Monday, December 16, 2019

အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌနှင့်လွွှတ်တော် ကိုယ်စား လှယ်များ၊ (Htoo Group Of Companies ) မှ တာဝန်ရှိသူများ ၊ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာ အကြီးအကဲမြား၊ လူမှုရေးအသငျးအဖှဲ့မြား၊ ဒသေခံပွညျသူမြားနှငျ့ ခရီးသှားပွညျသူမြား တကျ ရောကျကွသညျ။

ရှေးဦးစွာ အမျိုးသားကန်တော်ကြီးဥယျာဉ် ( ပြင်ဦးလွင်)၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို မီးရှူးမီးပန်းများဖြင့် ပစ်ဖျောက်လွှတ်တင်ကာ စတင်ဖွင့်လှစ်ပြီး တိုင်းဒေသကြီး -လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက (၁၄) ကြိမ်မြောက် ပန်းပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Htoo Group Of Companies ) မှ တာဝန်ရှိသူ တစ်ဦး က အမျိုးသား ကန်တော်ကြီးဥယျာဉ် ( ပြင်ဦးလွင် ) ၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော်အား ယခင်နှစ်များနှင့် မတူအောင် ပန်းအလှဆင်နည်းပညာများ၊ ပန်းစိုက်ပျိုးနည်းပညာများ ၊ ပန်းမျိုးများအကြောင်းကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အမျိုးသားကန်တော်ကြီးဥယျာဉ် ( ပြင်ဦးလွင် ) ၏ (၁၄) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး ပန်းအလှဆင် အကများဖြင့် အဖွဲ့လိုက် ကပြ ဖျော်ဖြေကြပြီး နိုင်ငံကျော်တေးသံရှင်များက ပွဲတော်လာ ပရိတ်သတ်များအား ဧည့်ခံဖျော်ဖြေ ခဲ့ကြောင်း သိရသည်။
Image may contain: one or more people, crowd and outdoor
Image may contain: one or more people, plant, grass, tree, flower, outdoor and nature
Image may contain: one or more people, sky, crowd, tree, outdoor and nature

ဇော်မျိုးထိုက် (ခရိုင်၊ ပြန်/ဆက်)

No comments:

Post a Comment

My Blog List