Wednesday, December 18, 2019

အရေးပါသည့် ရလဒ်ကောင်းများ မြန်မာရရှိခဲ့မှုအပေါ် ဗီယက်နမ်ဝန်ကြီးချုပ်ချီးကျူးစကားဆို ၃နှစ်ကျော်တာကာလအတွင်း လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်ဖြစ်ထွန်းမှု အမြောက်အများ ရရှိထားဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်ပြော

Image may contain: 2 people, suit

အစိုးရအဖွဲ့သစ် တာဝန်ယူသည့် ၃နှစ်ကျော်တာကာလအတွင်း လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်ဖြစ်ထွန်းမှု အမြောက်အများ ရရှိထားဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကပြောကြားလိုက်ပြီး ဗီယက်နမ်ဝန်ကြီးချုပ်က အရေးပါသည့် ရလဒ်ကောင်းများ မြန်မာရရှိခဲ့မှုအပေါ် ဝမ်းသာကြောင်း ချီးကျူးစကားဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအလည်အပါတ်ရောက်ရှိနေသည့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံစဉ်နိုင်ငံတော်သမ္မတဦးဝင်းမြင့်က လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်ဖြစ်ထွန်းမှု အမြောက်အများ ရရှိထားကြောင်းပြောဆိုလိုက်သည့်အပေါ် ဗီယက်နမ်ဝန်ကြီးချုပ်က ချီးကျူးစကားဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအနေဖြင့် တစ်ချိန်တည်းတွင် အခက်အခဲအတားအဆီးများကိုလည်း ရင်ဆိုင်နေရပါသေးကြောင်း နှင့် ရင်ဆိုင်နေရသည့်အခက်အခဲများကို ကျော်လွှားနိုင်မည်ဟုလည်း ာုံကြည်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“ မိမိတို့ အနေဖြင့် ယင်း အခက်အခဲများကို အမျိုးသားစည်းလုံးညီညွတ်မှု၊ ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဆွေများ၏ နားလည်ပံ့ပိုးမှု များဖြင့် အောင်မြင်စွာ ကျော်ဖြတ်သွား နိုင်လိမ့်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားပါသည်“ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံဘက်မှ တစ်စိုက်မတ်မတ် ရပ်တည်ပေးလျက်ရှိကြသည့် ဗီယက်နမ်အစိုးရနှင့် ပြည်သူများကိုမိမိတို့ အစိုးရနှင့် ပြည်သူများ ကိုယ်စားကျေးဇူး ဥပကာရ တင်ရှိကြောင်းလည်း နိုင်ငံတော်သမ္မတက ဗီယက်နမ်ဝန်ကြီးချုပ်ကို ကျေးဇူးတင်စကားဆိုခဲ့သေးသည်။
မြန်မာနှင့်ဗီယက်နမ်နိုင်ငံအကြား သံတမန်အဆက်အသွယ်ထူထောင်ခဲ့မှုကို ၁၉၇၅ ခုနှစ်က စတင်ကာ ပြုလုပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နဝမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံနှင့် သတ္တမမြောက်အကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေသည်။
ယင်းအပြင် ၂၀၁၉ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၁ ဒသမ ၀၅) ဘီလီယံခန့်ရောက်ရှိမည်ဖြစ်၍ ၂၀၁၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက (၆ ဒသမ ၅) ဆ တိုးတက် များပြားလာသည်ဟု ဆိုရမည်ဖြစ်သည်။
Myanmar Harp

No comments:

Post a Comment

My Blog List