Tuesday, December 17, 2019

ဦးစိုင်းသန်းနိုင် ၏ ခြေဥပြင်ရေးဥပဒေမူကြမ်းကို ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက် တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ်တင်သွင်းရန် လွှတ်တော် ကယနေ့ မဲခွဲဆုံးဖြတ် ယင်ဥပဒေမူကြမ်းသည် ကာလုံ၏လုပ်ပိုင်ခွင့်အာဏာအားတိုးမြှင့်သည့်ခြေဥုပင်ဆင်ရေးဥပဒေကြမ်းဖြစ်

Image may contain: one or more people

ကြံ့ခိုင်ရေးအမတ်ဦးစိုင်းသန်းနိုင် ၏ ခြေဥပြင်ရေးဥပဒေမူကြမ်းကို ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက် တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ်တင်သွင်းရန် လွှတ်တော် ကယနေ့ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်သည်။

ထောက်ခံမဲ ၃၅၇မဲ၊ ကန့်ကွက်မဲ ၂၀၀၊ကြားနေ ၇မဲဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။
ကြံ့ခိုင်ရေးအမတ် ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်၅မှ ဦးစိုင်းသန်းနိုင် အပါအဝင်ကိုယ်စားလှယ်၁၄၅ ဦး တင်ပြထားသည့် ခြေဥပြင်ရေးဥပဒေမူကြမ်းကို ကိုယ်စားလှယ်များဆွေးနွေးပြီး လွှတ်တော်ကအတည်ပြုပေးပါရန် လေ့လာစီစစ်ရေး ပူးပေါင်းကော်မတီက နိုဝင်လာလနောက်ဆုံးပါတ်က သဘောထားမှတ်ချက်ပေးခဲ့သည့် အတွက် ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြပြီး ယနေ့ မဲခွဲဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။
ဦးစိုင်းသန်းနိုင်၏ ဥပဒေကြမ်းသည် လွှတ်တော်ဖျက်သိမ်းရန် သင့်/မသင့် အကြံပြုခွင့် အခွင့်အာဏာအား ကာလုံ၏ လုပ်ပိုင်ခွင့် တစ်ရပ်အဖြစ် တိုးမြှင့်ထည့်သွင်းထားသော ခြေဥပြင်ရေးဥပဒေကြမ်းတစ်ရပ်ဖြစ်ကာ ကြံ့ခိုင်ရေးအမတ်က တပ်ကိုယ်စားလှယ်များနှင့်ပေါင်းပြီး တင်သွင်းခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
တည်ဆဲ ခြေဥအရ ကာလုံတွင် သမ္မတ၊ဒုသမ္မတ၂ဦး၊ပြည်သူနှင့်အမျိုးသားလွှတ်တော်ဥက္ကဌ ၂ဦး၊ကာချူပ်၊ဒုကာချုပ်၊ဝန်ကြီးများဖြစ်ကြသည့် ကာကွယ်ရေး၊နိုင်ငံခြားရေး၊ပြည်ထဲရေးနှင့် နယ်စပ်ရေး စသည်ဖြင့် စုစုပေါင်း ၁၁ဦးရှိပြီး အရပ်ဖက်က ခန့်ခွင့် ရှိသူ ၅ဦး၊တပ်ဘက်က တိုက်ရိုက်ခန့်ခွင့်ရှိသူ ၆ဦး ရှိနေပြီး လုပ်ပိုင်ခွင့် အာဏာထဲတွင် လွှတ်တော်အရေးကိစ္စဆောင်ရွက်ပိုင်ခွင့် မရှိပေ။
အကန့်အသတ်ဖြစ်သာ ပေးထားသည့် ကာလုံ၏ လုပ်ပိုင်ခွင့်အား ဦးစိုင်းသန်းနိုင်ပါ ၁၄၅ဦးက လွှတ်တော်ဖျက်သိန်းနိုင်သည်အထိပင် အကြံပြုတင်ပြနိုင်သည်အထိ အာဏာ ထပ်တိုးပေးလိုနေကြသည်။
ဥပဒေကြမ်းတင်သွင်းသူ ကြံ့ခိုင်ရေးအမတ် ဦးစိုင်းသန်းနိုင်က “လုပ်ပိုင် ဆောင်ရွက်ခွင့်တွေကို တိုးမြှင့်လိုက်တာပါ“ဟု Myanmar Harp ကိုပြောဆိုထားသည်။
ဦးစိုင်းသန်းနိုင်က ခြေဥပြင်ရေးဥပဒေကြမ်းထဲ ပြင်လိုကြောင်း တင်ပြထား သည့် ဥပဒေပုဒ်(၃)ခုမှယ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၊၅၉ (ဂ)နှင့်၂၀၁တို့ ဖြစ်ပြီး ယင်းဥပဒေပုဒ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေထဲ အရေးကြီးသည့် ပုဒ်မများဖြစ်ကြသည်။
ပုဒ်မ ၂၀၁ မှာမူ ကာ၊လုံ၏ အခန်းကဏ္ဍကို ဖော်ပြသည့် ပုဒ်မဖြစ်သည်။
ဦးစိုးသန်းနိုင်တင်ပြသည့် အတိုင်း အတည်ဖြစ်လာပါက တည်ငြိမ်ရေးနှင့်လုံခြုံရေးသာ ဆောင်ရွက်ရသည့် ကာလုံသည် ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးကဏ္ဍ အချင်းချင်း အပြန်အလှန် ထိန်းကျောင်း မှု ယိုယွင်းလာလ ျှင် လွှတ်တော်များအား ဖျက်သိမ်းရန် တပ်စိုးမိုးသည့် ကာလုံက အကြံပြုနိုင်သွားမည်ဖြစ်သည်။
ယင်းအပြင် သမ္မတကသာ ခေါ်ယူခွင့်ရှိသည့် ကာလုံကို လည်း အဖွဲ့ဝင် ၅ဦး က အဆိုပြုလ ျှင် ခေါ်ခွင့်ရှိသွားမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်က ခြေဥတစ်ခုလုံးကို လွှမ်းခြုံ ပြင်ဆင်ရန် လေ့လာစီစစ်ရေးပူးပေါင်းကော်မတီအဖွဲ့ကို အလွှာပေါင်းစုံပါဝင်မှုဖြင့် လုပ်ဆောင်နေချိန် တစ်ဖက်မှလည်း တပ်ကိုယ်စားလှယ်နှင့် ကြံ့ခိုင်ရေးအမတ်တို့က ခြေဥပြင်ရေးဥပဒေမူကြမ်းများကို ဆက်တိုက်တင်ခဲ့သည်မှာ ၅ခုအထိ ရှိခဲ့သည်။
ဦးစိုင်းသန်းနိုင်၏ ဥပဒေ ကြမ်းဆွေးနွေးစဉ် ကြံ့ခိုင်ရေး၊တပ်လွှတ်တော်ကိုယ်စားလှယ်အချို့ နှင့် NLD အမတ်အချို့ တို့၏ ဆွေးနွေးချက်အချို့ကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ် ခြင်းခံခဲ့ရသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List