Friday, December 20, 2019

ကရင်လက်နက်ကိုင် ၄ ဖွဲ့ စုပေါင်းပြီး ကရင်နှစ်သစ်ကူးနေ့ ကျင်းပမည်

Image may contain: 2 people, people smiling, people on stage and outdoor
ကရင်လက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ ပူးပေါင်းပြီး ကရင်နှစ်သစ်နေ့ကူးပွဲတော်ကို ကြာအင်းဆိပ်ကြီးမြို့နယ် ကြိမ်ချောင်းကျေးရွာမှာ ကျင်းပပြုလုပ်သွားမယ်လို့ (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင် က One news ကိုပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့ မှာ ကျရောက်မယ့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ ၊ DKBA နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ရတာဟာ ကရင်အမျိုးသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသတာ ဖြစ်တယ်လို့ KNU ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
“ကရင်တစ်မျိုးသားလုံး ပိုင်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ ကြားထဲမှာ ကရင်နှစ်သစ်ကူးနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်မရှိဘူး။ ဒါကြောင့် တစ်စည်းတလုံးတည်းနဲ့ စုပေါင်းပြီး ကျင်းပတာ ဖြစ်ပါတယ်” လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားမှာ အမျိုးသားအလံတင်တဲ့ အခမ်းအနား၊ စာပေ ဒုံးအကပြိုင်ပွဲ၊ ကောက်သစ်စားပွဲနဲ့ အားကစားပြိုင်ပွဲတွေ ထည့်သွင်းထားတယ်သိရပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့စုပေါင်းပြီး ပထမဦးဆုံးအကြိမ်အဖြစ် ကရင်နှစ်သစ်ကူးနေ့ပွဲတော်ကို ပြီးခဲ့တဲ့နှစ်က မြဝတီမြို့နယ် ရွှေကုက္ကိုဒေသမှာ ကျင်းပခဲ့ပါတယ်။

No comments:

Post a Comment

My Blog List