Friday, December 13, 2019

ဘူးသီးတောင် NLD ဥက္ကဋ္ဌကို AA က ဖမ်းဆီးမှု အတည်ပြုပြီးနောက် ပါတီဝင်များအားလုံး ဓားစာခံ အဖြစ် အဖမ်းမခံရရေး လုံခြုံရေး သတိပေး

Image may contain: 1 person, closeupImage may contain: 1 person, closeup
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို AAက ဖမ်းဆီးခေါ်ဆောင်ထားကြေား အတည်ပြုပြီးနောက် NLD ပါတီဝင်များအားလုံး လုံခြုံရေး သတိပြုကြရန် သတိပေးတိုက်တွန်းကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းသည် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲပြုလုပ်ရန်အတွက် ဒီဇင်ဘာလ ၁၂ရက်နေ့ ပြင်ရှည်ရွာသို့သွားရောက်စဉ် လမ်းခရီးတွင် AAက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ AA က ဦးရဲသိန်းကို ဖမ်းဆီးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ ပြုလုပ်မည်ဖြစ်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ကျွန်တော်တို့အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ပြည်သူထဲကပြည်သူပဲဖြစ်တဲ့အတွက် လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့နယ်မြေတွေမှာ ဒီလိုပဲ လုံခြုံရေးပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အဖွဲ့ချုပ် အဖွဲ့ဝင်ကတော့ နိုင်ငံရေးသတိထားပြီးတော့ ဓားစာခံအဖြစ်ဖမ်းဆီးခြင်းမခံရစေဖို့ ကြိုးစားပြီးရှောင်ရှားဖို့ပဲ တိုက်တွန်းနိုင်ပါတယ်။ နောက်ပြောချင်တာကတော့ ကျွန်တော်တို့အဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာ တိုက်ပွဲရေးဝင် ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ Non Combatant personတွေ။ အဲဒီတော့ ဒီလိုပုဂ္ဂိုလ်မျိုးကို မေးစရာရှိလို့ဆိုပြီးတော့ လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသွားရင် သူ့တို့ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့် အခွင့်အရေးဆုံးရှုံးမယ့်အပြင် သူတို့ရဲ့ အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။ ဒီလိုစိုးရိမ်ပူပန်စိတ် ကြောက်လန့်ခြင်းအားဖြင့်တော့ နိုင်ငံရေးရည်မှန်းချက်တစ်ခုကို အောင်မြင်အောင် သူတို့ ဆောင်ရွက်နိုင်မယ်မဟုတ်ဘူးလို့ ကျွန်တော်တို့ကရှုမြင်ပါတယ်”ဟု ဦးမျိုးညွန့်ကပြောဆိုသည်။
AA က ရခိုင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၂ ဦးကို ဖမ်းဆီးထားပြီဖြစ်သော်လည်း ပါတီဝင်များအကြား စိုးရိမ်စိတ်ဖြစ်ပေါ်နိုင်သောကြောင့် တရားဝင် သတိပေးစာထုတ်ပြန်ရန် မရှိသေးဟု ၎င်းက ဆိုသည်။
ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင်အမှုဖွင့် လူပျောက်တိုင်ကြားချက်ဖွင့်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေးထားကြောင်း မိသားစုထံမှ သိရှိရသည်။
NLDပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ချင်းတိုင်းရင်းသား ဦးဝှေ့တင်းကို ကျောက်တော်မြို့နယ်၊ကုလားတန်မြစ်ကြောင်းအတွင်း ခရီးသွားလာနေစဉ် နိုဝင်ဘာလ ၃ ရက်နေ့က AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ ပြန်လည် လွှတ်ပေးခြင်းမရှိသေးပေ။
ဓာတ်ပုံ- ဦးရဲဝင်း (Photo Credit- Narinjara)၊ အမတ် ဦးဝှေ့တင်း
Khit Thit Media

No comments:

Post a Comment

My Blog List