Thursday, December 19, 2019

၂၀၂၀ရွေးကောက်ပွဲကာလအတွင်း ဖေ့ဘုတ်အသုံးပြုမှုနှင့်ပါတ်သတ်ပြီး အစိုးရက ညှိနှိုင်းထိန်းကျောင်းရန်ရှိပါသလောဟု ကြံ့ခိုင်ရေးအမတ်မေးခွန်းမေး


Image may contain: 1 person
၂၀၂၀ရွေးကောက်ပွဲကို ဖေ့ဘုတ်တိုက်ပွဲတစ်ရပ်ဟု တင်စားခေါ်ဝေါ်နေကြ၍ ရွေးကောက်ပွဲကာလအတွင်းဖေ့ဘုတ်အသုံးပြုမှုအပေါ် အစိုးရကကြပ်မတ်ရန်ရှိ၊မရှိ ကြံ့ခိုင်ရေးအမတ်တစ်ဦးက သက်ဆိုင်ရာကို ယနေ့ မေးခွန်းထုတ်ခဲ့သည်။
မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက ၂၀၁၅ရွေးကောက်ပွဲနှင့်စည်ပင်ရွေးကောက်ပွဲများတွင် ဖေ့ဘုတ်သုံးပြီး ကိုယ်စားလှယ်များမဲဆွယ်ခဲ့ကြသည်ဟု ပြောကာ လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ဖေ့ဘုတ်ကိုမီးကုန်ယမ်းကုန်သုံးကာ မဲဆွယ်ကြလိမ့်မည်ဟု လွှတ်တော်ကိုပြောသည်။

“ဖေ့ဘုတ်ကနေ မဲဆွယ်ကြေညာလို့ရှိရင် ဒီကုန်ကျစရိတ်ကို ကိုယ်စားလှယ်လောင်းအသုံးပြုတဲ့ မဲဆွယ်ကုန်ကျစရိတ်ထဲမှာ ထည့်မလား။ပြီးရင် slient day မဲလုံးဝမဆွယ်ရတဲ့နေ့ ဒီနေ့မှာ ဖေ့ဘုတ်ကနေမဲဆွယ်ရင် ဒါကို ဘယ်လိုလုပ်မလဲ“ဟု ဦးစိုင်းငေါင်းဆိုင်ဟိန်းက မေးသည်။

ဖေ့ဘုတ်ကြောင့် ဗဟုသုတရရှိခြင်းများရှိသော်လည်း ဖေ့ဘုတ်ကြောင့်ပင် အမုန်းစကားများရှိခဲ့သည်ဟု ဆိုကာ ပုဒ်မ၆၆ဃက သက်သေတစ်ခုဟုပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေက ကြံ့ခိုင်ရေးအမတ်မေးသည့် ၂၀၂၀ရွေးကောက်ပွဲကာလတွင် ဖေ့ဘုတ်အသုံးပြုမှုကို အစိုးရက ညှိနှိုင်းထိန်းကျောင်းရန် အစီအစဉ်ရှိ၊မရှိ၊ဖေ့ဘုတ်ပေါ် ကိုယ်စားလှယ်လောင်းများအခပေးကြေညာမှုကို ရွေးကောက်ပွဲကုန်ကျစရိတ်ထဲ ထည့်ရန်လို၊မလို၊slient day မဲလုံးဝမဆွယ်ရတဲ့နေ့တွင် ဖေ့ဘုတ်အသုံးပြုမဲဆွယ်မှုအပေါျ မညျကဲ့သို့ဆောငျရှကျမညျနညျး ဆိုသည့် မေးခွန်း၃ခုကို အပိုင်းလိုက်ဖြေကြားပေးခဲ့သည်။

၂၀၂၀ရွေးကောက်ပွဲအတွင်း ဖေ့ဘုတ်အသုံးပြုမှုကို အစိုးရက ညှိနှိုင်းထိန်းကျောင်းရန် အစီအစဉ်ရှိ၊မရှိအပေါ် တည်ဆဲဥပဒေကိုချိုးဖောက်ပါက အရေးယူနေကြောင်းသာဖြေပြီး ထိန်းကျောင်းရန် ရှိ၊မရှိကို အဖြေမပေးခဲ့ပေ။

ယင်းအပြင် ဖေ့ဘုတ်ပေါ် ကိုယ်စားလှယ်လောင်းများအခပေးကြေညာမှုကို ရွေးကောက်ပွဲကုန်ကျစရိတ်ထဲ ထည့်ရန်လို၊မလိုကို လိုသည်ဟု အဖြေပေးခဲ့သည်။

slient day မဲလုံးဝမဆွယ်ရတဲ့နေ့တွင် ဖေ့ဘုတ်အသုံးပြုမဲဆွယ်မှုအပေါျ မညျကဲ့သို့ဆောငျရှကျမညျနညျး ဆိုသည့် မေးခွန်းအပေါ် ဥပဒေ၊နည်းဥပဒေထဲ ဖေ့ဘုတ်အကြောင်း မထည့်သွင်းထားပါဟု အဖြေပေးသည်။

သို့သော် ဥပဒေထဲ မဲမဆွယ်ရဧရိယာနှင့်မဲရုံအတွင်း ဆန္ဒမဲပေးရန်၊မပေးရန် စသည်ဖြင့် မည်သည့်နည်းလမ်းကိုအသုံးပြုပြီး တိုက်တွန်းမဲဆွယ်မည်ဆိုပါက ဥပဒေကိုချိုးဖောက်ခြင်းသာဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေက ဖြေသည်။

မောင်မောင်/Myanmar Harp

No comments:

Post a Comment

My Blog List