Friday, December 20, 2019

သမ္မတထရမ့်ကို အာဏာအလွဲသုံးမှုနှင့် ကွန်ဂရက်လွှတ်တော်ကို အနှောင့်အယှက်ပေးမှုတို့ဖြင့် တရားစွဲရန် အမေရိကန်အောက်လွှတ်တော် အတည်ပြု


ဒီမိုကရက်တစ်အဖွဲ့များ ဦးဆောင်သည့် အမေရိကန် အောက်လွှတ်တော် ကိုယ်စားပြု အမတ်များသည် သမ္မတ ထရမ့်ကို အာဏာအလွဲသုံးမှုနှင့် ကွန်ဂရက်လွှတ်တော်ကို အနှောင့်အယှက်ပေးမှုတို့ဖြင့် တရားစွဲဆိုရန် ဒီဇင်ဘာ ၁၈ ရက်က မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ကြောင်း သိရသည်။

မဲခွဲဆုံးဖြတ်ပြီးနောက်တွင် သမ္မတထရမ့်သည် အမေရိကန်သမိုင်းကြောင်း၌ တရားစွဲဆိုခြင်းခံရသည့် သုံးဦးမြောက်သမ္မတ ဖြစ်လာခဲ့သည်။ စွပ်စွဲချက်ခေါင်းစဉ် နှစ်ခုအပေါ် အောက်လွှတ်တော်တစ်ရပ်လုံးက မဲပေးခဲ့ကြသည်။ သမ္မတ၏ နမော်နမဲ့လုပ်ဆောင်ချက်များကြောင့် မဖြစ်မနေ တရားစွဲဆိုရန် လိုအပ်လာခဲ့ကြောင်း၊ သမ္မတသည် ကျွန်ုပ်တို့ကို ရွေးချယ်စရာမရှိအောင် လုပ်ဆောင်ခဲ့ကြောင်း ကယ်လီဖိုးနီးယားကိုယ်စားပြု ဒီမိုကရက်တစ် တစ်ဦးဖြစ်သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက ပြောကြားခဲ့သည်။
သမ္မတထရမ့်အား တရားစွဲဆိုရန် မဲပေးမှုအပြီးတွင် အိမ်ဖြူတော်က ထရမ့်အနေဖြင့် လုံးဝအပြစ်ကင်းလွတ် လိမ့်မည်ဟု အပြည့်အ၀ ယုံကြည်မှုရှိကြောင်း ဖော်ပြခဲ့သည်။ ယနေ့အဖြစ်အပျက်သည် ကျွန်ုပ်တို့နိုင်ငံ၏ နိုင်ငံ ရေးသမိုင်းကြောင်းတွင် အောက်လွှတ်တော်က လုပ်ဆောင် လိုက်သည့် ရှက်စရာအကောင်းဆုံး နိုင်ငံရေးစာမျက်နှာ တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ချခဲ့သည်။
ရီပတ်ဘလစ်ကန်အဖွဲ့ ကိုယ်စားပြုသည့် မဲတစ်မဲမှ မပါသည့်အပြင် မှားယွင်းကြောင်း ဖော်ပြသည့် သက်သေ အထောက်အထားပြသနိုင်ခြင်းမရှိဘဲ ဒီမိုကရက်တစ်များသည် အောက်လွှတ်တော်မှတစ်ဆင့် သမ္မတထရမ့်အပေါ် ဥပဒေနှင့် မညီသည့်တရားစွဲဆိုမှုပြုလုပ်ရန် အသည်းအသန် ကြိုးစားနေကြကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး စတက်ဖနီဂရီရှမ်က ထုတ်ပြန်ခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment

My Blog List