Thursday, December 19, 2019

မြိတ်မြို့၌ အလုပ်ထုတ်သည်ကို မကျေနပ်သဖြင့် အလုပ်ရှင်၏ကလေးငယ်ကို ခေါ်ဆောင်ကာ ပရဟိတကျောင်းသို့ ပို့ရန်ကြံစည်သူ အမျိုးသမီးအား ဖမ်းဆီးအရေးယူ

Image may contain: one or more people
မြိတ်မြို့၌ အလုပ်ထုတ်သည်ကို မကျေနပ်သဖြင့် အလုပ်ရှင်၏ကလေးငယ်ကို ခေါ်ဆောင်ကာ ပရဟိတကျောင်းသို့ ပို့ရန်ကြံစည်သူ အမျိုးသမီးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံက သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ၂၂၃၀ အချိန် မြိတ်မြို့မရဲစခန်းသို့ ဒေါ်နော်ဝါးရှီး (၃၁)နှစ် ရောက်ရှိလာပြီး သားဖြစ်သူ မောင်စောဂျိမ်းချိုခန့်အောင် (၅)နှစ်မှာ တစ်ရပ်ကွက်တည်းနေ အဘွားဖြစ်သူ ဒေါ်ချိုသစ်မာ၏နေအိမ် အနီး၌ တစ်ဦးတည်း ဆော့ကစားနေစဉ် အမျိုးသမီး ၁ ဦးက လာရောက်ခေါ်ဆောင် သွားရာမှ ပျောက်ဆုံးနေကြောင်း တိုင်တန်းသဖြင့် မြိတ်မြို့မရဲစခန်း လူပျောက် အမှတ်စဉ် (၈/၂၀၁၉)ဖြင့် ရေးဖွင့်ပြီး ပူးပေါင်းစစ်ဆေးရေး ဂိတ်များ/ ဆက်စပ်နယ်မြေ ရဲစခန်းများနှင့် ချိတ်ဆက်စုံစမ်းခဲ့ခြင်းဖြစ်ပြီး ချိတ်ဆက်စုံစမ်းမှုများအရ ဒီဇင်ဘာလ ၁၈ ရက်နေ့ ၀၃၂၀ အချိန် ထားဝယ် ခရိုင်ရုံးမှ ရဲတပ်ဖွဲ့ဝင်တို့သည် ရေဖြူမြို့နယ် မလွှဲတောင်စစ်ဆေးရေးဂိတ်၌ ပိတ်ဆို့ရှာဖွေ စစ်ဆေး စဉ် “ရွှေလီရတနာ” မြိတ်-ရန်ကုန်ခရီးသည်တင် ယာဉ်ပေါ်မှ မောင်စောဂျိမ်းချိုခန့်အောင်အား ဒေါ်ခင်ချို(ခ) ဒေါ်စီဝါ(၅၆)နှစ်နှင့်အတူ တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ဒေါ်ခင်ချို(ခ)ဒေါ်စီဝါအား စစ်မေးရာ ၎င်းသည် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၇ ရက်မှစ၍ ဒေါ်နော်ဝါးရှီး၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်ခဲ့ပြီး ထိုသို့လုပ်ကိုင်စဉ် ဒေါ်နော်ဝါးရှီးနှင့် မကြာခဏ စကားများသဖြင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ ၀၇၀၀ အချိန် ဒေါ်နော်ဝါးရှီးက ၎င်းအား လုပ်အားခ ၂၀ ရက်စာပေးပြီး အိမ်အကူအလုပ်မှ ထုတ်ပစ် ခဲ့သောကြောင့် မကျေနပ်သဖြင့် ဒေါ်နော်ဝါးရှီး၏ သားဖြစ်သူ မောင်စောဂျိမ်းချိုခန့်အောင် အား ရန်ကုန်မြို့ရှိ ပရဟိတကျောင်း ၁ ခုသို့ ပို့ဆောင်ရန် အဘွားဖြစ်သူ၏ နေအိမ်အနီးမှ ခေါ်ဆောင်၍ ခရီးသည်တင် ယာဉ်ဖြင့် ဆက်လက် ထွက်ခွာလာစဉ် မလွှဲတောင် စစ်ဆေးရေးဂိတ်အရောက်၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ကလေးငယ်အား ခေါ်ဆောင်သွားသူ ဒေါ်ခင်ချို(ခ) ဒေါ်စီဝါ (ဖမ်းမိ)အား မြိတ်မြို့မ ရဲစခန်း (ပ) ၃၄၃၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃(လူခိုးမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်းလည်း သိရသည်။

The Ladies News
မြိတ်မြို့၌ အလုပ်ထုတ်သည်ကို မကျေနပ်သဖြင့် အလုပ်ရှင်၏ကလေးငယ်ကို ခေါ်ဆောင်ကာ ပရဟိတကျောင်းသို့ ပို့ရန်ကြံစည်သူ အမျိုးသမီးအား ဖမ်းဆီးအရေးယူ
--- --- ---

No comments:

Post a Comment

My Blog List