Tuesday, December 17, 2019

NLD ပါတီဦးဆောင်သော လွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ကြံ့ခိုင်ရေး အမတ် ၂ ဦး နုတ်ထွက်၊ အဖွဲ့ဝင် ၄၀ ဦးသာကျန်ရှိတော့

Image may contain: 1 person, hatImage may contain: 2 people, people smiling, outdoor
ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီမှ လွှတ်တော်အမတ်များဦးဆောင်ဖွဲ့စည်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ကြံ့ခိုင်ရေးပါတီအမတ် ၂ ဦး နုတ်ထွက်သွားကြောင်း သိရှိရသည်။

မိုင်းပန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆီဟူးဒွေ့ တို့ ၂ ဦးကို ၎င်းတို့၏ ဆန္ဒအလျှောက် အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က တရားဝင် အမိန့်ထုတ်ပြန်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် မူလ ၄၅ ဦးရှိခဲ့သော်လည်း ရခိုင်အမျိုးသားပါတီမှ လွှတ်တော်အမတ်များ၊ တသီးပုဂ္ဂလလွှတ်တော်အမတ် ၁ ဦး နုတ်ထွက်ခဲ့ပြီးဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် NLD ပါတီဝင် အမတ် ၁၈ ဦး ၊ ပြည်ခိုင်ဖြိုး ၊ ရခိုင်အမျိုးသားပါတီ ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၂ ဦးစီနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ၄၅ ဦးပါဝင်သည်။
စက်တင်ဘာလ ၂ ရက်နေ့ကလည်း မအူပင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကမူ သမိုင်းတရားခံမဖြစ်စေရန် ၊ တိုင်းရင်းသားများလိုလားသော ဖယ်ဒရယ်ပြည်ထောင်စု ဆန္ဒဖြည့်ဆည်းပေးရန် အားနည်းနေမှုကြောင့် နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကျော်ဇံ နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်တို့သည် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နုတ်ထွက်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် စုစုပေါင်း ၅ ဦး နုတ်ထွက်သွားပြီဖြစ်၍ အဖွဲ့ဝင် လွှတ်တော်အမတ် ၄၀ သာ ကျန်ရှိတော့သည်။
No photo description available.

No comments:

Post a Comment

My Blog List