Tuesday, December 17, 2019

ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ဖြင့်ကျည်ကာကား ၆စီး တင်သွင်းရေး လွှတ်တော်သဘောတူ

Image may contain: carNo photo description available.
နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော Toyota landcruiser(Bullet Proof) ကျည်ကာကား ၆စီးတင်သွင်းရေးနှင့်ပတ်သတ်၍ ယနေ့တွင် ပြည်ထောင်စုလွှတ်တော်၌အဆုံးအဖြတ်ရယူရာ ထောက်ခံမဲအသာဖြင့်ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရရှိကာတင်သွင်းခွင့်ပြုကြောင်းလွှတ်တော်ကကြေငြာခဲ့သည်။

ယနေ့ကျင်းပသောဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၄ကြိမ်မြောက်ပုံမှန်အစည်းအဝေး၁၄ ရက်မြောက်နေ့အစီအစဉ်တွင် လွှတ်တော်တွင်းမဲပေးဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၅၉၆ဦးအနက် ထောက်ခံမဲ ၃၆၀
ကန့်ကွက်မဲ ၁၈၈ ကြားနေမဲ ၃မဲရရှိခဲ့ပြီးထောက်ခံမဲ အသာဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါကျည်ကာယာဉ်များ တင်သွင်းရာတွင်အထူးကုန်စည်ခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန်ကင်းလွှတ်ခွင့်ရရှိရေးကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ရှင်းလင်းတင်ပြခြင်းနှင့် ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်နိုင်ကြောင်းကြေညာခြင်းတို့ကို ၁၄ကြိမ်မြောက်အစည်းအဝေး ၁၁ရက်မြောက်နေ့ကကြေငြာခဲ့ခြင်းဖြစ်သည်။
ထူးမြတ်

No comments:

Post a Comment

My Blog List