Monday, December 16, 2019

ကန်ကြီးထောင့်မြို့နယ်မှ ဟွာမှုန်အထည်ချုပ်စက်ရုံအလုပ်သမားသပိတ် မရုတ်သိမ်းပါက အင်အားသုံး ဖြိုးခွင်မည်ဟုကြေငြာ

Image may contain: 3 people, people standing, crowd and outdoor
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ သပိတ်မှောက်ခဲ့သည့် ဟွာမှုန်အထည်ချုပ်စက်ရုံအလုပ်သမားသပိတ် မရုတ်သိမ်းပါက အင်အားသုံးဖြိုခွင်မည်ဟု မြို့နယ် တာဝန်ရှိသူများမှ ဒီဇင်ဘာ ၁၅ ရက်က လာရောက်၍ ကြေငြာလိုက်ကြောင်း သိရှိရသည်။

ဟွာမှုန်အထည်ချုပ်စက်ရုံတွင် သပိတ်မှောက်နေသည့် စက်ရုံအလုပ်သမားများထံသို့ ၇ ရက် မြောက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ သပိတ်စခန်းအား မရုတ်သိမ်းပါက အင်အား သုံးဖြိုခွင်းမည်ဟု သပိတ်မှောက် အလုပ်သမားများထံ လာရောက်ကြေငြာခဲ့ခြင်းဖြစ်ကြောင်း သပိတ်မှောက်သူများထံမှ သိရသည်။
"ဘယ်နေ့နောက်ဆုံးထား ရုတ်သိမ်းပါဆိုတာ မပြောသလို ဘာမှ မပြောသွားဘူး။ အရှေ့မှာ အလုပ်သမားတွေ လုပ်တဲ့ သပိတ်ကို ဥပဒေနဲ့ မညီဘူးဆိုတာကိုပြောသွားတယ်။ ပြီးတော့ အလုပ်ရှင်ကနေ အစိုးရနဲ့ နှစ်ဦး နှစ်ဘက် ပြောဆို သဘောတူညီထားတဲ့အတွက်ကိုလည်း အလုပ်ရှင်ဘက်က လိုက်လျောထားသလို ပြောထားတယ်။ သပိတ်ကိုလည်း ဥပဒေနဲ့ မညီဘူးလို့ ပြောထားတယ်။ အဲ့အတွက် သူတို့သည် အကြိမ်ကြိမ် ညှိနှိုင်းတယ် အဲ့တာကြောင့်မလို့ နားလည်မှုနဲ့ သပိတ်ကို ရုတ်သိမ်းပေါ့။ အဲ့လိုပြောသွားပါတယ်။''ဟု အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ အငြင်းပွားမှုဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခက ပြောသည်။
၇ ရက်မြောက် သပိတ်မှောက်သည့် နေ့တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ လာရောက်ပြီး အလုပ်သမားများအား သပိတ်စခန်း မရုတ်သိမ်းပါက အင်အားသုံးဖြိုခွင်းမည်ဖြစ်ကြောင်းကို ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်စုံက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
"ကျွန်တော်တို့က တိုင်းအစိုးရအဖွဲ့ ချပြခိုင်းတဲ့ အချက်အလက်တွေကို အလုပ်သမားတွေရှိတဲ့ နေရာအထိ သွားပြီး ရှင်းပြခဲ့တာပါ။"ဟု ကန်ကြီးထောင့်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်စုံက ပြောသည်။
ကန်ကြီးထောင့်မြို့နယ်ရှိ ဟွာမှုန်အထည်ချုပ်စက်ရုံတွင် အလုပ်သမား အင်အား ၂၀၀ ခန့်ဖြင့် ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ သပိတ်စခန်း ဖွင့်လှစ်ခဲ့ပြီး ရက်ကြာလာသည့်နှင့်အမျှ သပိတ်မှောက် အလုပ်သမား အင်အား ပိုမိုများလာကာ ၇ ရက်မြောက်တွင် သပိတ်မှောက် အလုပ်သမားအင်အား ၆၀၀ ကျော် အထိ ရှိလာခဲ့ကြောင်း ကန်ကြီးထောင့်မြို့ခံတို့က ဆိုသည်။
သပိတ်စခန်းဖွင့်လှစ်ထားသည့် ဟွာမှုန်အထည်ချုပ်စက်ရုံတွင် အောက်တိုဘာ ၇ ရက်က အလုပ်သမားများ စုပေါင်း၍ အချက် ၅၇ ချက်ကို စုပေါင်းတောင်းဆိုခဲ့ပြီး အဆိုပါနေ့တွင် အချက် ၄၀ ကျော်ရရှိခဲ့ပြီး ကျန်ရှိသည့် ၈ ချက်ကို ခုံသမာဓိ၏ ဆုံးဖြတ်ချက် ခံယူခဲ့ကြကြောင်း သိရသည်။
ခုံသမာဓိက ဆုံးဖြတ်ချက်ချချိန်တွင် အလုပ်ရှင်၏ သမားထားအတိုင်းဆုံးဖြတ်ချက်ချသည့် အတွက် မကျေနပ်သဖြင့် စက်ရုံအလုပ်သမားများမှ ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ သပိတ်မှောက်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအချင်းချင်းရိုင်းပင်း ကူညီရေးအဖွဲ့မှ သိရသည်။
zawgyi
ကန်ကြီးထောင့်မြို့နယ်မှ ဟွာမှုန်အထည်ချုပ်စက်ရုံအလုပ်သမားသပိတ် မရုတ်သိမ်းပါက အင်အားသုံး ဖြိုးခွင်မည်ဟုကြေငြာ

မျိုးမင်းထွန်း (မြစ်မခ)
ပုသိမ်၊ ဒီဇင်ဘာ ၁၆ ရက်။

No comments:

Post a Comment

My Blog List