Thursday, December 19, 2019

လမ်းဘေးဈေးသည်များထံမှ SIM Cards များ ပေါများစွာ ဝယ်ယူ အသုံးပြုနေမှုကို ကန့်သတ်သွားမည်

No photo description available.

လမ်းဘေးဈေးသည်များထံမှ SIM Cards များ ပေါများစွာ ဝယ်ယူ အသုံးပြုနေမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေက ဒီဇင်ဘာ ၁၈ ရက်တွင်ပြောကြားလိုက်သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း မေးမြန်းသည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မေးခွန်းအား ပြန်လည်ဖြေကြားစဉ် ယင်းသို့ ထည့်သွင်းပြောဆို သွားခဲ့ခြင်းဖြစ်သည်။
SIM Cards များကို ငွေတစ်ထောင်လျှင် ငါးခု နှုန်းနှင့် လမ်းဘေး ဈေးသည်များထံတွင် ပေါ များစွာ ဝယ်ယူအသုံးပြုခြင်းနှင့်စပ်လျဉ်းပြီး SIM Cards များရောင်းချရာတွင် ညွှန်ကြားချက်များ အား လိုက်နာဆောင်ရွက်နိုင်ရေး၊ မိမိတို့၏ Point of Sale(POS)များ၊ အရောင်းကိုယ်စားလှယ်များကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ထားရန်၊ လိုက်နာခြင်း မရှိသည့် POS များ၊ အရောင်းကိုယ်စား လှယ်များ ရှိကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာ Operator များအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ဦးမင်းဆွေက ပြောသည်။
ထို့အတူ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်းမရှိသည့် ဆက်သွယ်ရေး Operator များကို သတိပေး ခြင်းဖြင့်လည်းကောင်း၊ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်းဖြင့် လည်းကောင်း၊ အရေးယူဆောင်ရွက် လျက်ရှိရာ ID တစ်ခုတည်းနှင့် SIM Cards မည်မျှ မှတ်ပုံတင်ထားသည်ကို စိစစ်ရန်ခက်ခဲခြင်း၊ ID မှန်ကန်မှု ရှိ/မရှိ စိစစ်ရန်ခက်ခဲခြင်းတို့ကြောင့် Biometric အချက်အလက် များအသုံးပြု၍ Verification ပြုလုပ်နိုင်ပြီး ဆက်သွယ်ရေး Operator အားလုံး၏ သုံးစွဲသူအချက်အလက် များကို တစ်စုတစ်စည်းတည်း သိမ်းဆည်းထားနိုင်သည့် Common Database စနစ်ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုစနစ်ဖြင့် SIM Cards အသစ် ဝယ်ယူသူများကို မှတ်ပုံတင်ခြင်း၊ လက်ရှိမှတ်ပုံတင်ထားသည့် SIM Cards များကိုလည်း အချိန်ကာလ တစ်ခု သတ်မှတ်၍ ပြန်လည်မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ပေး သွားမည် ဖြစ်သဖြင့် လမ်းဘေးဈေးသည်များထံမှ SIM Cards များ ပေါများစွာ ဝယ်ယူ အသုံးပြုနေမှုကိုလည်း ကန့်သတ် သွားလိမ့် မည်ဖြစ်ကြောင်း ဦးမင်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
The Ladies News
လမ်းဘေးဈေးသည်များထံမှ SIM Cards များ ပေါများစွာ ဝယ်ယူ အသုံးပြုနေမှုကို ကန့်သတ်သွားမည်
--- --- ---

No comments:

Post a Comment

My Blog List