Wednesday, December 18, 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်

Image may contain: one or more people
“တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ပေး” လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက ရန်ကုန်မြို၊ မြောက်ဥက္ကလာမြို့နယ် တရားရုံးရှေ့မှာ ပြုလုပ်ခဲ့ ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ အဂိတိတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေကို ရန်ကုန်စောင့်ကြည့်အသင်းက ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းတရားရုံးတွေနဲ့ တရားသူကြီးတွေအပေါ် နိုင်ငံရေးအရ၊ စီးပွားရေးအရ ဩဇာလွှမ်းမိုးတာတွေရှိနေတဲ့အတွက် အခုလှုပ်ရှားမှုကို ပြုလုပ်ရတာဖြစ်တယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့က ဒေါ်ညိုညိုသင်းက ပြောပါတယ်။
ရန်ကုန်စောင့်ကြည့်အသင်းက ဖြန့်ဝေတဲ့လက်ကမ်းစာစောင်တွေထဲမှာ အဂတိလိုက်စားမှုဆိုတဲ့စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့အချက်တွေ ၊ပြစ်မှုဆိုင်ရာပုဒ်မတွေအပြင် တရားရုံးမှာလုပ်ကိုင်ရတဲ့ အခြေခံသဘောတရားတွေကို ရှင်းလင်းဖော်ပြထားပါတယ်။
“တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ပေး” လှုပ်ရှားမှု ကို ရန်ကုန်တိုင်းအတွင်း မြို့နယ်(၅)ခုမှာပြုလုပ်မှာဖြစ်ပြီး ရဲစခန်း၊ တရားရုံးနဲ့ လူစည်ကားတဲ့နေရာတွေမှာ လက်ကမ်းစာစောင်တွေဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ ဒေါ်ညိုညိုသင်းကပြောကြားထားပါတယ်။
သတင်း- ဖြိုးဝေလင်း

No comments:

Post a Comment

My Blog List