Monday, December 16, 2019

“အကြမ်းဖက်အဖွဲ့(AA )အတွက် လက်နက် များကို ရန်ကုန်မှ တစ်ဆင့်ပို့ဆောင်နေသော မှောင်ခို လမ်းကြောင်းရှိနေ”ဟု တပ်မတော်ပြော

No photo description available.Image may contain: 4 people, people smiling, people standing and people walking

AA အကြမ်းဖက် အဖွဲ့ထံ လက်နက်ရောက်ရှိရေးအတွက် လက်နက်မှောင်ခိုပွဲစားများက ရန်ကုန် မြို့မှ ခရီးသည်တင်ယာဉ်များဖြင့် လက်နက်မှောင်ခိုကူးသည့်လမ်းကြောင်း များရှိနေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

”တချို့လက်နက်တွေဆိုရင် သတိ မပြုမိလိုက်ချိန်မှာ မန္တလေး–စစ်တွေ လမ်းကြောင်းကနေလာတာရှိတယ်။ ဟိုဘက်ကနေ မှောင်ခိုပို့လိုက်တဲ့ လက်နက်တွေဆိုရင် ရန်ကုန်မှာ AA က ဒုတိယဗိုလ်မှူး အဆင့်ရှိတဲ့သူ တစ်ယောက်ကိုမိလို့ ကွင်းဆက်လိုက် တဲ့အခါမှာ သူတို့ ထိုင်းနယ်စပ်ကနေ ဝယ်လာတဲ့လက်နက်တွေကို ရန်ကုန် ကနေကုန်ကားတွေနဲ့ပို့တဲ့လမ်းကြောင်း မျိုးလည်းရှိတယ်။ ခရီးသည်တင်ကား တွေနဲ့ပို့တဲ့လမ်းကြောင်းပေါ့”ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA အဖွဲ့၏အင်အားသည် ၅ဝဝဝ နှင့် ၁ဝဝဝဝ အကြားတွင်ရှိနေပြီး ၎င်း တို့၏လက်နက်လိုအပ်ချက်ကိုဖြည့် တင်းရန် လမ်းကြောင်းအမျိုးမျိုးမှသယ် ယူလျက်ရှိပြီး ယင်းလက်နက်မှောင် ခိုလမ်းကြောင်းများအား အပြည့်အဝ မထိန်းချုပ်နိုင်သေးကြောင်း သိရသည်။
”ဒီလမ်းကြောင်းတွေပိတ်ဆို့တဲ့အခါ တခြားနယ်စပ်ကနေ ပြန်ဝင်လာ တဲ့လမ်းကြောင်းမျိုးရှိတာပေါ့။လမ်း ကြောင်းကတော့ ပြည်တွင်းကနေ ဖြတ်တဲ့လမ်းကြောင်းကတော့ အခု အချိန်မှာတော့ အသုံးပြုမှုမရှိ တော့ဘူး လို့ယူဆလို့ရပေမယ့် နယ်စပ်တော တောင်ကနေ ဖြတ်တဲ့လမ်း တွေကတော့ ရှိနေဆဲလို့ယူဆရမှာပါ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
လက်နက်မှောင်ခိုဈေးကွက်သည် အစိုးရထိန်းချုပ်နိုင်စွမ်းမရှိသည့် ထိုင်း-–မြန်မာနယ်စပ်နှင့် တရုတ်-–မြန်မာ နယ်စပ်များတွင် ဖြစ်ပေါ်လျက်ရှိပြီး လမ်းကြောင်းအမျိုးမျိုးဖြင့် ရန်ကုန် နှင့်မန္တလေးမြို့များသို့ စိမ့်ဝင်မှု များရှိခဲ့သည်။လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် အတွင်းသို့ အဓိက သွားရောက်သည့် လမ်းကြောင်းမှာ ကချင်ပြည်နယ် လိုင်ဇာဘက်မှ အိန္ဒိယနယ်စပ်ကို ဖြတ်ကာ မြန်မာနိုင်ငံ ပလက်ဝမြို့ အထက်ဘက်မှ ရခိုင်ပြည်နယ်မြောက် ပိုင်းသို့ ဝင်ရောက်သည့်လမ်းကြောင်း ဖြစ်သည်ဟု တပ်မတော်က ဆိုသည်။

No comments:

Post a Comment

My Blog List