Thursday, December 19, 2019

ကမ္ဘာ့သံလိုက်စက်ကွင်းဝင်ရိုး ရုရှားဆီသို့ ရွေ့လျားနေပြီး သိပ္ပံပညာရှင်များအတွက် ပဟေဠိ ဖြစ်နေ


ကမ္ဘာ့လမ်းပြစနစ်အဖြစ် ဖွဲ့တည်နေပြီး နေလေ(solar win‌d) များ၏ အန္တရာယ်မှ ကာကွယ်ပေးသော ကမ္ဘာ့သံလိုက် စက်ကွင်းဝင်ရိုးသည် ပုံမှန်သဘာဝဖြစ်စဉ်အတိုင်း မဟုတ်ဘဲ ရွေ့လျားလျက် ရှိနေသည်။
မြောက်ဝင်ရိုးစွန်း သံလိုက်စက်ကွင်းသည်  ၁၈၃၁ ခုနှစ်မှ စတင်ကာ ကနေဒီယန်အာတိတ်ဒေသမှ ရုရှားဆီသို့ တဖြေးဖြေးချင်း ရွေ့လျားနေခဲ့ခြင်းဖြစ်သည်။

သို့သော် မကြာသေးခင်နှစ်များအတွင်း ယင်းရွေ့လျားမှုလမ်းကြောင်းသည် တစ်နှစ်လျှင် ၃၄ မိုင်ခန့်နှုန်းဖြင့် ဆိုက်ဘေးရီးယားဆီသို့ မြန်မြန်ဆန်ဆန် ရွေ့လျားနေခဲ့ကြောင်း ကမ္ဘာ့သံလိုက်စက်ကွင်းပုံစံ World Magnetic Model အပြောင်းအလဲကို သိပ္ပံပညာရှင်များက ဖော်ပြခဲ့သည်။
ကမ္ဘာ့သံစက်ကွင်းပုံစံအား အရပ်ဖက်လေကြောင်းသွားလာမှုများ၊ နေတိုးအဖွဲ့၊ အမေရိကန်နှင့် ဗြိတိန်စစ်တပ်များက လမ်းပြစနစ်အဖြစ် အသုံးပြုနေကြရခြင်း ဖြစ်သည်။
၂၀၂၀ ကမ္ဘာ့သံလိုက်စက်ကွင်းပုံစံအား ခန့်မှန်းရာတွင် မြောက်ဝင်ရိုးစွန်း သံလိုက်စက်ကွင်းဝင်ရိုးသည် ရုရှဆီသို့ ၎င်း၏ လမ်းကြောင်းအတိုင်း ဆက်လက်သွားမည်ဖြစ်သည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိ၌ အရှိန်နှုန်း  သည် တစ်နှစ်လျှင် ၂၄ ဒသမ ၈ မိုင်ခန့် ကျဆင်းနှေးကွေးနေသည်။ သံလိုက်စက်ကွင်းဝင်ရိုးအရွေ့ကို ၁၈၃၁ ခုနှစ်က စတင်တွေ့ရှိရာ၌ ၎င်း၏ လမ်းကြောင်းနှင်မှုသည် တစ်နာရီလျှင် မိုင် ၁၄၀၀ နှုန်း ရှိခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့သံလိုက်စက်ကွင်း ဝင်ရိုးများသည် နှစ်ထောင်သောင်းချီကာလရောက်တိုင်း ပြောင်းပြန်ပြောင်းလဲလေ့ရှိသည်။
မြောက်ဝင်ရိုးစွန်း သံလိုက်စက်ကွင်းက တောင်ဝင်ရိုးစွန်း သံလိုက်စက်ကွင်းဖြစ်ကာ တောင်ဝင်ရိုးစွန်း သံလိုက်စက်ကွင်းက မြောက်ဝင်ရိုးစွန်း သံလိုက်စက်ကွင်းအဖြစ် တရွေ့ရွေ့ ရွေ့လျားရင်း ပြောင်းပြန်ပြောင်းလဲ ခြင်းဖြစ် သည်။
ကမ္ဘာ့သံလိုက်စက်ကွင်း ဝင်ရိုး နောက်ဆုံး ပြောင်းလဲထားမှုသည် လွန်ခဲ့သော နှစ် ၇၇၀၀၀၀ ခန့်ကပင် ဖြစ်သည်။
 ယခု လေ့လာတွေ့ရှိသည့် သုတေသနအရ ရွေ့လျားမှု နှေးကွေးလာနေသော သံလိုက်စက်ကွင်းဝင်ရိုးအရွေ့အကြောင့် ကမ္ဘာ့သံလိုက်စက်ကွင် ဝင်ရိုး ပြောင်းလဲမှုသည် ယခင် ခန့်မှန်းထားသည်ထက် ပိုမိုကြာရှည်တော့မည် ဖြစ်သည်။
ကမ္ဘာ့သံလိုက်စက်ကွင် ဝင်ရိုး ပြောင်းပြန်ပြောင်းလဲမှုသည် နောက်ထပ် နှစ် ၂၂၀၀၀ ခန့်မှ ပြည့်စုံပြီးမြောက်နိုင်မည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။
Mizzima - News in Burmese

No comments:

Post a Comment

My Blog List