Thursday, December 19, 2019

AA စစ်ဦးချုပ်၏ ဇနီးနှင့်သားသမီးတို့ကို တတိယနိုင်ငံပို့ရန် ယူအန်ဆုံးဖြတ်ချက်စောင့်နေ

အေအေစစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီးတွေကို လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့အညီ ထိန်းသိမ်းထားပြီး တတိယနိုင်ငံကို ဆက်လက်ပို့ဆောင်ဖို့  ယူအန်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ထိုင်းလ၀ကရဲချုပ်ကြီးရဲ့ အပြောကို ကိုးကားပြီး ထိုင်းပီဘီအက်စ်သ တင်းမှာ ဖော်ပြပါတယ်။ 
အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး နှင်းဇာဖြူနဲ့ အရွယ်မရောက်သေးတဲ့ သားငယ်၊ သမီးငယ်တို့ကို  ချင်းမိုင်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်မှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းထားပြီး ဘန်ကောက်လ၀ကရုံးချုပ်မှာ ထိန်းသိမ်းထားတာပါ။ 
လက်ရှိအခြေအနေအရ သူတို့ရဲ့အမှုဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)မှာ ရောက်ရှိနေပြီး အမေရိကန် ဒါမှမဟုတ် ကနေဒါကဲ့သို့ တတိယနိုင်ငံကို ဆက်သွားဖို့ စောင့်ဆိုင်းနေကြောင်း ၊  ယူအန်ရဲ့ ဆုံးဖြတ်ချက်မကျမချင်း ထိန်းသိမ်းထားနေရတာဖြစ်ပြီး လူ့အခွင့်အရေးစံချိန်စံနှုန်းနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထိုင်းအမျိုးသား လ၀ကရဲတပ်ဖွဲ့ ရဲချုပ် ဆုန်ဖုန်းချင်းဒုန်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ် ။ 
အမေရိကန်နိုင်ငံအခြေစိုက် NAB လို့ခေါ်တဲ့ တိုင်းရင်းသားလူမျိုးများဟာမိတ်အဖွဲ့ ကလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အေအေစစ်ဦးစီးချုပ်ရဲ့ ဇနီး မနှင်းဇာဖြူနဲ့ ကလေး ၂ ယောက်ကို  လူသားချင်းစာနာမှုအရ ကုလသမဂ္ဂမဟာမင်းကြီးရုံး ထံလွှဲ ပြောင်းပြီး အကာအကွယ်ပေးသင့်တယ်လို့ ထိုင်းအစိုးရကို တောင်းဆိုထားပါတယ်။ 
DVB

No comments:

Post a Comment

My Blog List