Friday, December 20, 2019

ကတိပေးထားသည့်အတိုင်း သုံးနှစ်ပြည့်လျှင် နှုတ်ထွက်ပေးရန် ဂမ်ဘီယာသမတကို ပြည်သူများ တောင်းဆိုဆန္ဒပြ

Image may contain: 5 people, people smiling, people standing
လက်ရှိ ဂမ်ဘီယာ သမ္မတ အာဒမ်ဘာရိုးသည် ၄င်းမဲဆွယ်စဉ်ကာလအတွင်း ရွေးကောက် တင်မြှောက်ခံရပါက သုံးနှစ်သာ တာဝန်ထမ်းဆောင်ပြီး နုတ်ထွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောကြားမှုအပေါ် လက်ရှိအချိန်တွင် အချိန်ပြည့်ပြီဖြစ်၍ နုတ်ထွက်ပေးရန် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဂမ်ဘီယာ ပြည်သူ ထောင်ပေါင်းများစွာက မြို့တော် Banjul တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အနောက်အာဖရိကနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတသက်တမ်းမှာ ငါးနှစ်ဟု သတ်မှတ်ထားသော်လည်း သမ္မတဘာရိုးသည် ၂၀၁၆ ခုနှစ် မဲဆွယ်စဉ် ၄င်း၏ ယာယီဖွဲ့စည်းထားသော အာဏာရညွန့်ပေါင်းအဖွဲ့နှင့် ညှိနှိုင်းကာ သုံးနှစ်သာ တာဝန်ထမ်းဆောင်မည်ဟု ကတိပေးခဲ့သူဖြစ်သည်။
Barrow နှင့် ညွှန့်ပေါင်းအစိုးရအဖွဲ့တို့ သဘောတူညီမှုမှာ ဘာရိုးသည် သုံးနှစ် တာဝန်ထမ်းဆောင်ပြီးချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန်နှင့် ယင်းရွေးကောက်ပွဲတွင် ၄င်းဝင်ရောက် မယှဉ်ပြိုင်ရန်တို့ ဖြစ်သည်။
သို့သော် ယခုအခါ သူသည် သမ္မတသက်တမ်း ငါးနှစ်ပြည့်ပြီးချိန် ၂၀၂၁ ခုနှစ်ရောက်မှသာ ရွေးကောက်ပွဲကျင်းပရန် အဆိုပြုခဲ့ကြောင်း သိရသည်။
သို့အတွက် ပြည်သူထောင်ပေါင်းများစွာပါဝင်သည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။ ဆန္ဒပြမှုများ မပြုလုပ်မီ သမ္မတဘာရိုးကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူက ၄င်း၏ အရာရှိကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
Image may contain: 1 person, hat and closeup
Image may contain: 1 person, smiling, crowd and outdoor
AS
Ref; internet
<Zawgyi>
ကတိပေးထားသည့်အတိုင်း သုံးနှစ်ပြည့်လျှင် နှုတ်ထွက်ပေးရန် ဂမ်ဘီယာသမတကို ပြည်သူများ တောင်းဆိုဆန္ဒပြ

လက်ရှိ ဂမ်ဘီယာ သမ္မတ အာဒမ်ဘာရိုးသည် ၎င်းမဲဆွယ်စဉ်ကာလအတွင်း ရွေးကောက် တင်မြှောက်ခံရပါက သုံးနှစ်သာ တာဝန်ထမ်းဆောင်ပြီး နုတ်ထွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောကြားမှုအပေါ် လက်ရှိအချိန်တွင် အချိန်ပြည့်ပြီဖြစ်၍ နုတ်ထွက်ပေးရန် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဂမ်ဘီယာ ပြည်သူ ထောင်ပေါင်းများစွာက မြို့တော် Banjul တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
အနောက်အာဖရိကနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတသက်တမ်းမှာ ငါးနှစ်ဟု သတ်မှတ်ထားသော်လည်း သမ္မတဘာရိုးသည် ၂၀၁၆ ခုနှစ် မဲဆွယ်စဉ် ၎င်း၏ ယာယီဖွဲ့စည်းထားသော အာဏာရညွန့်ပေါင်းအဖွဲ့နှင့် ညှိနှိုင်းကာ သုံးနှစ်သာ တာဝန်ထမ်းဆောင်မည်ဟု ကတိပေးခဲ့သူဖြစ်သည်။
Barrow နှင့် ညွှန့်ပေါင်းအစိုးရအဖွဲ့တို့ သဘောတူညီမှုမှာ ဘာရိုးသည် သုံးနှစ် တာဝန်ထမ်းဆောင်ပြီးချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန်နှင့် ယင်းရွေးကောက်ပွဲတွင် ၎င်းဝင်ရောက် မယှဉ်ပြိုင်ရန်တို့ ဖြစ်သည်။
သို့သော် ယခုအခါ သူသည် သမ္မတသက်တမ်း ငါးနှစ်ပြည့်ပြီးချိန် ၂၀၂၁ ခုနှစ်ရောက်မှသာ ရွေးကောက်ပွဲကျင်းပရန် အဆိုပြုခဲ့ကြောင်း သိရသည်။
သို့အတွက် ပြည်သူထောင်ပေါင်းများစွာပါဝင်သည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။ ဆန္ဒပြမှုများ မပြုလုပ်မီ သမ္မတဘာရိုးကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူက ၎င်း၏ အရာရှိကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
AS
Ref; internet

No comments:

Post a Comment

My Blog List