Tuesday, December 17, 2019

မူးယစ်ဆေးကိစ္စ နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ကို တိုင်ကြားခဲ့သည့် အမျိုးသမီး အသက်အန္တရာယ် ခြိမ်းခြောက်ခံရ

Image may contain: 3 people, people smiling, people sitting and text

မူးယစ်ဆေးကိစ္စ နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အား တိုင်ကြားခဲ့သည့် အမျိုးသမီးမှာ မနေ့ညက အသက်အန္တရာယ် ခြိမ်းခြောက်ခံရကြောင်း ကာယကံရှင်ဖြစ်သူ ဒေါ်မိမိကြီးက Myanmar Harp ကိုပြောသည်။

"မနေ့က ဝန်ကြီးချုပ်နဲ့ တွေ့အပြီး အပြန်လမ်းမှာ အမေတို့နေတဲ့ အိမ်နားက ကောက်ရိုးပုံကို မီးထုပ် နဲ့ ပစ်သွားတာပါ၊ရပ်ကွက် ကလိုက်ဖမ်းပေမယ့် သူတို့ကထွက်ပြေးသွားတယ်"ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတချို့က ၎င်း၏အိမ်နားတွင် လုံခြုံရေးယူပေးခဲ့ကြောင်းသိရသည်။
"ဒီနေ့ မနက်ကလည်း ရှမ်းကုန်း ရပ်ကွက်မှာနေတဲ့ စောလွင် ဆိုတဲ့သူက အမေ့ကိုသတ်မယ်ဆိုပြီး ပြောလို့ ရပ်ကွက်က လူတွေကဂရုစိုက်ဖို့ လာပြောတယ်"ဟု ၎င်းကဆက်ပြောသည်။
ခြိမ်းခြောက်ခံရသည့် သတင်းကြားကြားချင်း သူမကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ် အိမ်သို့ သွားရောက်ပြီးအကျိုးအကြောင်းအားပြောပြထားကြောင်းသိရသည်။
အဆေိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး ကောလင်း ပြည်သူ့လွှတ်တေ်ာကိုယ်စားလှယ် ဦးမျိုးဇော်အောင်က"ကျွန်တော်တို့ အနေနဲ့ကတော့ အန္တရာယ် တစ်ခုခုဖြစ်ရင် ချက်ချင်း ကူညီဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်"ဟု Myanmar Harp သို့ပြောသည်။
မနေ့နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းတွင် စစ်ကိုင်းဝန်ကြီးချုပ်ဦးဆောင်သည့် အုပ်ချုပ်ရေး၊တရားရေး၊ ဥပဒေပြုရေးအဖွဲ့များနှင့် ဒေသခံတို့ တွေ့ဆုံသည့်ပွဲတွင် ဒေါ်မိမိကြီးက မူးယစ်ဆေးဝါးပျံ့နှံနေခြင်းကိစ္စနှင့်ပတ်သတ်ပြီးတင်ပြခဲ့သည်။
ဝန်ကြီးချုပ်က ကောလင်း ထွေအုပ်နှင့်ရဲတပ်ဖွဲ့ကိုမသိရကောင်းလားဆို၍ ပွဲကြမ်းမာန်မဲခဲ့သည်။
ဇေဝေယံ/Myanmar Harp

No comments:

Post a Comment

My Blog List