Monday, December 16, 2019

မင်းပြား၌ AAနှင့် တပ်မတော် တိုက်ပွဲဖြစ်ရာ မသင်္ကာဖွယ် အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသား ခုနစ်ဦးအား ဖမ်းဆီးထိန်းသိမ်းကြောင်း တပ်မတော် သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဝန်းကျင်တစ်ဝိုက်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ဒီဇင်ဘာ ၁၁ ရက် ည ၁၀ နာရီခန့်တွင် စိတ္တရကျေးရွာအနီးသို့ အရောက်၌ ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်မှ AA အဖွဲ့က လက်နက်ငယ်ဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ သည်။

ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိတစ်ဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော် စစ်ကြောင်းအား စတင်ပစ်ခတ်ခဲ့သည့် နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ဖုံသာကျေးရွာမှ ဦးဉာဏ်သိန်းနှင့် ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင်တို့ နှစ်ဦးအား လက်နက်ငယ်ကျည် ထိမှန်သေဆုံးလျက် တွေ့ရှိရသည်။
ထို့ပြင် ဖြစ်စဉ်နေရာအနီး၌ မသင်္ကာဖွယ်ရာ စုဝေးရောက်ရှိနေ သည့် မောင်မောင်သန်း (ဘ) ဦးထွန်းအေးကြိုင် အပါအဝင် အမျိုးသား ခုနစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးနိုင်ရန် မင်းပြားမြို့မ ရဲစခန်းသို့ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

My Blog List