Monday, December 16, 2019

ဘင်္ဂါလီတွေပြန်လက်ခံရေး သဘောတူညီချက်အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံစစ်မှန်တဲ့သဘောနဲ့လုပ်ဖို့ရှိနေ

နိုင်ငံတကာတရားရုံး ICJမှာတရားရင်ဆိုင်နေရတဲ့နောက် မြန်မာနိုင်ငံဟာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို ပိုပြီးသည်းခံလာမယ်လို့မျှော်လင့်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအဗ္ဗဒူ မိုမန်က ဒီနေ့ဒီဇင်ဘာ ၁၆ ရက် တနင်္လာနေ့မှာပြောပါတယ်။

“ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကိုပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံရဲ့စစ်မှန်တဲ့သဘောကိုမြင်ရတော့မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။” ဆိုပြီး ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာက သူ့ရဲ့ရုံးခန်းမှာ သတင်းစာဆရာတွေကိုပြောတာပါ။
“ICJမှာတရားအစွဲမခံရခင် မြန်မာနိုင်ငံက ကျွန်တော့်ကိုဖိတ်ကြားခဲ့သေးတယ်။ င်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေနေရပ်ပြန်ရင် ကျွန်တော်အဲဒီကိုသွားမယ်လို့ ကျွန်တော်တုံ့ပြန်လိုက်တယ်။” လို့လည်းပြောပါတယ်။
“သူတို့ရဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို သွားတွေ့စကားပြောပြီး သူတို့ရဲ့မျှော်လင့်ချက်တွေကိုနားလည်အောင်လုပ်ဖို့လည်း မြန်မာနိုင်ငံကို ကျွန်တော်ဖိတ်ကြားပါတယ်။” လို့ မိုမန်ကပြောပါတယ်။
ကမ္ဘာအနှံ့မှာတော့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို ပြစ်မှုကြီးတွေအမြောက်အမြားကျူးလွန်ထားတယ်လို့ ပြောဆိုနေပြီး လူမျိုးစုရှင်းလင်းတဲ့သမားရိုးကျဖြစ်စဉ်လို့ ကုလသမဂ္ဂကပြောထားတဲ့အပြင် ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်က လူမျိုးတုန်းသတ်ဖြတ်မှုဆိုပြီးသုံးနှုန်းထားတယ်လို့လည်း မိုမန်ကပြောပါတယ်။
Source-The Daily Star
Photo-ANN

________________________________________
(Zawgyi)
ဘင်္ဂါလီတွေပြန်လက်ခံရေး သဘောတူညီချက်အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံစစ်မှန်တဲ့သဘောနဲ့လုပ်ဖို့ရှိနေ
ဒီဇင္ဘာ ၁၆
နိုင်ငံတကာသတင်း

နိုင်ငံတကာတရားရုံး ICJမှာတရားရင်ဆိုင်နေရတဲ့နောက် မြန်မာနိုင်ငံဟာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို ပိုပြီးသည်းခံလာမယ်လို့မျှော်လင့်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအဗ္ဗဒူ မိုမန်က ဒီနေ့ဒီဇင်ဘာ ၁၆ ရက် တနင်္လာနေ့မှာပြောပါတယ်။
“ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကိုပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံရဲ့စစ်မှန်တဲ့သဘောကိုမြင်ရတော့မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။” ဆိုပြီး ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာက သူ့ရဲ့ရုံးခန်းမှာ သတင်းစာဆရာတွေကိုပြောတာပါ။
“ICJမှာတရားအစွဲမခံရခင် မြန်မာနိုင်ငံက ကျွန်တော့်ကိုဖိတ်ကြားခဲ့သေးတယ်။ င်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေနေရပ်ပြန်ရင် ကျွန်တော်အဲဒီကိုသွားမယ်လို့ ကျွန်တော်တုံ့ပြန်လိုက်တယ်။” လို့လည်းပြောပါတယ်။
“သူတို့ရဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို သွားတွေ့စကားပြောပြီး သူတို့ရဲ့မျှော်လင့်ချက်တွေကိုနားလည်အောင်လုပ်ဖို့လည်း မြန်မာနိုင်ငံကို ကျွန်တော်ဖိတ်ကြားပါတယ်။” လို့ မိုမန်ကပြောပါတယ်။
ကမ္ဘာအနှံ့မှာတော့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေကို ပြစ်မှုကြီးတွေအမြောက်အမြားကျူးလွန်ထားတယ်လို့ ပြောဆိုနေပြီး လူမျိုးစုရှင်းလင်းတဲ့သမားရိုးကျဖြစ်စဉ်လို့ ကုလသမဂ္ဂကပြောထားတဲ့အပြင် ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်က လူမျိုးတုန်းသတ်ဖြတ်မှုဆိုပြီးသုံးနှုန်းထားတယ်လို့လည်း မိုမန်ကပြောပါတယ်။
Source-The Daily Star
#TheFifthWaveNews
Photo-ANN

No comments:

Post a Comment

My Blog List