Monday, December 16, 2019

အမေရိကန် အလယ်တန်းကျောင်းမှ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်းချီ ဖယ်ရှားခံရ

Image may contain: 1 person
အမေရိကန်ပြည်ထောင်စု၊ အလယ်တန်းကျောင်းတစ်ခုတွင် ရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်းချီကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း လော့အန်ဂျလိစ်တိုင်းမ်က သတင်းရေးသားဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု Michigan ပြည်နယ်၊ Milford မြို့ တွင် တည်ရှိသည့် Muri အလယ်တန်းကျောင်းတွင် ကမ္ဘာ့စံပြ သူရဲကောင်း ၁၅ ဦး တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပန်းချီပါ ပါဝင်ပြီး ICJ တွင် တရားရင်ဆိုင်ပြီးနောက် ယင်းပုံတူ ပန်းချီကို ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း အဆိုပါသတင်းက ဆိုသည်။
"ဒီပုံတူပန်ချီးတွေက ကျောင်းသားကျောင်းသူတွေ အတုယူဖို့ စံပြနမူနာအဖြစ် ချိတ်ဆွဲထားတာပါ" ဟု အလယ်တန်းကျောင်းအုပ် Greg Millerက ပြောဆိုသည်။
ဒေါက်တာမာတင်လူသာကင်း အပါအဝင် ကမ္ဘာ့စံပြ သူရဲကောင်းများနှင့်အတူ ရေးဆွဲထားသော ပုံတူပန်းချီများတွင် ဒေါ်အောင်ဆန်းစုကြည်ပုံတူကို ပထမဆုံးအကြိမ် ဖြုတ်ချလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကို ဖြုတ်ချလိုက်ခြင်းအတွက် ကျောင်းဘက်မှ တရားဝင် အကြောင်းပြချက် တစ်စုံတစ်ရာ ပေးခြင်းမရှိဟု သိရှိရသည်။
အဆိုပါသတင်းကို အောက်ပါလင့်တွင် ဖတ်နိုင်ပါသည်။
ဓာတ်ပုံ- ဖယ်ရှားခံလိုက်ရသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်းချီ။
Photo Credit - (Andrew Campa/Burbank Leader)

No comments:

Post a Comment

My Blog List