Friday, December 20, 2019

မြန်မာနိုင်ငံသားမှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား လေးဦးကို ကျပ်သိန်း(၇၅၀)ရလိုမှုဖြင့်အမှုဖွင့်၊မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံသားများကို ဖမ်းမိခြင်းမရှိ

No photo description available.
မြန်မာနိုင်ငံသားမှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား လေးဦးကို ကျပ်သိန်း(၇၅၀)ရလိုမှုဖြင့်အမှုဖွင့်၊မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံသားများကို ဖမ်းမိခြင်းမရှိပါ။

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၁၈ရက်နေ့၁၁း၄၀အချိန်ချမ်းအေးသာစံမြို့နယ်အမှတ်-၃၊ချမ်းအေးသာစံနယ်မြေရဲစခန်းသို့ ဒေါ်ခင်ဌေးကြည် (၅၈)နှစ်မှ လာရောက်တိုင်တန်းသဖြင့် Myanmar Zhoyue Co.,Ltd (ခရီးသွားဝန်ဆောင်မှုလုပ်ငန်း)မှ တရုတ်နိုင်ငံသူ Mrs. Wan Wei Hong (စိစစ်ဆဲ)ပါ တရုတ်နိုင်ငံသား ၄ ဦး(အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး )(ဖမ်းမမိ)တို့အား အမှတ်-၃၊ ချမ်းအေးသာစံနယ်မြေရဲစခန်း (ပ)၅၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀(လိမ်လည်မှု)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပါသည်။
ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် Hilton Hotel ၌ Mrs. Wan Wei Hong ပါ ၄ ဦးသည် ဒေါ်ခင်ဌေးကြည်ထံမှ မော်တော်ယာဉ် ၂၀ စီးအား စာချုပ် ချုပ်ဆို၍ ငှားရမ်းအသုံးပြုခဲ့ပါသည်။
ထိုသို့ငှားရမ်းအသုံးပြုစဉ် ငှားရမ်းခများအား လစဉ်ပုံမှန် ပေးအပ်ခဲ့သော်လည်း နောက်ပိုင်း၌ ပုံမှန်မပေးသဖြင့် ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်တွင် ဒေါ်ခင်ဌေးကြည်မှ မော်တော်ယာဉ်ငှားရမ်းခြင်းအား ရပ်ဆိုင်းခဲ့သဖြင့် Mrs. Wan Wei Hong ပါ ၄ ဦးသည် ဒေါ်ခင်ဌေးကြည်နှင့် ထပ်မံတွေ့ဆုံ၍ မော်တော်ယာဉ်များအား ဆက်လက်ငှားရမ်းပေးရန် နှင့် ကားငှားရမ်းခပေးချေရန် ကျောက်စိမ်းလက်ဝတ်ရတနာများရှိကြောင်း ယုံကြည်အောင် ပြောဆိုသဖြင့်ဒေါ်ခင်ဌေးကြည်မှ ဆက်လက်ငှားရမ်းပေးခဲ့သော်လည်း မော်တော်ယာဉ်ငှားရမ်းခ တန်ဖိုးငွေ ၇၅,၁၁၅,၀၀၀ ကျပ်အား ယနေ့အထိ ပေးချေခြင်းမရှိသဖြင့် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ထားသည်။
[Unicode]
မြန်မာနိုင်ငံသားမှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား လေးဦးကို ကျပ်သိန်း(၇၅၀)ရလိုမှုဖြင့်အမှုဖွင့်၊မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံသားများကို ဖမ်းမိခြင်းမရှိ

ရန်ကုန်၊ဒီဇင်ဘာ-၂၀
မြန်မာနိုင်ငံသားမှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား လေးဦးကို ကျပ်သိန်း(၇၅၀)ရလိုမှုဖြင့်အမှုဖွင့်၊မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံသားများကို ဖမ်းမိခြင်းမရှိပါ။
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၁၈ရက်နေ့၁၁း၄၀အချိန်ချမ်းအေးသာစံမြို့နယ်အမှတ်-၃၊ချမ်းအေးသာစံနယ်မြေရဲစခန်းသို့ ဒေါ်ခင်ဌေးကြည် (၅၈)နှစ်မှ လာရောက်တိုင်တန်းသဖြင့် Myanmar Zhoyue Co.,Ltd (ခရီးသွားဝန်ဆောင်မှုလုပ်ငန်း)မှ တရုတ်နိုင်ငံသူ Mrs. Wan Wei Hong (စိစစ်ဆဲ)ပါ တရုတ်နိုင်ငံသား ၄ ဦး(အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး )(ဖမ်းမမိ)တို့အား အမှတ်-၃၊ ချမ်းအေးသာစံနယ်မြေရဲစခန်း (ပ)၅၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀(လိမ်လည်မှု)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပါသည်။
ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် Hilton Hotel ၌ Mrs. Wan Wei Hong ပါ ၄ ဦးသည် ဒေါ်ခင်ဌေးကြည်ထံမှ မော်တော်ယာဉ် ၂၀ စီးအား စာချုပ် ချုပ်ဆို၍ ငှားရမ်းအသုံးပြုခဲ့ပါသည်။
ထိုသို့ငှားရမ်းအသုံးပြုစဉ် ငှားရမ်းခများအား လစဉ်ပုံမှန် ပေးအပ်ခဲ့သော်လည်း နောက်ပိုင်း၌ ပုံမှန်မပေးသဖြင့် ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်တွင် ဒေါ်ခင်ဌေးကြည်မှ မော်တော်ယာဉ်ငှားရမ်းခြင်းအား ရပ်ဆိုင်းခဲ့သဖြင့် Mrs. Wan Wei Hong ပါ ၄ ဦးသည် ဒေါ်ခင်ဌေးကြည်နှင့် ထပ်မံတွေ့ဆုံ၍ မော်တော်ယာဉ်များအား ဆက်လက်ငှားရမ်းပေးရန် နှင့် ကားငှားရမ်းခပေးချေရန် ကျောက်စိမ်းလက်ဝတ်ရတနာများရှိကြောင်း ယုံကြည်အောင် ပြောဆိုသဖြင့်ဒေါ်ခင်ဌေးကြည်မှ ဆက်လက်ငှားရမ်းပေးခဲ့သော်လည်း မော်တော်ယာဉ်ငှားရမ်းခ တန်ဖိုးငွေ ၇၅,၁၁၅,၀၀၀ ကျပ်အား ယနေ့အထိ ပေးချေခြင်းမရှိသဖြင့် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #Mandaly

No comments:

Post a Comment

My Blog List