှန်ကန်မှု စသည်များသည် လူမှုဆက်ဆံရေး နယ်ပယ်တွင် အလွန်နက်ရှိုင်းလှသော သွန်သင်မှုများပင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ကိုးကွယ်မှု ဘာသာတိုင်းတွင် လက်ခံကျင့်သုံး လျက်ရှိသော မေတ္တာတရားသည်သာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင် တည်ဆောက် နိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်း၊ ဘာသာဝင် အသီးသီးက မေတ္တာတရားကို လေးနက်ယုံကြည်စွာ ကျင့်သုံးရင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ပါစေဟု ဆုတောင်းကြောင်းလည်း သူရဦးအောင်ကိုက ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဆော်ရက် (ဘ်)ကူမား၊ ဟိန္ဒူဘာသာရေး ခေါင်းဆောင်များ၊ ဘာသာရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဟိန္ဒူဘာသာဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
The Ladies News
ကိုးကွယ်မှု ဘာသာတိုင်းတွင် လက်ခံကျင့်သုံး လျက်ရှိသော မေတ္တာတရားသည်သာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင် တည်ဆောက်နိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ဟုဆို
--- --- ---

No comments:

Post a Comment

My Blog List