Monday, December 16, 2019

အိန္ဒိယနိုင်ငံ၌ မွတ်စလင်များမှအပအခြားရွှေ့ပြောင်းဝင်ရောက်လာသူများကို နိုင်ငံသားဖြစ်ခွင့်ပေးသည့် ဥပဒေကိုအထက်လွှတ်တော်က အတည်ပြုခဲ့ပြီးနောက်တွင် မြို့ကြီးများ၌ လုံခြုံရေးတင်းကြပ်စွာပြုလုပ်ထား

Image may contain: one or more people, people standing, cloud, sky, outdoor and nature

အိန္ဒိယအစိုးရသည် အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့ဝင်ရောက်လာသူများအနက် အစ္စလာမ်ဘာသာဝင်များမှ အပအခြားသာသာဝင်များအားနိုင်ငံသားခံယူခွင့်ပေးနိုင်သည့် နိုင်ငံသားဥပဒေပြင်ဆင်ချက်မူကြမ်းအားအထက်လွှတ်တော်သို့ တင်သွင်းခဲ့ရာ အထက်လွှတ်တော်က ထောက်ခံမဲ (၁၂၅) မဲ ၊ ကန့်ကွက်မဲ (၁၀၅) မဲတို့ဖြင့် ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ(၁၁) ရက်(ဗုဒ္ဓဟူးနေ့) တွင် အတည်ပြုပေးခဲ့ကြောင်း၊ အဆိုပါဥပဒေမူကြမ်းသည် အိန္ဒိယနိုင်ငံအောက်လွှတ်တော်၏ အတည်ပြုချက်ကိုလည်း ရရှိခဲ့ပြီးဖြစ်ရာ အိန္ဒိယအစိုးရအနေဖြင့် လွှတ်တော်နှစ်ရပ်ထံမှ အတည်ပြုချက်ရရှိထားသည့် ယင်းဥပဒေမူကြမ်းကို မကြာမီစတင် အကောင်အထည်ဖော်ဆောင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုဥပဒေပြင်ဆင်ချက်သည် ဝန်ကြီးချုပ်မိုဒီ၏ ဒုတိယမြောက်သက်တမ်း ရွှေးကောက်ပွဲအကြိုကာလ၌ မဲဆန္ဒရှင်ပြည်သူများအားပေးအပ်ထားသည့် ရွှေးကောက်ပွဲဆိုင်ရာ ကတိကဝတ်တစ်ခုဖြစ်ပြီး ယင်းကတိကဝတ်ကြောင့် ဟိန္ဒူဘာသာဝင်များ၏ အခိုင်အမာထောက်ခံမှုဖြင့် ဝန်ကြီးချုပ်မိုဒီ ပြန်လည်ရွေးချယ်ခံရခြင်းဖြစ်ကြောင်း၊သို့သော်ဝေဖန်သူများကမူနောက်ဆက်တွဲပြင်ဆင်ချက်မူကြမ်းသည် ဘာသာရေးနှင့်နိုင်ငံရေးကို သီးခြားစီခွဲခြားထားသော အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိခိုက်စေသည်ဟု စွပ်စွဲခဲ့ကြပြီး ယင်းဥပဒေပြင်ဆင်ချက်အားအိန္ဒိယလွှတ်တော်၌ အခြေအတင်ဆွေးနွေးနေသည့်ကာလအတွင်း၌ပင်လူမျိုးနွယ်စုပေါင်းစုံနေထိုင်သည့် အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ပြည်နယ်များ၌ ကန့်ကွက်ဆန္ဒပြမှုများ၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကာ ဥပဒေအတည်ပြုပြီး နောက်ပိုင်းတွင်လည်း အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားမည့်အခြေအနေရှိကြောင်း၊ ထို့ကြောင့် အိန္ဒိယအစိုးရသည် ယခုအခါ ထရီပူရ်ပြည်နယ်နှင့် အာသံပြည်နယ်များအပါအဝင် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့်ဆက်စပ်နေသည့် ပြည်နယ်မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများကိုတားဆီးနိုင်ရန်အတွက် အိန္ဒိယတပ်မတော်သားများအား တပ်ဖြန့်ချထားလျက်ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရက ပြဌာန်းမည့် နိုင်ငံသားဥပဒေပြင်ဆင်ချက်မူကြမ်းအပေါ် အတိုက်အခံကွန်ဂရက် ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီက ပြစ်တင်ဝေဖန်ခဲ့ပြီးအမြင်ကျဉ်းမြောင်းသူများ၏ အောင်ပွဲဖြစ်သည်ဟုပြောကြားခဲ့ကြောင်း၊ အလားတူမွတ်စလင်နိုင်ငံရေးပါတီများကလည်းအသစ်ပြဌာန်းမည့် ဥပဒေသည် အိန္ဒိယနိုင်ငံရှိသန်းပေါင်း (၁၇၀) ခန့်ရှိသောမွတ်စလင်များအား ထိုးနှက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ သို့သော် အိန္ဒိယအစိုးရတာဝန်ရှိသူများကမူ ယခုပြဌာန်းမည့် ဥပဒေပြင်ဆင်ချက်သည် အိန္ဒိယနိုင်ငံသားမွတ်စလင်များထံမှ နိုင်ငံသားပြန်လည်ရုတ်သိမ်းမည့်ဥပဒေမဟုတ်ဘဲ အခြားနိုင်ငံများမှ အိန္ဒိယနိုင်ငံသို့ပြောင်းရွှေ့ဝင်ရောက်လာသူ မွတ်စလင်များအား နိုင်ငံသားဖြစ်ခွင့်မပေးသည့် ဥပဒေဖြစ်ရာ အိန္ဒိယပြည်ဖွားမွတ်စလင်များအနေဖြင့် စိုးရိမ်စရာအကြောင်းမရှိဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Image may contain: one or more people
Image may contain: one or more people and people standing
<<Zawgyi>>

No comments:

Post a Comment

My Blog List