အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ငါးရက်ကြာသွားရောက်ပြီး ဇွန် ၁၄ရက်က ပြန်လည် ရောက်ရှိလာသည်။ ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး တရုတ်ပြည် ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်၌ တရုတ်သမ္မတ ရှီကျင်းဖျင်၊ တရုတ်နိုင်ငံကောင် ဆယ်လာ၊ နိုင်ငံတော်ပြည်သူ့ကွန်ကရက်အမြဲတန်းကော်မတီ ဒုဥက္ကဌ၊ တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးဖက်ဒရေးရှင်း ဥက္ကဌတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့တွေ့ဆုံကြသည်။
တရုတ်သမ္မတ ရှီကျင်းဖျင် နှင့် တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ရေရှည်အမြင်နှင့် မဟာဗျူဟာမြောက် မိတ်ဆွေကောင်းများအဖြစ် ဆက်လက်ထိန်းသိမ်းသွားမည်ဟု မျှော်လင့်ယုံကြည်ကြောင်း သမ္မတက ပြောကြားခဲ့သည်။
၎င်း၏ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ခြင်း မရှိသေးပေ။
တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန် ၁၄ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူးကြီး နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးတို့ လာရောက် ကြိုဆိုသည်ကို တွေ့ရပြီး ပါတီဝင်များ နှင့် ပြည်သူများက ကြိုဆိုခဲ့ကြသည်။
Mizzima - News in Burmese
No comments:
Post a Comment