Wednesday, December 18, 2019

ဗစ်တိုးရီးယားအမှုတွင် DNA စစ်ခဲ့သည့်မှန်ပြားကို နိုင်ငံခြားတွင် စစ်ဆေးနိုင်ရန် တရားရုံးကို လျှောက်ထား


ဗစ်တိုးရီးယားအမှုမှာ DNA စစ်ခဲ့တဲ့ မှန်ပြားကို နိုင်ငံခြားဆေးရုံတစ်ခုမှာ စစ်ဆေးနိုင်ဖို့ ဒီဇင်ဘာလ (၁၇)ရက်ပြုလုပ်တဲ့ တရားရုံးချိန်းမှာ ဥပဒေရုံးကနေ တစ်ဆင့်တရားရုံးကို လျှောက်ထားခဲ့တယ်လို့ ဗစ်တိုးရီးယားလေးရဲ့ မိဘတွေဘက်ကနေ လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ မိသားစုမိတ်ဆွေ ဒေါက်တာဝင်းကိုကိုသိန်းက ပြောပါတယ်။
ဒီမှန်ပြားကို စစ်လိုက်မယ်ဆိုရင် အဲဒီမှာ ဗစ်တိုးရီးယားလေးရဲ့ DNA နဲ့ အတူ ကျူးလွန်သူရဲ့ DNA ပါ ပါရှိနိုင်တာကြောင့် အမှန်တရားကို ဖော်ထုတ်နိုင်မယ်လို့ထင်တဲ့အတွက် အခုလို လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်ထားခဲ့တာဖြစ်တယ်လို့ ဒေါက်တာဝင်းကိုကိုသိန်းက ပြောပါတယ်။
တရားရုံးကို လျှောက်လွှာတင်ခဲ့တဲ့ စာကို သမ္မတကြီးဆီကိုလည်း မိတ္တူပေးပို့သွားမယ်လို့ ဒေါက်တာဝင်းကိုကိုသိန်း က ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ စောင့်ကြည့်နေတယ်လို့ ပြောထားတဲ့အတွက် မေတ္တာရပ်ခံတဲ့အနေနဲ့ ပေးပို့တင်ပြရ တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကလည်းတရားရုံးကို ဝင်ရောက်စွက်ဖက်တာမျိုးမဟုတ်ဘဲ လုပ်ထုံးလုပ်နည်းတွေ လွယ်ကူသွားစေဖို့ ဖြစ်တယ်လို့ ဒေါက်တာဝင်းကိုကိုသိန်းက ပြောပါတယ်။

DNA စစ်ဆေးခဲ့တဲ့ မှန်ပြားကို CID ကနေ လွှဲပြောင်းလက်ခံမှတ်တမ်းနဲ့ ရယူသွားတယ်လို့ ပြီးခဲ့တဲ့ ရုံးချိန်းတစ်ခုမှာ မှုခင်းဆရာဝန်ကြီးက တရားရုံးမှာ ထွက်ဆိုထားတာပါ။
ဗစ်တိုးရီးယားအမှုရဲ့ (၁၃)ကြိမ်မြောက်ရုံးချိန်းကိုတော့ ဒီဇင်ဘာလ (၁၈)ရက်နေ့မှာ ဒက္ခိဏခရိုင်တရားရုံးမှာ စစ်ဆေးသွားမှာဖြစ်ပြီး အများစိတ်ဝင်စားနေတဲ့ Wisdom Hill ကျောင်းက ဆရာမ နှင်းနုကိုလည်းစစ်ဆေးသွားမယ်လို့ တရားရုံးကသိရပါတယ်။
Image may contain: outdoor
သတင်း-ငြိမ်းချမ်းအောင်

No comments:

Post a Comment

My Blog List