Monday, December 16, 2019

သူရဲကောင်းခန်းမကနေ ဒေါ်အောင်ဆန်းစုကြည်ပန်းချီကား ဖယ်ရှားခံရ

Image may contain: 1 person
အမေရိကန်နိုင်ငံ မဲလ်ဖို့ဒ်မြို့၊ မြူ ရ် (Muir) အလယ်တန်းကျောင်းရဲ့ သူရဲကောင်းခန်းမ Hall of Heroes မှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်းချီကားချပ်ကို ဖယ်ရှားလိုက်တယ် လို့ လော့စ်အိန်ဂျယ်လစ်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

သူရဲကောင်းခန်းမမှာ ကမ္ဘာတဝှမ်းက ထင်ရှားတဲ့ အိုင်စတိုင်း၊ ဒေါက်တာ မာတင်လူသာကင်း၊ အမေရိကန်သမ္မတ ရုစဗက်ရဲ့ကတော် အဲလိန်နော ရုစဗက် တို့ပါဝင်ပြီးတော့၊ နယ်ပယ်စုံက ထင်ရှားကျော်ကြားသူ အားလုံးပေါင်း ၁၅ ဦးရဲ့ ပန်းချီတွေကို ချိတ်ဆွဲပြသထားတာပါ။ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် အဲဒီခန်းမမှာ ပြသထားတာ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ် The Hague မြို့က နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲဆိုထားတာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လျှောက်လဲချက်ပေးနေတဲ့ အပတ်အတွင်းမှာပဲ အခုလိုဖယ်ရှားလိုက်တာလို့ ကျောင်းအုပ်ကြီးက ဖြေကြားထားပါတယ်။ ကျောင်းအုပ်ကြီးက သူရဲကောင်းခန်းမမှာ ချိတ်ဆွဲထားတဲ့ ပန်းကြီးကားချပ်ကြီးတွေကို ကျောင်းသားတွေက သူတို့ရဲ့အားကျတဲ့ စံပြပုဂိုလ်တွေအဖြစ် ရည်ရွယ်ပြသတာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၁-၁၂ ရက်တွေမှာ ICJ တရားသူကြီးတွေကို မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ဘူး၊ ဒါကြောင့် ဂမ်ဘီယာနိုင်ငံက တောင်းဆိုတဲ့ provisional measures ကြားဖြတ်အစီမံတစ်ခုကို မချမှတ်ဖို့တင်ပြခဲ့သလို၊ ICJ အမှုကနေ ပယ်ဖျက်ပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။
၂၀၁၇ တုန်းက တပ်မတော်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က အဲဒီစစ်ဆင်ရေးကို လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်ထားပါတယ်။
ICJ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်လဲချက်တွေကို သုံးသပ်ပြီးနောက် ဗြိတိန်နိုင်ငံက အီဒင်ဘာ့ဂ် တော်ဝင်ခွဲစိတ်သမားတော်များကောလိပ်က ချီးမြှင့်ထားတဲ့ RCSEd ဂုဏ်ထူးဆောင်ဆုကိုလည်း ပြန်လည်ရုတ်သိမ်းဖွယ် ရှိတယ်လို့လည်း The Sunday Post က ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။
အဲဒီဆုကို ၂၀၁၅ ခုနှစ်က ပေးအပ်ခဲ့တာဖြစ်ပြီး၊ ကမ္ဘာ့ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အရေးမှာ ရွပ်ရွပ်ချွံချွံ စွမ်းဆောင်ခဲ့တာကို အသိအမှတ်ပြု ချီးမြှင့်တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အီဒင်ဘာ့ဂ်၊ ဂလပ်စဂိုနဲ့ ဒန်ဒီမြို့တွေက ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခဲ့တဲ့ဆုတွေ ပြန်လည်ရုပ််သိမ်းခဲ့ကြပါတယ်။
ဒီအတွင်း ERC ခေါ် ဥရောပ ရိုဟင်ဂျာကောင်စီကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းကလူနည်းစု ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

RFA
(Unicode)
~~~~~~~~~~~~~~~

သူရဲကောင်းခန်းမကနေ ဒေါ်အောင်ဆန်းစုကြည်ပန်းချီကား ဖယ်ရှားခံရ
~~~~~
■ အမေရိကန်နိုင်ငံ မဲလ်ဖို့ဒ်မြို့၊ မြူ ရ် (Muir) အလယ်တန်းကျောင်းရဲ့ သူရဲကောင်းခန်းမ Hall of Heroes မှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်းချီကားချပ်ကို ဖယ်ရှားလိုက်တယ် လို့ လော့စ်အိန်ဂျယ်လစ်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

သူရဲကောင်းခန်းမမှာ ကမ္ဘာတဝှမ်းက ထင်ရှားတဲ့ အိုင်စတိုင်း၊ ဒေါက်တာ မာတင်လူသာကင်း၊ အမေရိကန်သမ္မတ ရုစဗက်ရဲ့ကတော် အဲလိန်နော ရုစဗက် တို့ပါဝင်ပြီးတော့၊ နယ်ပယ်စုံက ထင်ရှားကျော်ကြားသူ အားလုံးပေါင်း ၁၅ ဦးရဲ့ ပန်းချီတွေကို ချိတ်ဆွဲပြသထားတာပါ။ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် အဲဒီခန်းမမှာ ပြသထားတာ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ် The Hague မြို့က နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲဆိုထားတာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လျှောက်လဲချက်ပေးနေတဲ့ အပတ်အတွင်းမှာပဲ အခုလိုဖယ်ရှားလိုက်တာလို့ ကျောင်းအုပ်ကြီးက ဖြေကြားထားပါတယ်။ ကျောင်းအုပ်ကြီးက သူရဲကောင်းခန်းမမှာ ချိတ်ဆွဲထားတဲ့ ပန်းကြီးကားချပ်ကြီးတွေကို ကျောင်းသားတွေက သူတို့ရဲ့အားကျတဲ့ စံပြပုဂိုလ်တွေအဖြစ် ရည်ရွယ်ပြသတာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၁-၁၂ ရက်တွေမှာ ICJ တရားသူကြီးတွေကို မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ဘူး၊ ဒါကြောင့် ဂမ်ဘီယာနိုင်ငံက တောင်းဆိုတဲ့ provisional measures ကြားဖြတ်အစီမံတစ်ခုကို မချမှတ်ဖို့တင်ပြခဲ့သလို၊ ICJ အမှုကနေ ပယ်ဖျက်ပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။
၂၀၁၇ တုန်းက တပ်မတော်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က အဲဒီစစ်ဆင်ရေးကို လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်ထားပါတယ်။
ICJ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်လဲချက်တွေကို သုံးသပ်ပြီးနောက် ဗြိတိန်နိုင်ငံက အီဒင်ဘာ့ဂ် တော်ဝင်ခွဲစိတ်သမားတော်များကောလိပ်က ချီးမြှင့်ထားတဲ့ RCSEd ဂုဏ်ထူးဆောင်ဆုကိုလည်း ပြန်လည်ရုတ်သိမ်းဖွယ် ရှိတယ်လို့လည်း The Sunday Post က ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။
အဲဒီဆုကို ၂၀၁၅ ခုနှစ်က ပေးအပ်ခဲ့တာဖြစ်ပြီး၊ ကမ္ဘာ့ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အရေးမှာ ရွပ်ရွပ်ချွံချွံ စွမ်းဆောင်ခဲ့တာကို အသိအမှတ်ပြု ချီးမြှင့်တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အီဒင်ဘာ့ဂ်၊ ဂလပ်စဂိုနဲ့ ဒန်ဒီမြို့တွေက ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခဲ့တဲ့ဆုတွေ ပြန်လည်ရုပ်သိမ်းခဲ့ကြပါတယ်။
ဒီအတွင်း ERC ခေါ် ဥရောပ ရိုဟင်ဂျာကောင်စီကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းကလူနည်းစု ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

Photo: Myanmar State Counsellor Office

No comments:

Post a Comment

My Blog List