Thursday, December 19, 2019

ကင်းဝန်မင်းကြီး ကျောင်းတိုက်အတွင်းက မဘသဆိုင်းဘုတ်ကို ဖယ်ရှား

Image may contain: one or more people, people standing and outdoor
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်က ကင်းဝန်မင်းကြီး ကျောင်းတိုက်အတွင်း စိုက်ထူထားတဲ့ အမျိုးဘာသာ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ မဘသ ဆိုင်းဘုတ်တွေကို တိုင်းသံဃမဟာနာယကအဖွဲ့ရဲ့ အမိန့်နဲ့ မနေ့က ဖယ်ရှားလိုက်ပါတယ်။

ကင်းဝန်မင်းကြီး ကျောင်းတိုက်က မဘသ ဆရာတော် ဝီရတေဇော က မဘသအဖွဲ့အနေနဲ့ ဆိုင်းဘုတ်မရှိလည်း ရင်ထိုးတပ်ပြီး လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်၊ လှုပ်ရှားမှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူး၊ အကူအညီလာတောင်းရင် ဆောင်ရွက်ပေးဖို့ အသင့်ပါပဲ။
မဘသ ဆိုင်းဘုတ်တွေ ဖယ်ရှားခဲ့တာနဲ့ ပတ်သက်လို့ တိုင်းသာသနာရေး ဦးစီးမှူး ထံ RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
မဘသအဖွဲ့ဟာ တရားမဝင် အဖွဲ့အစည်းဖြစ်လို့ ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့နဲ့ မဘသ အမည်ကို ဆက်လက် အသုံးမပြုဖို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ၂၁၀၇ ခုနှစ် မေလမှာ ထုတ်ပြန်ခဲ့ပါတယ်။
အဖွဲ့ကို ဦးဆောင် တည်ထောင်သူတစ်ပါးဖြစ်တဲ့ ဆရာတော်ဝီရသူဟာလည်း လတ်တလောမှာ နိုင်ငံတော်အတိုင်ပင်ခံကို ပုတ်ခတ်စော်ကားမှုနဲ ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။
ဒီဆိုင်းဘုတ်တွေကို ကင်းဝန်မင်းကြီး ကျောင်းတိုက်အတွင်းမှာ ၂၁၀၄ ခုနှစ် နိုဝင်ဘာလက စတင်စိုက်ထူထားတာ ဖြစ်တယ်လို့ မဘသ အဖွဲ့ဝင် ဆရာတော်တွေထံကနေ သိရပါတယ်။
(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်။)
- Unicode
~~~~~~~~~~~~~~~
ကင်းဝန်မင်းကြီး ကျောင်းတိုက်အတွင်းက မဘသဆိုင်းဘုတ်ကို ဖယ်ရှား
~~~~~
■ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်က ကင်းဝန်မင်းကြီး ကျောင်းတိုက်အတွင်း စိုက်ထူထားတဲ့ အမျိုးဘာသာ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ မဘသ ဆိုင်းဘုတ်တွေကို တိုင်းသံဃမဟာနာယကအဖွဲ့ရဲ့ အမိန့်နဲ့ မနေ့က ဖယ်ရှားလိုက်ပါတယ်။
ကင်းဝန်မင်းကြီး ကျောင်းတိုက်က မဘသ ဆရာတော် ဝီရတေဇော က မဘသအဖွဲ့အနေနဲ့ ဆိုင်းဘုတ်မရှိလည်း ရင်ထိုးတပ်ပြီး လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်၊ လှုပ်ရှားမှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူး၊ အကူအညီလာတောင်းရင် ဆောင်ရွက်ပေးဖို့ အသင့်ပါပဲ။
မဘသ ဆိုင်းဘုတ်တွေ ဖယ်ရှားခဲ့တာနဲ့ ပတ်သက်လို့ တိုင်းသာသနာရေး ဦးစီးမှူး ထံ RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
မဘသအဖွဲ့ဟာ တရားမဝင် အဖွဲ့အစည်းဖြစ်လို့ ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့နဲ့ မဘသ အမည်ကို ဆက်လက် အသုံးမပြုဖို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ၂၁၀၇ ခုနှစ် မေလမှာ ထုတ်ပြန်ခဲ့ပါတယ်။
အဖွဲ့ကို ဦးဆောင် တည်ထောင်သူတစ်ပါးဖြစ်တဲ့ ဆရာတော်ဝီရသူဟာလည်း လတ်တလောမှာ နိုင်ငံတော်အတိုင်ပင်ခံကို ပုတ်ခတ်စော်ကားမှုနဲ ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။
ဒီဆိုင်းဘုတ်တွေကို ကင်းဝန်မင်းကြီး ကျောင်းတိုက်အတွင်းမှာ ၂၁၀၄ ခုနှစ် နိုဝင်ဘာလက စတင်စိုက်ထူထားတာ ဖြစ်တယ်လို့ မဘသ အဖွဲ့ဝင် ဆရာတော်တွေထံကနေ သိရပါတယ်။
(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်။)
- Zawgyi
~~~~~~~~~~~~~~~
ဓါတ်ပုံ - ဝီရတေဇော(ဝီရမျိုးဆက်သစ်)

No comments:

Post a Comment

My Blog List