Wednesday, December 18, 2019

မိုးကောင်းမြို့နယ်၌ KIA နှင့် ဆက်နွှယ်သူနှစ်ဦးကို ဖမ်းဆီးရမိ

Image may contain: one or more peopleImage may contain: one or more people and people standing

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ယခုလ ၁၅ ရက် နံနက်ပိုင်းကရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်၌ မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး တိမ်းမှောက်နေကြောင်း သိရှိရသဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်၍ စိစစ်ရာKIA နှင့် ဆက်နွှယ်သူ နှစ်ဦးဖြစ် ကြောင်းသိရှိရပြီး ဖမ်းဆီးရမိခဲ့သည်။

တိမ်းမှောက်သည့်ဆိုင်ကယ်ပေါ်တွင် စီးနင်းလိုက်ပါလာသူများမှာ မိုးကောင်းမြို့၊ လမ်းခွကျေးရွာနေသူများ ဖြစ်သည့် ဦးဂမ်ရှောင်(ဘ) ဦးနော်ဂျာ၊ ဦးခေါင်လွမ်း(ဘ) ဦးဇယ်ဟောင်နှင့် မိုးကောင်းမြို့နယ်၊ နတ်ကြီး ကုန်းရပ်ကွက်၊ ပျော်လင့်အုပ်စုနေ ဦးကရိုင်ဆန်အောင်(ဘ) ဦးကရိုင်ဘရန်တို့ဖြစ်ကြသည်။
၎င်းတို့သုံးဦးအား တာဝန်ရှိသူများက မသင်္ကာသဖြင့် စိစစ်ရှာဖွေရာ ၎င်းတို့ထံမှ လက်ထိပ်တစ်ခုတွေ့ရှိခဲ့ပြီး ဆက်လက်မေးမြန်းရာ ဦးဂမ်ရှောင်နှင့် ဦးခေါင်လွမ်းတို့နှစ်ဦးက ဦးကရိုင်ဆန်အောင်အား မှော်အတွင်းသို့ အလုပ်သွားမည်ဟုပြောကာခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် မူးယစ်ဆေးဝါး ပိတ်ပင်တားဆီးရေးအဖွဲ့ (တရားမဝင်အဖွဲ့)မှ ဖြစ်ကြောင်းနှင့် KIA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူများဖြစ်ကြောင်း သိရှိရသဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(Unicode)
မိုးကောင်းမြို့နယ်၌ KIA နှင့် ဆက်နွှယ်သူနှစ်ဦးကို ဖမ်းဆီးရမိ
……………………………………………………

နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ယခုလ ၁၅ ရက် နံနက်ပိုင်းကရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်၌ မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး တိမ်းမှောက်နေကြောင်း သိရှိရသဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်၍ စိစစ်ရာKIA နှင့် ဆက်နွှယ်သူ နှစ်ဦးဖြစ် ကြောင်းသိရှိရပြီး ဖမ်းဆီးရမိခဲ့သည်။
တိမ်းမှောက်သည့်ဆိုင်ကယ်ပေါ်တွင် စီးနင်းလိုက်ပါလာသူများမှာ မိုးကောင်းမြို့၊ လမ်းခွကျေးရွာနေသူများ ဖြစ်သည့် ဦးဂမ်ရှောင်(ဘ) ဦးနော်ဂျာ၊ ဦးခေါင်လွမ်း(ဘ) ဦးဇယ်ဟောင်နှင့် မိုးကောင်းမြို့နယ်၊ နတ်ကြီး ကုန်းရပ်ကွက်၊ ပျော်လင့်အုပ်စုနေ ဦးကရိုင်ဆန်အောင်(ဘ) ဦးကရိုင်ဘရန်တို့ဖြစ်ကြသည်။
၎င်းတို့သုံးဦးအား တာဝန်ရှိသူများက မသင်္ကာသဖြင့် စိစစ်ရှာဖွေရာ ၄င်းတို့ထံမှ လက်ထိပ်တစ်ခုတွေ့ရှိခဲ့ပြီး ဆက်လက်မေးမြန်းရာ ဦးဂမ်ရှောင်နှင့် ဦးခေါင်လွမ်းတို့နှစ်ဦးက ဦးကရိုင်ဆန်အောင်အား မှော်အတွင်းသို့ အလုပ်သွားမည်ဟုပြောကာခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး ၄င်းတို့နှစ်ဦးသည် မူးယစ်ဆေးဝါး ပိတ်ပင်တားဆီးရေးအဖွဲ့ (တရားမဝင်အဖွဲ့)မှ ဖြစ်ကြောင်းနှင့် KIA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူများဖြစ်ကြောင်း သိရှိရသဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#PeopleMedia

No comments:

Post a Comment

My Blog List